ဘဝမွာထင္မွတ္မထားခဲ့တဲ့ Suriprise လက္ေဆာင္ေလးရခဲ့လို႔ ဝမ္းသာေပ်ာ္႐ႊင္စြာ ေျပာျပလာခဲ့တဲ့ ထူးခန္႔ေက်ာ္

သ႐ုပ္ေဆာင္ ထူးခန္႔ေက်ာ္က အႏုပညာအလုပ္ေတြကို ဆယ္စုနီးပါးေလာက္ လုပ္ကိုင္လာခဲ့ၿပီး ေအာင္ျမင္လာခဲ့တဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း အႏုပညာအလုပ္ေတြကို ႀကိဳးႀကိဳးစားစား ဆက္တိုက္လုပ္ကိုင္ခဲ့သလို ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ပိုၿပီးရရွိလာခဲ့တာလည္း ေတြ႕ရပါတယ္။ လတ္တေလာမွာေတာ့ ထူးခန္႔ေက်ာ္က MRTV – 4 မွာ ထုတ္လႊင့္ျပသေနတဲ့ ” မမွီဝဲနဲ႔ကင္းေအာင္ေန ” ႐ုပ္သံဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

မၾကာေသးခင္ရက္ပိုင္းေလာက္ကလည္း ဒီဇာတ္လမ္းေလးကို အားေပးခ်စ္ခင္တဲ့ ပရိသတ္တစ္ေယာက္က သူ႔ရဲ႕ ေဗဒါ ဇာတ္ေကာင္ပုံေလးေတြနဲ႔ ကိတ္မုန္႔ လက္ေဆာင္ေပးခဲ့တာကို ေတြ႕ရပါတယ္။ ယခုမွာလည္း ခ်စ္တဲ့ပရိသတ္တစ္ေယာက္က ေဗဒါႀကီးအတြက္ တစ္ခါမွမရဖူးေသးတဲ့ Suriprise လက္ေဆာင္ေလးကို ရရွိလာခဲ့ပါတယ္။ ဒီလက္ေဆာင္ေလးကေတာ့ က်န္းမာေရးေကာင္းမြန္ေအာင္ အားကစားစက္ပစၥည္းတစ္စုံကို ရခဲ့တာျဖစ္ပါတယ္။

ထူးခန္႔ေက်ာ္က သူ႔ရဲ႕ လူမႈကြန္ယက္မွာ ဝမ္းသာပီတိျဖစ္ၿပီး ေက်းဇူးတင္စကားေျပာထားရာမွာလည္း “ဝိုးးးးးးးးေဗဒါႀကီးအတြက္ ကေတာ့ Amazingပါပဲဗ်ာ ေဗဒါႀကီးကိုက်န္းမာေရးေကာင္းေအာင္လို႔ဆိုၿပီး Surprise ျပဳလုပ္ေပးတဲ့အတြက္ကိုလည္း အထူးပင္ေက်းဇူးတင္ရွိပါတယ္ေနာ္…. မည္သူမည္ဝါမွန္းမသိရေပမဲ့ဒိထက္မကလႉႏိုင္ပါေစ တစ္ေန႔တျခားစီးပြားလာဘ္လာဘမ်ား ဒီေရလားသကဲ့သို႔ႀကီးပြားတိုးတက္၍ ကပ္ႀကီးသုံးပါးတို႔မွလည္းကင္းေဝးပါေစေနာ္ ကြၽန္ေတာ္အားရင္ဘတ္ထဲကအသိအမွတ္ျပဳေပးၾကေသာ ေက်းဇူးရွင္ပရိတ္သတ္အမ်ိဳးေတြအားလုံးကို အထူးအထူးပင္ေက်းဇူးတင္ရွိပါတယ္ေနာ္ အားလုံးက်န္းမာလို႔ခ်မ္းသာၾကပါေစ” ဆိုၿပီး ေရးသားေဖာ္ျပထားပါတယ္။

သတင္းအရင္းျမစ္: Source – Htoo Khant Kyaw

credit – Myanmarload

Unicode

ဘဝမှာထင်မှတ်မထားခဲ့တဲ့ Suriprise လက်ဆောင်လေးရခဲ့လို့ ဝမ်းသာပျော်ရွှင်စွာ ပြောပြလာခဲ့တဲ့ ထူးခန့်ကျော်

သရုပ်ဆောင် ထူးခန့်ကျော်က အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး အောင်မြင်လာခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို ကြိုးကြိုးစားစား ဆက်တိုက်လုပ်ကိုင်ခဲ့သလို ပရိသတ်တွေရဲ့ အချစ်တွေကို ပိုပြီးရရှိလာခဲ့တာလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ ထူးခန့်ကျော်က MRTV – 4 မှာ ထုတ်လွှင့်ပြသနေတဲ့ ” မမှီဝဲနဲ့ကင်းအောင်နေ ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

မကြာသေးခင်ရက်ပိုင်းလောက်ကလည်း ဒီဇာတ်လမ်းလေးကို အားပေးချစ်ခင်တဲ့ ပရိသတ်တစ်ယောက်က သူ့ရဲ့ ဗေဒါ ဇာတ်ကောင်ပုံလေးတွေနဲ့ ကိတ်မုန့် လက်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။ ယခုမှာလည်း ချစ်တဲ့ပရိသတ်တစ်ယောက်က ဗေဒါကြီးအတွက် တစ်ခါမှမရဖူးသေးတဲ့ Suriprise လက်ဆောင်လေးကို ရရှိလာခဲ့ပါတယ်။ ဒီလက်ဆောင်လေးကတော့ ကျန်းမာရေးကောင်းမွန်အောင် အားကစားစက်ပစ္စည်းတစ်စုံကို ရခဲ့တာဖြစ်ပါတယ်။

ထူးခန့်ကျော်က သူ့ရဲ့ လူမှုကွန်ယက်မှာ ဝမ်းသာပီတိဖြစ်ပြီး ကျေးဇူးတင်စကားပြောထားရာမှာလည်း “ဝိုးးးးးးးးဗေဒါကြီးအတွက် ကတော့ Amazingပါပဲဗျာ ဗေဒါကြီးကိုကျန်းမာရေးကောင်းအောင်လို့ဆိုပြီး Surprise ပြုလုပ်ပေးတဲ့အတွက်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…. မည်သူမည်ဝါမှန်းမသိရပေမဲ့ဒိထက်မကလှူနိုင်ပါစေ တစ်နေ့တခြားစီးပွားလာဘ်လာဘများ ဒီရေလားသကဲ့သို့ကြီးပွားတိုးတက်၍ ကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေးပါစေနော် ကျွန်တော်အားရင်ဘတ်ထဲကအသိအမှတ်ပြုပေးကြသော ကျေးဇူးရှင်ပရိတ်သတ်အမျိုးတွေအားလုံးကို အထူးအထူးပင်ကျေးဇူးတင်ရှိပါတယ်နော် အားလုံးကျန်းမာလို့ချမ်းသာကြပါစေ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

သတင်းအရင်းမြစ်: Source – Htoo Khant Kyaw

credit – Myanmarload

  • Leave a Comment

Categories