




credit – Myanmarload

Unicode

ချစ်ဇနီးနဲ့သားလေးအပေါ်မှာ အရမ်းကြင်နာတတ်ပြီး ဘယ်နေရာပဲရောက်ရောက် အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်တဲ့ မြင့်မြတ်ရဲ့ဗီဒီယို

မင်းသားချော မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရယူထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ မြင့်မြတ်က ယောက်ျားပီသသူဖြစ်သလို ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ ဖော်ရွေတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် မြင့်မြတ်က သရုပ်ဆောင်ပိုင်းမှာ အပြစ်ပြောစရာမလိုလောက်အောင် အရည်အချင်းရှိပြီး ထူးချွန်တာကြောင့် လူကြီးလူငယ်မရွေး သူ့ကိုအားပေးနေကြတာပဲ ဖြစ်ပါတယ် ။

မြင့်မြတ်က စိတ်ရင်းကောင်းသူတစ်ယောက်ပီပီ အများအပေါ်မှာအမြဲကူညီတတ်ပြီး မိသားစုအပေါ်မှာလည်း အရမ်းဂရုစိုက်တတ်တာ ဖြစ်ပါတယ် ။ ချစ်ဇနီးနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ခဲ့တဲ့ မြင့်မြတ်က ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။ မြင့်မြတ်တို့မိသားစုလေးက ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေတာဖြစ်ပြီး တစ်ခါတလေမှာတော့ အပန်းဖြေခရီးလေးတွေ အတူထွက်လေ့ရှိကြတာ ဖြစ်ပါတယ် ။

အခုလည်း ပြီးခဲ့နှစ်ကဘန်ကောက်ကို ခရီးသွားခဲ့တဲ့ မြင့်မြတ်တို့မိသားစုရဲ့ကြည်နူးစရာကောင်းတဲ့မြင်ကွင်းဗီဒီယိုလေးတစ်ခုကို သူ့ရဲ့ချစ်တပည့်မြတ်ဝေထွန်းက Facebook Story မှာ ပြန်တင်ပေးထားတာ ဖြစ်ပါတယ် ။ သားနဲ့ဇနီးကိုအရမ်းကြင်နာတတ်တဲ့ မြင့်မြတ်ကတော့ ဘယ်နေရာပဲရောက်ရောက် အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်းဂရုစိုက်ပေးနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော မြင့်မြတ်တို့မိသားစုလေးရဲ့ချစ်စရာဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Myat Wai Tun

credit – Myanmarload

  • Leave a Comment

Categories