




credit – Myanmarload

Unicode

ဗိုက်ထဲကသားလေးပြုံးပြနေတဲ့ 4D Ultrasound ပုံလေးကိုကြည်နူးပီတိဖြစ်စွာထုတ်ပြလိုက်တဲ့ မေမေမိုးယုစံ

မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အခုချိန်ထိကို နုပျိုလှပနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားနေဆဲပဲ ဖြစ်ပါတယ်။ မိုးယုဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ရုံသာမက နှင်းဆီအငြိမ့်ပွဲတိုင်းမှာလည်း ပါဝင်ကပြဖျော်ဖြေခဲ့သူလည်း ဖြစ်ပါတယ်။ မိုးယုဟာ သားဦးလေးမွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ပုံမှန်လေးသာ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒုတိယသားရတနာလေးကို လွယ်ထားနေရပြီပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တာ 29 weeks ရှိနေပြီပဲ ဖြစ်ပြီး မကြာခင်မှာ လူ့လောကထဲသို့ ရောက်လာတော့မယ့် သားလေးအတွက် ရင်ခုန်စိတ်လှုပ်ရှားနေပြီပဲ ဖြစ်ပါတယ်။ သားလေးနဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေကိုလည်း အမြဲဝေမျှပေးလေ့ရှိပြီး မနေ့ညကလည်း မိုးယုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဗိုက်ထဲကသားလေးပြုံးပြနေတဲ့ ultrasound ပုံလေးကိုကြည်နူးပီတိဖြစ်စွာထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပရိသတ်တွေကလည်း ဒီပို့စ်အောက်မှာ ကြည်နူးစရာကောင်းတဲ့ ကွန်မန့်လေးတွေ ရေးသားထားကြတာလည်း ဖြစ်ပါတယ်။ မိုးယုကလည်း ” Baby လေးပြုံးနေတယ် 29weeks ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်လို့ရအောင် ဒီပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Moe Yu San

credit – Myanmarload

  • Leave a Comment

Categories