အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာ တစ္ခါမွမႀကဳံဖူးခဲ့တဲ့ ပရိသတ္တစ္ေယာက္ရဲ႕ Suriprise ေလးေၾကာင့္ အတိုင္းမသိဝမ္းသာေနတဲ့ ထူးခန္႔ေက်ာ္

သဘာဝမင္းသားႀကီးလို႔ အမ်ားကေခၚၾကတဲ့ ထူးခန္႔ေက်ာ္ကေတာ့ အႏုပညာအလုပ္ေတြကိုဆယ္စုႏွစ္ေလာက္ကတည္းက လုပ္ကိုင္လာခဲ့ၿပီး ေအာင္ျမင္မႈရရွိခဲ့သူပဲ ျဖစ္ပါတယ္။ ထူးခန္႔ေက်ာ္က ဗီဒီယို ဇာတ္ကားမ်ားစြာကို ပါဝင္႐ိုက္ကူးၿပီး ဘယ္လိုဇာတ္ေကာင္ေတြပဲ ျဖစ္ျဖစ္ သဘာဝက်က် ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ သူပဲ ျဖစ္ပါတယ္။ ယေန႔အခ်ိန္ထိလည္း အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္ေနတဲ့အျပင္ ျမန္မာ့တိုင္းရင္းေဆးကုသေနတဲ့ ဆရာတစ္ေယာက္အေနနဲ႔ပါလုပ္ကိုင္ေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ထူးခန္႔ေက်ာ္က လတ္တေလာ MRTV-4 မွာထုတ္လႊ႕င္ျပသေနတဲဲ့ ” မမွီဝဲနဲ႔ ကင္းေအာင္ေန ” ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေလးထဲမွာလည္း ပါဝင္ထားပါေသးတယ္။ ဒီဇာတ္လမ္းေလးကလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး သေဘာက်ေနၾကတဲ့ ဇာတ္လမ္းေကာင္းေလးပဲ ျဖစ္ပါတယ္။ ယခုမွာေတာ့ ထူးခန္႔ေက်ာ္က ဒီဇာတ္လမ္းေလးေၾကာင့္ ဘဝမွာ မေမွ်ာ္လင့္ခဲ့တဲ့ လက္ေဆာင္တစ္ခုကို ပရိသတ္ေတြရဲ႕ လုပ္ေပးခဲ့တာေၾကာင့္ ဝမ္းသားစြာနဲ႔ ျပန္လည္ေဖာ္ျပလာခဲ့ပါတယ္။

လက္ေဆာင္ေလးကေတာ့ သူ႔ရဲ႕ ပုံေလးေတြနဲ႔အတူ လွပတဲ့ ကိတ္မုန္႔ေလးျဖစ္ၿပီး ဒီကိတ္မုန္႔ေလးနဲ႔အတူ ထူးခန္႔ေက်ာ္က ေျပာျပထားရာမွာလည္း ” ယခုလိုေဗဒါႀကီးကိုခ်စ္ခင္ေပးလို႔ Surpriseလုပ္ေပးပါေသာ ညီမေလးအားအထူးပင္ေက်းဇူးတင္ရွိပါတယ္ေနာ္ ကြၽန္ေတာ္အႏုပညာသက္တမ္းတေလွ်ာက္မွာ အခုလိုမ်ိဳးရင္ဘတ္ထဲကအသိမွတ္ျပဳခံရျခင္းတစ္ခါမွမႀကဳံဖူးခဲ့ပါ ဒီကေန႔ ကြၽန္ေတာ္အရမ္းပီတိျဖစ္ခဲ့ရေလၿပီ မနက္ျဖန္ည၈နာရီ၃၀မိနစ္မွာLiveလႊင့္ၿပီးေက်းဇူးရွင္ပရိတ္သတ္အမ်ိဳးေတြနဲ႔ ကိတ္မုန္႔ေလးအတူတူခြဲၾကမယ္ေနာ္ အားလုံးက်န္းမာလို႔ခ်မ္းသာၾကပါေစ” ဆိုၿပီး ဝမ္းသာေပ်ာ္႐ႊင္စြာ ေရးသားေဖာ္ျပခဲ့ပါတယ္။

Source – Htoo Khant Kyaw

credit – Myanmarload

Unicode

အနုပညာသက်တမ်းတစ်လျှောက်မှာ တစ်ခါမှမကြုံဖူးခဲ့တဲ့ ပရိသတ်တစ်ယောက်ရဲ့ Suriprise လေးကြောင့် အတိုင်းမသိဝမ်းသာနေတဲ့ ထူးခန့်ကျော်

သဘာဝမင်းသားကြီးလို့ အများကခေါ်ကြတဲ့ ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေကိုဆယ်စုနှစ်လောက်ကတည်းက လုပ်ကိုင်လာခဲ့ပြီး အောင်မြင်မှုရရှိခဲ့သူပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်က ဗီဒီယို ဇာတ်ကားများစွာကို ပါဝင်ရိုက်ကူးပြီး ဘယ်လိုဇာတ်ကောင်တွေပဲ ဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့အပြင် မြန်မာ့တိုင်းရင်းဆေးကုသနေတဲ့ ဆရာတစ်ယောက်အနေနဲ့ပါလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထူးခန့်ကျော်က လတ်တလော MRTV-4 မှာထုတ်လွှ့င်ပြသနေတဲဲ့ ” မမှီဝဲနဲ့ ကင်းအောင်နေ ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း ပါဝင်ထားပါသေးတယ်။ ဒီဇာတ်လမ်းလေးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး သဘောကျနေကြတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ယခုမှာတော့ ထူးခန့်ကျော်က ဒီဇာတ်လမ်းလေးကြောင့် ဘဝမှာ မမျှော်လင့်ခဲ့တဲ့ လက်ဆောင်တစ်ခုကို ပရိသတ်တွေရဲ့ လုပ်ပေးခဲ့တာကြောင့် ဝမ်းသားစွာနဲ့ ပြန်လည်ဖော်ပြလာခဲ့ပါတယ်။

လက်ဆောင်လေးကတော့ သူ့ရဲ့ ပုံလေးတွေနဲ့အတူ လှပတဲ့ ကိတ်မုန့်လေးဖြစ်ပြီး ဒီကိတ်မုန့်လေးနဲ့အတူ ထူးခန့်ကျော်က ပြောပြထားရာမှာလည်း ” ယခုလိုဗေဒါကြီးကိုချစ်ခင်ပေးလို့ Surpriseလုပ်ပေးပါသော ညီမလေးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်နော် ကျွန်တော်အနုပညာသက်တမ်းတလျှောက်မှာ အခုလိုမျိုးရင်ဘတ်ထဲကအသိမှတ်ပြုခံရခြင်းတစ်ခါမှမကြုံဖူးခဲ့ပါ ဒီကနေ့ ကျွန်တော်အရမ်းပီတိဖြစ်ခဲ့ရလေပြီ မနက်ဖြန်ည၈နာရီ၃၀မိနစ်မှာLiveလွှင့်ပြီးကျေးဇူးရှင်ပရိတ်သတ်အမျိုးတွေနဲ့ ကိတ်မုန့်လေးအတူတူခွဲကြမယ်နော် အားလုံးကျန်းမာလို့ချမ်းသာကြပါစေ” ဆိုပြီး ဝမ်းသာပျော်ရွှင်စွာ ရေးသားဖော်ပြခဲ့ပါတယ်။

Source – Htoo Khant Kyaw

credit – Myanmarload

  • Leave a Comment

Categories