




credit – Myanmarload

Unicode

အသက်အရွယ်တွေကြီးလာပေမယ့် ငယ်ရုပ်လေးမပျောက်သွားသေးဘဲ ကလေးလေးလိုချစ်စရာ‌ကောင်း နေသေးတဲ့ ဝိုင်းစုခိုင်သိန်း

အဆိုတော်၊သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းကတော့ ဗီဒီယိုဇာတ်ကားတွေအများအပြားကိုလည်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဝိုင်းစုခိုင်သိန်းက အခုနောက်ပိုင်းမှာဆိုရင် ဇာတ်ကားတွေမရိုက်တော့ဘဲ တေးသီချင်းဘက်ကိုသာ တစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်လို့ သီချင်းအသစ်တွေလည်းများစွာထွက်ရှိထားပါတယ်နော်။ဝိုင်းစုကိုအားပေးကြတဲ့ပရိသတ်တွေကလည်း ထွက်သမျှသီချင်းတိုင်းကို နားထောင်ကြပြီး တစ်ခဲနက်ဝန်းရံပေးကြတာဖြစ်ပါတယ်။ဝိုင်းစုရဲ့ကြိုးစားမှုတွေက အလကားမဖြစ်သွားဘဲ FMတွေကချီးမြှင့်တဲ့ ဆုတွေလည်း မကြာခဏရရှိနေတာဖြစ်ပါတယ်နော်။

ဝိုင်းစုရဲ့ချစ်သူအောင်လကလည်း ချစ်သူလေးအောင်မြင်နေတာကိုကြည့်ပြီး ပီတိဖြစ်တဲ့အပြင် သီချင်း‌တွေလည်းကိုယ်တိုင်ရေးပေးကာ ဘေးကနေအစွမ်းကုန်ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်နော်။ဝိုင်းစုတို့ချစ်သူနှစ်ယောက်က အနုပညာအလုပ်တွေကိုလည်း အတူတူတွဲလုပ်ကြပြီး အေးအတူပူအမျှနဲ့ချစ်နေကြတာဖြစ်ပါတယ်။ဝိုင်းစုနဲ့အောင်လတို့ရဲ့ချစ်ခရီးလမ်းလေးက သာယာဖြောင့်ဖြူးပြီး အရမ်းအေးချမ်းလို့ ပရိသတ်တွေကလည်း အားကျနေကြတာဖြစ်ပါတယ်။

ဝိုင်းစုကတော့ အသက်အရွယ်တွေတဖြည်းဖြည်းကြီးလာပေမယ့်လည်း ငယ်ရုပ်လေးမပျောက်သွားသေးဘဲ အရမ်းချစ်ဖို့ကောင်းနေဆဲဖြစ်ပါတယ်။ဝိုင်းစုရဲ့မျက်နှာလေးက ချစ်မွေးအပြည့်လို့ “မျက်နှာမြင် ချစ်ခင်ပါစေ”ဆိုတဲ့ ဆုနဲ့ပြည့်စုံပါတယ်နော်။အခုဆိုရင်တော့ ဝိုင်းစုက ပရိသတ်တွေအံ့ဩသွားအောင်လို့ သူမရဲ့ငယ်ဘဝပုံလေးကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။မျက်နှာဝိုင်းဝိုင်းလေးက ဆွဲညှစ်ချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေလို့ ပရိသတ်ကြီးအတွက် ဝိုင်းစုရဲ့ပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source and Photo Credit:Wyne Su Khaing Thein

credit – Myanmarload

  • Leave a Comment

Categories