




credit – Myanmarload

Unicode

အားကိုးရတဲ့ တပည့်တွေကို တစ်ထောင်တွေအုပ်လိုက် ခရစ္စမတ်မုန့်ဖိုးရက်ရက်ရောရောပေးနေတဲ့ စမိုင်းလ်

မင်းသမီးချောလေး စမိုင်းလ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ပြီးပြည့်စုံပြီး သာယာတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျချစ်ခင်နေရတဲ့ ချစ်စရာမိသားစုလေးပါပဲ။

စမိုင်းလ်တို့မိသားစုလေးကို ပရိသတ်တွေက ချစ်ကြလို့ သူတို့ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး မကြာခဏလှူဒါန်းနေကြတာဖြစ်ပါတယ်။ဒီရက်ပိုင်းမှာလည်း အလှူအတန်းများစွာကိုနေရာစုံမှာ မျိုးစုံလှူဒါန်းနေတာလည်းတွေ့ရပါတယ်။

လတ်တလောမှာလည်း သူမအားကိုးအားထားရတဲ့ တပည့်တွေကို ခရစ္စမတ်မုန့်ဖိုးအနေနဲ့ တစ်ထောင်တွေအုပ်လိုက်ကိုရက်ရက်ရောရောပေးနေတဲ့ ပုံလေးတွေနဲ့အတူ ” အားကိုးရတဲ့ကျမရဲ့တပည့်များအတွက်ခရစ်စမတ်လက်ဆောင်မုန့်ဖိုးပေး” ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပျော်ရွှင်နေကြတာကြည့်ပြီး ကိုယ်ပါအပျော်တွေကူးစက်မိတာအမှန်ပါပဲနော် ။ နောက်လည်း ဒီထက်မကလှူဒါန်းနိုင်ပါစေ ဆုတောင်းပေးရင်း ပုံလေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

Source and Photo Credit : Smile

credit – Myanmarload

  • Leave a Comment

Categories