




credit – Myanmarload

Unicode

မြေဧကပေါင်းများစွာကျယ်ဝန်းလှတဲ့မှော်ဘီကခြံကြီးကိုအပေါ်စီးကနေဗီဒီယိုရိုက်ကာပြသလိုက်တဲ့ သဇင်ထူးမြင့်

ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲတွင် ရွှေကြိုအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရာမှတစ်ဆင့် အနုပညာလောကထဲသို့ စတင်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ ကိုရီးယားမလေးလို ဖြူဖွေးဝင်းဥတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့်လည်း အားလုံးက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

သဇင်ထူးမြင့်ဟာ လတ်တလောမှာတော့ ကြော်ငြာပေါင်းများစွာကို လက်မလည်အောင် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အနုပညာလောကထဲသို့ ရောက်ရှိတာအချိန်ကာလ မကြာသေးပေမယ့်လည်း တစ်စထက်တစ် အောင်မြင်မှုတွေ ရရှိနေပြီပဲ ဖြစ်ပါတယ်။ အားလပ်ရက်များမှာလည်း သူငယ်ချင်းတွေနဲ့အတူ သူမရဲ့ မှော်ဘီကခြံလေးထဲမှာ သွားရောက် အပန်းဖြေလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သဇင်ထူးမြင့်ရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ဧကပေါင်းများစွာကျယ်ဝန်းလှတဲ့မှော်ဘီကခြံကြီးကိုအပေါ်စီးကနေဗီဒီယိုရိုက်ကာပြသလိုက်တာပဲ ဖြစ်ပါတယ်။ ခြံကြီးထဲမှာ သီးပင်စားပင်တွေများစွာကို စိုက်ပျိုးထားပြီး လျှောက်လှမ်းလေးတွေကိုလည်း မီးဆိုင်းလေးတွေနဲ့ အလှဆင်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thazin Htoo Myint

credit – Myanmarload

  • Leave a Comment

Categories