ေဖေဖနဲ႔ေမေမတို႔လုပ္ေပးထားတဲ့ ခရစၥမတ္အျပင္အဆင္ေလးေတြကို ကိုကိုႏွစ္ေယာက္နဲ႔အတူကစားၿပီး အရမ္းေပ်ာ္႐ႊင္ေနတဲ့ မစ္မစ္တုန္ေလး

ေတးသံရွင္Rဇာနည္ကေတာ့ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ကိုင္ေနဆဲျဖစ္ၿပီး သီခ်င္းအသစ္ေတြကိုလည္းဆက္လက္ဖန္တီးေနတာျဖစ္ပါတယ္။Rဇာနည္က The Voice Myanmarမွာလည္း နီနီခင္ေဇာ္၊YC၊က်ားေပါက္တို႔နဲ႔ လက္တြဲၿပီး ဒိုင္အျဖစ္ပါဝင္ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။Rဇာနည္ဟာဆိုရင္ တစ္ေခတ္တစ္ခါကတည္းက လူႀကီး၊လူငယ္မေ႐ြး ႀကိဳက္ႏွစ္သက္ၾကတဲ့ အဆိုေတာ္ျဖစ္ၿပီး ယေန႔အခ်ိန္ထိတိုင္ေအာင္လည္း ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈမ်ားစြာကို ရရွိပိုင္ဆိုင္ထားတာျဖစ္ပါတယ္ေနာ္။

Rဇာနည္က အလုပ္ေတြနဲ႔မအားလပ္ေပမယ့္လည္း မိသားစုကိုေတာ့ ေပ်ာ္႐ႊင္စရာေလးေတြအၿမဲဖန္တီးေပးတတ္တဲ့ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ျဖစ္ပါတယ္။Rဇာနည္ရဲ႕ သားသမီးသုံးေယာက္လုံးကလည္း ခ်စ္ေမြးအျပည့္ပါၾကတဲ့ကေလးေတြျဖစ္လို႔ လူခ်စ္လူခင္အရမ္းေပါၾကပါတယ္ေနာ္။Rဇာနည္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ကေတာ့ ကေလးေတြကို ေသခ်ာျပဳစုပ်ိဳးေထာင္ေပးၾကၿပီး မိဘေမတၱာေတြအျပည့္အဝေပးကာ သာယာလွပတဲ့မိသားစုေလးျဖစ္ေအာင္ တည္ေဆာက္ထားတာျဖစ္ပါတယ္။

Rဇာနည္တို႔က မိသားစုဝင္တိုင္းရဲ႕ အမွတ္တရေန႔ေလးေတြေရာက္ရင္လည္း သတိတရနဲ႔ပြဲေလးက်င္းပေပးတတ္တာျဖစ္ပါတယ္။အခုဆိုရင္လည္း ေပ်ာ္႐ႊင္စရာခရစၥမတ္ေန႔ေလးမွာ Rဇာနည္တို႔က ခရစၥမတ္သစ္ပင္ႀကီးနဲ႔ အလွဆင္ထားတာျဖစ္ပါတယ္။ဖစ္ဖစ္တုန္၊ခ်စ္ခ်စ္တုန္နဲ႔မစ္မစ္တုန္တို႔ ေမာင္ႏွမသုံးေယာက္ကလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေဆာ့ကစားေနၾကၿပီး အရမ္းခ်စ္ခင္ေနၾကတာျဖစ္ပါတယ္။Rဇာနည္တို႔သားစုေလးက အခ်ိန္တိုင္းၾကည္ႏူးစရာေတြနဲ႔ပဲျပည့္ႏွက္ေနလို႔ သူတို႔မိသားစုရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါရေစေနာ္။

Source and Photo Credit:Phit Phit Chit Chit Mhit Mhit

credit – Myanmarload

Unicode

ဖေဖေနဲ့မေမေတို့လုပ်ပေးထားတဲ့ ခရစ္စမတ်အပြင်အဆင်လေးတွေကို ကိုကိုနှစ်ယောက်နဲ့အတူကစားပြီး အရမ်းပျော်ရွှင်နေတဲ့ မစ်မစ်တုန်လေး

တေးသံရှင်Rဇာနည်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေဆဲဖြစ်ပြီး သီချင်းအသစ်တွေကိုလည်းဆက်လက်ဖန်တီးနေတာဖြစ်ပါတယ်။Rဇာနည်က The Voice Myanmarမှာလည်း နီနီခင်ဇော်၊YC၊ကျားပေါက်တို့နဲ့ လက်တွဲပြီး ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။Rဇာနည်ဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက လူကြီး၊လူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ အဆိုတော်ဖြစ်ပြီး ယနေ့အချိန်ထိတိုင်အောင်လည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။

Rဇာနည်က အလုပ်တွေနဲ့မအားလပ်ပေမယ့်လည်း မိသားစုကိုတော့ ပျော်ရွှင်စရာလေးတွေအမြဲဖန်တီးပေးတတ်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။Rဇာနည်ရဲ့ သားသမီးသုံးယောက်လုံးကလည်း ချစ်မွေးအပြည့်ပါကြတဲ့ကလေးတွေဖြစ်လို့ လူချစ်လူခင်အရမ်းပေါကြပါတယ်နော်။Rဇာနည်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ကလေးတွေကို သေချာပြုစုပျိုးထောင်ပေးကြပြီး မိဘမေတ္တာတွေအပြည့်အဝပေးကာ သာယာလှပတဲ့မိသားစုလေးဖြစ်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။

Rဇာနည်တို့က မိသားစုဝင်တိုင်းရဲ့ အမှတ်တရနေ့လေးတွေရောက်ရင်လည်း သတိတရနဲ့ပွဲလေးကျင်းပပေးတတ်တာဖြစ်ပါတယ်။အခုဆိုရင်လည်း ပျော်ရွှင်စရာခရစ္စမတ်နေ့လေးမှာ Rဇာနည်တို့က ခရစ္စမတ်သစ်ပင်ကြီးနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ဖစ်ဖစ်တုန်၊ချစ်ချစ်တုန်နဲ့မစ်မစ်တုန်တို့ မောင်နှမသုံးယောက်ကလည်း ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြပြီး အရမ်းချစ်ခင်နေကြတာဖြစ်ပါတယ်။Rဇာနည်တို့သားစုလေးက အချိန်တိုင်းကြည်နူးစရာတွေနဲ့ပဲပြည့်နှက်နေလို့ သူတို့မိသားစုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source and Photo Credit:Phit Phit Chit Chit Mhit Mhit

credit – Myanmarload

  • Leave a Comment

Categories