credit – Myanmarload
Unicode
ဝေဖန်မှုတွေနဲ့လူပြောများနေတဲ့ မြင့်မြတ်နဲ့ပက်သက်ပြီးသူသိတဲ့အတိုင်းပွင့်ပွင့်လင်းလင်း ပရိသတ်တွေကိုဖွင့်ချလိုက်တဲ့ ဇာနည်
ပရိသတ်ကြီးရေ…..မင်းသမီးချောကြည်လဲ့လဲ့ဦးနဲ့ မင်းသားချောဇာနည်တို့ဟာ တစ်ခေတ်တခါက အနုပညာလောကမှာအောင်မြင်မှုတွေ အခိုင်အမာရရှိခဲ့ကြတဲ့သူတွေပဲဖြစ်ပြီး သာယာချမ်းမြေ့တဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ထားကြတာဖြစ်ပါတယ်။ ဇာနည်တို့ဇနီးမောင်နှံဟာအခုလက်ရှိမှာဆိုရင် အစားအသောက်ရောင်းချနေကြတာဖြစ်ပြီး လက်ရာကောင်းလွန်းတာကြောင့် အားပေးမှုတွေအခိုင်အမာနဲ့ အောင်မြင်နေတာဖြစ်ပါတယ်။
ဇာနည်ဟာ အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်ခဲ့တာဖြစ်ပြီး တက်သစ်စအနုပညာရှင်လေးတွေအပေါ်မှာလည်း သင်ကြားပြသပေးတဲ့ စီနီယာကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ အခုဆိုရင်လည်း ဇာနည်ဟာ လတ်တလောကြုံတွေ့နေရတဲ့ မြင့်မြတ်ရဲ့ကိစ္စနဲ့ပက်သက်ပြီး ဖွင့်ချလာခဲ့တာဖြစ်ပါတယ်နော်…..။
မကြာသေးမီက ဇာနည်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “ညီလေးမြင့်မြတ် က
မိဘအပေါ်မပြောနဲ့ တစိမ်းတွေအပေါ်တောင် စိတ်ထားကောင်းနဲ့ ကူညီတတ်သူတစ်ယောက်ပါဗျာ…” ဆိုပြီး မြင့်မြတ်ရဲ့သူငယ်ချင်းတစ်ယောက်ဖြေရှင်းထားတဲ့ပို့စ်လေးကို ရှဲပြီးပြောပြလာခဲ့တာဖြစ်ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
သတင်းအရင်းမြစ်: Zarni Htay
credit – Myanmarload