




credit – Myanmarload

Unicode

သူမနဲ့အပြိုင် အရွယ်တင်ပြီးနုပျိုလှပနေတဲ့ (၈၇)နှစ်အရွယ်မေမေ့ရဲ့ အလှတရားပုံရိပ်တွေကို ထုတ်ပြလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

အကယ်ဒမီမင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် အနုပညာနယ်ပယ်ထဲမှာ ဝါရင့်သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင်ကောင်းရုံတင်မကဘဲ အသံပါရမီနဲ့ပါပြည့်စုံလို့ တေးသီချင်းလောကမှာလည်း အောင်မြင်ပါတယ်နော်။လက်ရှိအချိန်ထိလည်း ထွန်းအိန္ဒြာဗိုလ်က အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်ကာ သူမကိုချစ်တဲ့ပရိသတ်တွေ အားပေးရကျိုးနပ်အောင်လို့ အမြဲကြိုးစားနေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်က သာယာလှပတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းနဲ့ နေထိုင်နေတာဖြစ်ပါတယ်။သူမရဲ့တစ်ဦးတည်းသောသားလေး အောင်ဗိုလ်ကောင်းသန့်ကိုလည်း အနီးကပ်ဂရုစိုက်ပေးပြီး ဆယ်ကျော်သက်အရွယ်လေးမှာ လမ်းမှန်ကိုညွှန်ပြပေးနေတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံနှစ်ယောက်က သားသားလေးကို ဘက်စုံထူးချွန်သူတစ်‌ယောက်ဖြစ်အောင် နည်းစနစ်တကျသင်ကြားပေးပြီး နောက်ကနေ တကောက်ကောက်လိုက်နေကြတဲ့ မိဘနှစ်ပါးပဲဖြစ်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်ကတော့ သက်ရှိထင်ရှားရှိနေဆဲဖြစ်တဲ့ မိခင်ကိုလည်း အရမ်းဂရုစိုက်ပေးပြီး လိုအပ်သမျှကို ကိုယ်တိုင်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့ မေမေကလည်း အလှူအတန်းတွေအရမ်းလုပ်ပြီး စိတ်ထားပြည့်ဝလို့ အခုအရွယ်ထိတိုင် လှပနုပျိုနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်က အသက်(၈၇)နှစ်အရွယ်လို့ ထင်ရက်စရာမရှိလောက်အောင် ပါးရေနားရေအရမ်းမတွန့်ဘဲ ကြည်လင်းဝင်းပစွာနုပျိုနေတဲ့ မေမေ့ရဲ့ပုံရိပ်လေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:Htun Eaindra Bo

credit – Myanmarload

  • Leave a Comment

Categories