




credit – Myanmarload

Unicode

လှေကားပေါ်ကတောင် ထိုင်လျက်သားဆင်းရပြီး မနည်းထိန်းကာ လမ်းလျှောက်နေရတဲ့ သူ့ရဲ့အခြေအနေကိုပြသလိုက်တဲ့ မိုးအောင်ရင်ရဲ့ဗီဒီယို

မင်းသားချောလေး မိုးအောင်ရင်ကတော့ တည်ကြည်ခန့်ညားတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသလို ခန္ဓာကိုယ်အချိုးအစားကလည်း အင်မတန်ယောက်ျားပီသနေတာ ဖြစ်ပါတယ် ။ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို ပိုမိုရရှိထားတဲ့ မိုးအောင်ရင်က ဇာတ်ကားတွေအများအပြားရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အနုပညာလောကနဲ့ အချိန်အတော်ကြာဝေးကွာခဲ့တဲ့ မိုးအောင်ရင်က အခုဆိုရင် စိတ်သစ်လူသစ်နဲ့ အလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ် ။

မိုးအောင်ရင်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ် အရသာရှိတဲ့အသုပ်စုံကို ရောင်းချနေတာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မိုးအောင်ရင်က ယောက်ျားပီသတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ လေ့ကျင့်ခန်းတွေ ကြိုးစားပမ်းစား လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ အခုလည်း မိုးအောင်ရင်တစ်ယောက် ခန္ဓာကိုယ်အောက်ပိုင်းရှိခြေထောက်ကြွက်သားတွေ ကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ရင်း လမ်းတောင်မလျှောက်နိုင်အောင် ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

မိုးအောင်ရင်က “After Extreme Leg Day”ဆိုပြီး လှေကားပေါ်ကတောင် ထိုင်လျက်သားဆင်းနေရတဲ့ သူ့ရဲ့အခြေအနေကို ဗီဒီယိုဖိုင်လေးနဲ့ပြသလိုက်တာ ဖြစ်ပါတယ် ။ မိုးအောင်ရင်ကတော့ အပေါ်ကနေအောက်ကိုတောင် မနည်းကိုင်ဆင်းနေရပြီး ထိုင်ဖို့အတွက် တစ်လှမ်းချင်းစီ ဖြေးဖြေးသာသာလေးလျှောက်နေရတာပဲ ဖြစ်ပါတယ် ။ ကဲ GYM ဆော့ပြီး လမ်းမလျှောက်နိုင်ဖြစ်နေတဲ့ မိုးအောင်ရင်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Moe Aung Yin

credit – Myanmarload

  • Leave a Comment

Categories