




credit – Myanmarload

Unicode

မင်္ဂလာဝတ်စုံလေးတွေဝတ်ဆင်ပြီးနတ်ဖက်တဲ့စုံတွဲလို့ထင်ရလောက်အောင်ကြည်နူးပြုံးပျော်နေကြတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲ

ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို အစွမ်းကုန် ကြိုးစားအားထုတ်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ သူမဟာ မော်ဒယ်လောကတွင်လည်း နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ရာမှာလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဘေဘီမောင်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိုမိုတိုးတက်အောင် လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမဟာ ချစ်ရသူလေး အဆိုတော် သား​ဂန်းနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းလေးကို အတူတကွ လျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။ အေးအတူ ပူအမျှပျော်ရွှင်စွာ နေထိုင်နေကြတာကြောင့်လည်း ပရိသတ်တွေအားလုံးက သူတို့အတွဲလေးကို ကြည့်ပြီး အားကျနေကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကိုလည်း အားလုံးက စောင့်ကြည့်အားပေးနေကြတာလည်း ဖြစ်ပါတယ်။

မနေ့ညကလည်း ဘေဘီမောင်နဲ့ သားဂန်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နတ်ဖက်တဲ့စုံတွဲလို့ထင်မှတ်မှားရလောက်အောင်မင်္ဂလာဝတ်စုံလေးဝတ်ဆင်ပြီးကြည်နူးပြုံးပျော်နေကြတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Wedding ကြော်ငြာလေးတစ်ခု ရိုက်ကူးနေတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thar Gan’s and Baby Maung

credit – Myanmarload

  • Leave a Comment

Categories