




credit – Myanmarload

Unicode

နှင်းကျတာကို ပထမဆုံးမြင်ဖူးလို့ သဘောတွေကျနေတဲ့ ချစ်သမီးလေးကိုချီရင်း မိသားစုလေးနဲ့အတူ နှင်းလေးတွေကြားမှာ ပျော်ရွှင်နေတဲ့ အောင်လအန်ဆန်

မြန်မာဂုဏ်ဆောင်အောင်လအန်ကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ လက်ဝှေ့အားကစားသမားတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဂုဏ်ကိုမြင့်တင်ပေးနေတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ အောင်လအန်ဆန်ကတော့ ချစ်စရာကောင်းတဲ့ သားလေးအောင်ဒီးနဲ့ သမီးလေးဆန့်ဆိုင်းတို့ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။

လက်ဝှေ့လေ့ကျင့်မှုတွေကိုလည်း ပုံမှန်ပြုလုပ်လျက်ရှိနေခဲ့တဲ့ အောင်လအန်ဆန်ကတော့ ယခုမှာ ချစ်ရတဲ့ သားသမီးလေးတွေကို အချိန်ပေးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုမှာ နှင်းကျတာကို ပထမဆုံးမြင်ဖူးလို့ သဘောတွေကျနေတဲ့ ချစ်သမီးလေးဆန့်ဆိုင်းကို ချီရင်း မိသားစုလေးနဲ့အတူ နှင်းလေးတွေကြားမှာ ပျော်ရွှင်နေခဲ့ပါတယ်။ အောင်လအန်ဆန်တို့ မိသားစုလေးရဲ့ ပြုံးပျော်ရွှင်နေတဲ့ ချစ်စရာပုံရိပ်လေးတွေဟာ မြင်ရသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ “For a man from Myanmar one day of snow is enough . San Seng got to experience snow for the first time and she loved it. “ဆိုပြီး ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လအန်ဆန်တို့မိသားစုလေးရဲ့ နှင်းလေးတွေကြားမှာ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : aung la nsang(burmese python)

credit – Myanmarload

  • Leave a Comment

Categories