မိဘေတြမရွိေတာ့တဲ့သူမကို ခင္ပြန္းဘက္ကမိသားစုဝင္ေတြကပါခ်စ္ေပးလို႔ အရမ္းကိုၿပီးျပည့္စုံတဲ့ဘဝေလးရခဲ့ေၾကာင္း ေျပာျပလာတဲ့ဇင္ဇင္ေဇာ္ျမင့္

မင္းသမီးေခ်ာေလး ဇင္ဇင္ေဇာ္ျမင့္ကေတာ့ တစ္ေခတ္တစ္ခါကတည္းက အႏုပညာေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္ ။ ဇင္ဇင္ေဇာ္ျမင့္က ဇာတ္ကားေတြအမ်ားအျပား႐ိုက္ကူးၿပီး အႏုပညာအလုပ္ေတြကို လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္ ။ အခုခ်ိန္မွာေတာ့ ဇင္ဇင္ေဇာ္ျမင့္က ကိုယ္ပိုင္စီးပြားေရးကို အာ႐ုံစိုက္ၿပီး ႀကိဳးစားပမ္းစား လုပ္ကိုင္ေနတာ ျဖစ္ပါတယ္ ။ အိမ္ေထာင္က်ကံေကာင္းခဲ့တဲ့ ဇင္ဇင္ေဇာ္ျမင့္က သာယာခ်မ္းေျမ့တဲ့မိသားစုဘဝေလးတစ္ခုကို ပိုင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္ ။

အခုလည္း ဇင္ဇင္ေဇာ္ျမင့္က “မိသားစု..မိသားစုဆိုတဲ့စကားေလးက အရမ္း ေမေလးအတြက္ တန္ဖိုးထားျမတ္ႏိုးလြန္းရပါတယ္ .ေအာင္ျမင္ခ်ိန္ေပ်ာ္႐ႊင္ခ်ိန္ တင္မကပဲ က်ဆုံးခ်ိန္ အဆင္မေျပခ်ိန္ဖိအားမ်ားခ်ိန္ေတြမွာ ေမတၱာေတြေပးၿပီး ေအးအတူပူအမွ်ရင္ဆိုင္ၿပီး အားေပးၿပီး အတူရင္ဆိုင္ကာ အၿမဲအားေပးၿပီး အတူ အနစ္နာခံရွိေပးတာ မိသားစုပါ (၂၀၁၄)ကတည္းက ေမေလးရဲ႕သက္ရွိဘုရားအေမနဲ႔အေဖ ေရွ႕ေနာက္ဆုံးသြားခ်ိန္ကေရာ အဲ့အခ်ိန္မတိုင္ခင္ကတည္းကေရာ အၿမဲမိသားစုလို အေဖအရင္းလို ေမတၱာေတြေပးၿပီး ေစာင့္ေရွာက္ေပးခဲ့တာ ကိုခ်မ္းေဖေဖနဲ႔အမ့ပါ ေဖေဖက ေမေလးအတြက္ဘုရားေပးတဲ့ဆုလာဘ္ပါ .ဘယ္မိသားစုမဆို perfect ဆိုတာေတာ့မရွိပါဘူး . ေမေလးအတြက္ေတာ့perfect ပါပဲ”

“ေမေလးအတြက္ ဒီမိသားစုေလးက ဘုရားေပးတဲ့ဆုလာဘ္ပါ . ဒီေန႔မိသားစု ေဖေဖနဲ႔အမ့တို႔နဲ႔ ေမေလးတို႔အတူ ေန႔လည္စာစားၿပီး ထိုင္ကန္ေတာ့ခဲ့ပါတယ္ . မိသားစု အမွတ္တရပုံရိပ္လႊာေလး ဓာတ္ပုံေတြက စကားေျပာလို႔ အရမ္းတန္ဖိုးထားပါတယ္ရွင္ ေမေလး ခ်စ္ရသူေတြ တစ္ေယာက္ခ်င္းစီနဲ႔ ထမင္းလုတ္တိုင္းရဲ႕ေက်းဇူးရွင္ေတြလည္း က်န္းမာခ်မ္းသာ အနာေရာဂါ ကင္းေဝးစိတ္ခ်မ္းသာေပ်ာ္႐ႊင္ၿပီး လိုတိုင္းတရၿပီး ေကာင္းက်ိဳးလိုရာျပည့္ သာသနာျပဳႏိုင္ၿပီး နိဗၺာန္ေရာက္ေၾကာင္းအေထာက္အပံ့ ကုသိုလ္ထူးေတြျပဳႏိုင္ရၾကပါေစလို႔သစၥာျပဳပါတယ္ Love you All “ဆိုၿပီး ေရးသားေျပာျပထားတာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ဇင္ဇင္ေဇာ္ျမင့္တို႔မိသားစုရဲ႕ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source and Photo Credit-Zin Zin Zaw Myint

credit – Myanmarload

Unicode

မိဘတွေမရှိတော့တဲ့သူမကို ခင်ပွန်းဘက်ကမိသားစုဝင်တွေကပါချစ်ပေးလို့ အရမ်းကိုပြီးပြည့်စုံတဲ့ဘဝလေးရခဲ့ကြောင်း ပြောပြလာတဲ့ဇင်ဇင်ဇော်မြင့်

မင်းသမီးချောလေး ဇင်ဇင်ဇော်မြင့်ကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ဇင်ဇင်ဇော်မြင့်က ဇာတ်ကားတွေအများအပြားရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ ဇင်ဇင်ဇော်မြင့်က ကိုယ်ပိုင်စီးပွားရေးကို အာရုံစိုက်ပြီး ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အိမ်ထောင်ကျကံကောင်းခဲ့တဲ့ ဇင်ဇင်ဇော်မြင့်က သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ် ။

အခုလည်း ဇင်ဇင်ဇော်မြင့်က “မိသားစု..မိသားစုဆိုတဲ့စကားလေးက အရမ်း မေလေးအတွက် တန်ဖိုးထားမြတ်နိုးလွန်းရပါတယ် .အောင်မြင်ချိန်ပျော်ရွှင်ချိန် တင်မကပဲ ကျဆုံးချိန် အဆင်မပြေချိန်ဖိအားများချိန်တွေမှာ မေတ္တာတွေပေးပြီး အေးအတူပူအမျှရင်ဆိုင်ပြီး အားပေးပြီး အတူရင်ဆိုင်ကာ အမြဲအားပေးပြီး အတူ အနစ်နာခံရှိပေးတာ မိသားစုပါ (၂၀၁၄)ကတည်းက မေလေးရဲ့သက်ရှိဘုရားအမေနဲ့အဖေ ရှေ့နောက်ဆုံးသွားချိန်ကရော အဲ့အချိန်မတိုင်ခင်ကတည်းကရော အမြဲမိသားစုလို အဖေအရင်းလို မေတ္တာတွေပေးပြီး စောင့်ရှောက်ပေးခဲ့တာ ကိုချမ်းဖေဖေနဲ့အမ့ပါ ဖေဖေက မေလေးအတွက်ဘုရားပေးတဲ့ဆုလာဘ်ပါ .ဘယ်မိသားစုမဆို perfect ဆိုတာတော့မရှိပါဘူး . မေလေးအတွက်တော့perfect ပါပဲ”

“မေလေးအတွက် ဒီမိသားစုလေးက ဘုရားပေးတဲ့ဆုလာဘ်ပါ . ဒီနေ့မိသားစု ဖေဖေနဲ့အမ့တို့နဲ့ မေလေးတို့အတူ နေ့လည်စာစားပြီး ထိုင်ကန်တော့ခဲ့ပါတယ် . မိသားစု အမှတ်တရပုံရိပ်လွှာလေး ဓာတ်ပုံတွေက စကားပြောလို့ အရမ်းတန်ဖိုးထားပါတယ်ရှင် မေလေး ချစ်ရသူတွေ တစ်ယောက်ချင်းစီနဲ့ ထမင်းလုတ်တိုင်းရဲ့ကျေးဇူးရှင်တွေလည်း ကျန်းမာချမ်းသာ အနာရောဂါ ကင်းဝေးစိတ်ချမ်းသာပျော်ရွှင်ပြီး လိုတိုင်းတရပြီး ကောင်းကျိုးလိုရာပြည့် သာသနာပြုနိုင်ပြီး နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ ကုသိုလ်ထူးတွေပြုနိုင်ရကြပါစေလို့သစ္စာပြုပါတယ် Love you All “ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဇင်ဇင်ဇော်မြင့်တို့မိသားစုရဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Photo Credit-Zin Zin Zaw Myint

credit – Myanmarload

  • Leave a Comment

Categories