Covid ေရာဂါနဲ႔ကြယ္လြန္သြားတဲ့ဦးဧရာအတြက္ေထာက္ပံ့ေငြကို ၿဖိဳးေငြစိုးကတစ္ဆင့္ က်န္ရစ္သူမိသားစုထံ ေပးအပ္ကူညီလိုက္တဲ့ ေနေ႐ႊေသြးေအာင္

မေန႔က မနက္ (၃)နာရီေက်ာ္ခန္႔မွာ ကြယ္လြန္သြားတဲ့ ဟာသသ႐ုပ္ေဆာင္၊ လူ႐ႊင္ေတာ္ကႀကီး ဦးဧရာရဲ႕နာေရးသတင္းကေတာ့ ၾကားသိရသူတိုင္းကို စိတ္မေကာင္းျဖစ္ေစခဲ့တာ ျဖစ္ပါတယ္ ။ ဦးဧရာက က်န္းမာေရးမေကာင္းတာေၾကာင့္ ေဆးကုသမႈအႀကိမ္ႀကိမ္ခံယူခဲ့တာေတာင္မွ ဘဝကို အရႈံးမေပးဘဲ ရပ္တည္ေနခဲ့သူတစ္ဦး ျဖစ္ပါတယ္ ။ ဒီတစ္ခါမွာေတာ့ ဦးဧရာတစ္ေယာက္ Covid 19 ေရာဂါဆိုးႀကီး ကူးစက္ခံစားခဲ့ရၿပီး ဘဝတစ္ပါးကိုေျပာင္းသြားခဲ့ရတာ ျဖစ္ပါတယ္ ။

ဦးဧရာရဲ႕သတင္းေၾကာင့္ အႏုပညာအသိုင္းအဝိုင္းတစ္ခုလုံးက စိတ္မေကာင္းျဖစ္ကာ ဝမ္းနည္းေၾကကြဲခဲ့ရတာ ျဖစ္ပါတယ္ ။ ေနေ႐ႊေသြးေအာင္အေနနဲ႔ကလည္း လူ႐ႊင္ေတာ္ႀကီးဦးဧရာအတြက္ က်န္ရစ္သူမိသားစုနဲ႔အတူ ထပ္တူထပ္မွ်ဝမ္းနည္းေနတာေၾကာင့္ သူတတ္ႏိုင္တဲ့ဘက္ကေန ကူညီေထာက္ပံ့ေပးလိုက္တာ ျဖစ္ပါတယ္ ။ ေနေ႐ႊေသြးေအာင္က သ႐ုပ္ေဆာင္မင္းသား ၿဖိဳးေငြစိုးရဲ႕အကူအညီကိုရယူၿပီး နာေရးကူေငြကို က်န္ရစ္တဲ့မိသားစုထံ ေပးအပ္ေစခဲ့တာ ျဖစ္ပါတယ္ ။

ေနေ႐ႊေသြးေအာင္က “ျပည္သူခ်စ္ေသာ ဟာသသ႐ုပ္ေဆာင္ဦးဧရာ Covid ေရာဂါျဖင့္ကြယ္လြန္သြားသည့္အတြက္ မိသားစုႏွင္ထပ္တူဝမ္းနည္းရပါသည္။ ကိုၿဖိဳးေငြစိုးထံမွတစ္ဆင့္လည္း က်စ္ရစ္သူမိသားစုထံကူညီေထာက္ပံ့ခဲ့ပါသည္။ အန္ကယ္ဦးဧရာ ေကာင္းရာသုဂတိလားပါေစ ” ဆိုၿပီး ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္ ။ မေန႔ကပဲ ကြယ္လြန္သြားတဲ့ လူ႐ႊင္ေတာ္ႀကီးဦးဧရာအတြက္ ေနေ႐ႊေသြးေအာင္ကူညီတဲ့ ေထာက္ပံ့ေငြကို က်န္ရစ္သူမိသားစုထံ သြားေရာက္ေပးအပ္ခဲ့တဲ့ ၿဖိဳးေငြစိုးရဲ႕ပုံရိပ္ကိုလည္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Photo Credit-Nay Shwe Thway Aung

credit – Myanmarload

Unicode

Covid ရောဂါနဲ့ကွယ်လွန်သွားတဲ့ဦးဧရာအတွက်ထောက်ပံ့ငွေကို ဖြိုးငွေစိုးကတစ်ဆင့် ကျန်ရစ်သူမိသားစုထံ ပေးအပ်ကူညီလိုက်တဲ့ နေရွှေသွေးအောင်

မနေ့က မနက် (၃)နာရီကျော်ခန့်မှာ ကွယ်လွန်သွားတဲ့ ဟာသသရုပ်ဆောင်၊ လူရွှင်တော်ကကြီး ဦးဧရာရဲ့နာရေးသတင်းကတော့ ကြားသိရသူတိုင်းကို စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဦးဧရာက ကျန်းမာရေးမကောင်းတာကြောင့် ဆေးကုသမှုအကြိမ်ကြိမ်ခံယူခဲ့တာတောင်မှ ဘဝကို အရှုံးမပေးဘဲ ရပ်တည်နေခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ ဦးဧရာတစ်ယောက် Covid 19 ရောဂါဆိုးကြီး ကူးစက်ခံစားခဲ့ရပြီး ဘဝတစ်ပါးကိုပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ် ။

ဦးဧရာရဲ့သတင်းကြောင့် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းကြေကွဲခဲ့ရတာ ဖြစ်ပါတယ် ။ နေရွှေသွေးအောင်အနေနဲ့ကလည်း လူရွှင်တော်ကြီးဦးဧရာအတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းနေတာကြောင့် သူတတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးလိုက်တာ ဖြစ်ပါတယ် ။ နေရွှေသွေးအောင်က သရုပ်ဆောင်မင်းသား ဖြိုးငွေစိုးရဲ့အကူအညီကိုရယူပြီး နာရေးကူငွေကို ကျန်ရစ်တဲ့မိသားစုထံ ပေးအပ်စေခဲ့တာ ဖြစ်ပါတယ် ။

နေရွှေသွေးအောင်က “ပြည်သူချစ်သော ဟာသသရုပ်ဆောင်ဦးဧရာ Covid ရောဂါဖြင့်ကွယ်လွန်သွားသည့်အတွက် မိသားစုနှင်ထပ်တူဝမ်းနည်းရပါသည်။ ကိုဖြိုးငွေစိုးထံမှတစ်ဆင့်လည်း ကျစ်ရစ်သူမိသားစုထံကူညီထောက်ပံ့ခဲ့ပါသည်။ အန်ကယ်ဦးဧရာ ကောင်းရာသုဂတိလားပါစေ ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ မနေ့ကပဲ ကွယ်လွန်သွားတဲ့ လူရွှင်တော်ကြီးဦးဧရာအတွက် နေရွှေသွေးအောင်ကူညီတဲ့ ထောက်ပံ့ငွေကို ကျန်ရစ်သူမိသားစုထံ သွားရောက်ပေးအပ်ခဲ့တဲ့ ဖြိုးငွေစိုးရဲ့ပုံရိပ်ကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Nay Shwe Thway Aung

credit – Myanmarload

  • Leave a Comment

Categories