ေစ့စပ္လက္စြပ္၊လက္ထပ္လက္စြပ္တို႔ မဝတ္ၾကေတာ့ေပမယ့္ အိမ္ေထာင္သက္(၈)ႏွစ္အထိ ခ်စ္ခင္ၾကင္နာေနၾကတဲ့ ေျပဇင္တို႔ဇနီးေမာင္ႏွံ

ပရိသတ္ႀကီးေရ မင္းသားေခ်ာေျပဇင္ကေတာ့ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ရင္း ကိုယ္ပိုင္စီးပြားေရးေလးကိုလည္း တိုးတက္ေအာင္ႀကိဳးစားေနတာျဖစ္ပါတယ္။ေျပဇင္က သူ႔ရဲ႕ကိုယ္ပိုင္မိသားစုေလးကို လိုေလေသးမရွိေအာင္ထားေပးၿပီး အၿမဲစိတ္ခ်မ္းသာမႈေတြပဲေပးတာျဖစ္ပါတယ္။ေျပဇင္တို႔ဇနီးေမာင္ႏွံဟာဆိုရင္ သားေလးအခုအ႐ြယ္ေရာက္တဲ့အထိ ခ်စ္ခ်စ္ခင္ခင္၊ၾကင္ၾကင္နာနာနဲ႔ ေနထိုင္ေနၾကတာျဖစ္ပါတယ္။ေျပဇင္ကေတာ့ ခ်စ္ဇနီးေလးနဲ႔အိမ္ေထာင္သက္(၈)ႏွစ္ျပည့္သြားလို႔ အမွတ္တရေတြကို ေအာက္ပါအတိုင္းေရးဖြဲ႕ထားတာျဖစ္ပါတယ္ေနာ္။

ေျပဇင္ကေတာ့ “ဒီေန႔ အိမ္ေထာင္က်တာ ၈ႏွစ္တိတိျပည့္တယ္။တစ္အိမ္ထဲမွာပဲ ႏွစ္ေယာက္သား ခ်စ္ခ်စ္ခင္ခင္ၾကင္ၾကင္နာနာပါပဲ။”သူၾကင္မွ ကိုယ္ၾကင္”ဆိုသလိုေပါ့ ႏွစ္ေယာက္သား ၾကင္ ေနၾကတုန္း…ေစ့စပ္လက္စြပ္တို႔ လက္ထပ္လက္စြပ္တို႔ေတာ့ မဝတ္ျဖစ္ၾကေတာ့ဘူး။သားေတာ္ေမာင္က အသိသက္ေသပဲ။၂၀၁၂အိမ္ေထာင္ျပဳတဲ့အခ်ိန္က ကြၽန္ေတာ့္မွာဘာမွမရွိခဲ့ဘူး။အထူးသျဖင့္ အေဖနဲ႔အေမ ရွိမေနေတာ့ဘူး။မ်က္ႏွာငယ္ရသလားဆိုေတာ့ နည္းနည္းေတာ့ ငယ္ရတာေပါ့။

မိဘမရွိတဲ့အျပင္ ပိုက္ဆံလည္းမရွိခဲ့ဘူး။ပိုက္ဆံမရွိတဲ့အျပင္ အလုပ္လည္းမရွိခဲ့ဘူး။ေဆြမ်ိဳးအသိုင္းအဝိုင္းနဲ႔သူငယ္ခ်င္းေတြေတာ့ရွိတာေပါ့။တာေမြမွာတိုက္ခန္းေလးငွားေနၾကတယ္။ပ႐ိုေဘာက္ကားေလး ငွားစီးၾကတယ္။ဂရမ္းအျပာေပၚကာစ ညဘက္ေတြဆို ျပာျပာမႈန္ရီ သီခ်င္းေအာ္ဆိုၾကတယ္။တစ္ခ်ိဳ႕ညေတြဆို ၁၆၆လမ္းထဲက လျပည့္ဝန္းမွာနဲ႔၁၆၄လမ္းထိပ္က ေကာင္းမြန္သန္႔ မွာ တိတ္တိတ္ေလးႏွစ္ေယာက္တည္း တီးတိုးၾကတယ္။ငွါးေနတဲ့တိုက္ခန္းက က်ဥ္းေပမယ့္ ကြၽန္ေတာ္တို႔အတြက္ စၾကၤာဝဠာပဲ။အာကာသထဲ လူးရင္းလွိမ့္ရင္း သားကိုယ္ဝန္ရတယ္။

၂၀၁၄ သားကိုေမြးေတာ့ ေအာင္ရတနာမွာ…သားနာမည္က “ဂရမ္းျပာ” “လျပည့္ဝန္း” “ေကာင္းမြန္သန္႔” “ေအာင္ရတနာ” တစ္ခုမွျဖစ္မလာခဲ့ဘူး။ကြၽန္ေတာ္ကိုယ္တိုင္ “သစ္ေႏြ”လို႔ေပးခဲ့တယ္။ဧၿပီမွာသားကိုေမြးတယ္။ဧၿပီမွာပဲ ကိုယ္ပိုင္အိမ္သစ္နဲ႔ေနႏိုင္ခဲ့တယ္။အဘိုး၊အေဖပိုင္ဆိုင္တဲ့ ၿခံေရာင္းရေတာ့ အေမြအခ်ိဳ႕ရလို႔ပါ။ပိုက္ဆံမရွာရေကာင္းလား ဆိုၿပီး ဒီေန႔ဒီအခ်ိန္ထိ မိန္းမလုပ္သူဟာ ကြၽန္ေတာ့္အေပၚ မၿငိဳျငင္ခဲ့ဘူး။ရွိရင္ရွိသလို မရွိရင္မရွိသလို ေပ်ာ္႐ႊင္ခဲ့ၾကတယ္။ခုလည္းေပ်ာ္ေပ်ာ္ေနၾကတယ္။

ေနာက္လည္းေပ်ာ္ေပ်ာ္ေနၾကမယ္လို႔ ညတိုင္းေျပာျဖစ္တယ္။သား ၁၈ႏွစ္ျပည့္ရင္ လင္မယားႏွစ္ေယာက္တည္း ျပန္ေနၾကမယ္လို႔ စိတ္ကူးယဥ္ျဖစ္တယ္။ဒီေန႔ဒီအခ်ိန္ထိ ဟိုေယာင္ေယာင္ဒီေယာင္ေယာင္ကြၽန္ေတာ့္ကို ခ်စ္ေပးေနလို႔ မိန္းမကိုေက်းဇူးတင္ရတယ္။မိန္းမကို ခ်စ္တယ္။သားကို ခ်စ္တယ္။ဒီ့ထက္မပိုဘူး။ပင္လယ္သြားလို႔ရၿပီဆိုရင္ သြားခ်င္တယ္။”ဆိုၿပီး အမွတ္တရေတြကို ေရးသားမွ်ေဝလာခဲ့တာျဖစ္ပါတယ္ေနာ္။

Source and Photo Credit:Pyay Zin

credit – Myanmarload

Unicode

စေ့စပ်လက်စွပ်၊လက်ထပ်လက်စွပ်တို့ မဝတ်ကြတော့ပေမယ့် အိမ်ထောင်သက်(၈)နှစ်အထိ ချစ်ခင်ကြင်နာနေကြတဲ့ ပြေဇင်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ မင်းသားချောပြေဇင်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း ကိုယ်ပိုင်စီးပွားရေးလေးကိုလည်း တိုးတက်အောင်ကြိုးစားနေတာဖြစ်ပါတယ်။ပြေဇင်က သူ့ရဲ့ကိုယ်ပိုင်မိသားစုလေးကို လိုလေသေးမရှိအောင်ထားပေးပြီး အမြဲစိတ်ချမ်းသာမှုတွေပဲပေးတာဖြစ်ပါတယ်။ပြေဇင်တို့ဇနီးမောင်နှံဟာဆိုရင် သားလေးအခုအရွယ်ရောက်တဲ့အထိ ချစ်ချစ်ခင်ခင်၊ကြင်ကြင်နာနာနဲ့ နေထိုင်နေကြတာဖြစ်ပါတယ်။ပြေဇင်ကတော့ ချစ်ဇနီးလေးနဲ့အိမ်ထောင်သက်(၈)နှစ်ပြည့်သွားလို့ အမှတ်တရတွေကို အောက်ပါအတိုင်းရေးဖွဲ့ထားတာဖြစ်ပါတယ်နော်။

ပြေဇင်ကတော့ “ဒီနေ့ အိမ်ထောင်ကျတာ ၈နှစ်တိတိပြည့်တယ်။တစ်အိမ်ထဲမှာပဲ နှစ်ယောက်သား ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာပါပဲ။”သူကြင်မှ ကိုယ်ကြင်”ဆိုသလိုပေါ့ နှစ်ယောက်သား ကြင် နေကြတုန်း…စေ့စပ်လက်စွပ်တို့ လက်ထပ်လက်စွပ်တို့တော့ မဝတ်ဖြစ်ကြတော့ဘူး။သားတော်မောင်က အသိသက်သေပဲ။၂၀၁၂အိမ်ထောင်ပြုတဲ့အချိန်က ကျွန်တော့်မှာဘာမှမရှိခဲ့ဘူး။အထူးသဖြင့် အဖေနဲ့အမေ ရှိမနေတော့ဘူး။မျက်နှာငယ်ရသလားဆိုတော့ နည်းနည်းတော့ ငယ်ရတာပေါ့။

မိဘမရှိတဲ့အပြင် ပိုက်ဆံလည်းမရှိခဲ့ဘူး။ပိုက်ဆံမရှိတဲ့အပြင် အလုပ်လည်းမရှိခဲ့ဘူး။ဆွေမျိုးအသိုင်းအဝိုင်းနဲ့သူငယ်ချင်းတွေတော့ရှိတာပေါ့။တာမွေမှာတိုက်ခန်းလေးငှားနေကြတယ်။ပရိုဘောက်ကားလေး ငှားစီးကြတယ်။ဂရမ်းအပြာပေါ်ကာစ ညဘက်တွေဆို ပြာပြာမှုန်ရီ သီချင်းအော်ဆိုကြတယ်။တစ်ချို့ညတွေဆို ၁၆၆လမ်းထဲက လပြည့်ဝန်းမှာနဲ့၁၆၄လမ်းထိပ်က ကောင်းမွန်သန့် မှာ တိတ်တိတ်လေးနှစ်ယောက်တည်း တီးတိုးကြတယ်။ငှါးနေတဲ့တိုက်ခန်းက ကျဉ်းပေမယ့် ကျွန်တော်တို့အတွက် စင်္ကြာဝဠာပဲ။အာကာသထဲ လူးရင်းလှိမ့်ရင်း သားကိုယ်ဝန်ရတယ်။

၂၀၁၄ သားကိုမွေးတော့ အောင်ရတနာမှာ…သားနာမည်က “ဂရမ်းပြာ” “လပြည့်ဝန်း” “ကောင်းမွန်သန့်” “အောင်ရတနာ” တစ်ခုမှဖြစ်မလာခဲ့ဘူး။ကျွန်တော်ကိုယ်တိုင် “သစ်နွေ”လို့ပေးခဲ့တယ်။ဧပြီမှာသားကိုမွေးတယ်။ဧပြီမှာပဲ ကိုယ်ပိုင်အိမ်သစ်နဲ့နေနိုင်ခဲ့တယ်။အဘိုး၊အဖေပိုင်ဆိုင်တဲ့ ခြံရောင်းရတော့ အမွေအချို့ရလို့ပါ။ပိုက်ဆံမရှာရကောင်းလား ဆိုပြီး ဒီနေ့ဒီအချိန်ထိ မိန်းမလုပ်သူဟာ ကျွန်တော့်အပေါ် မငြိုငြင်ခဲ့ဘူး။ရှိရင်ရှိသလို မရှိရင်မရှိသလို ပျော်ရွှင်ခဲ့ကြတယ်။ခုလည်းပျော်ပျော်နေကြတယ်။

နောက်လည်းပျော်ပျော်နေကြမယ်လို့ ညတိုင်းပြောဖြစ်တယ်။သား ၁၈နှစ်ပြည့်ရင် လင်မယားနှစ်ယောက်တည်း ပြန်နေကြမယ်လို့ စိတ်ကူးယဉ်ဖြစ်တယ်။ဒီနေ့ဒီအချိန်ထိ ဟိုယောင်ယောင်ဒီယောင်ယောင်ကျွန်တော့်ကို ချစ်ပေးနေလို့ မိန်းမကိုကျေးဇူးတင်ရတယ်။မိန်းမကို ချစ်တယ်။သားကို ချစ်တယ်။ဒီ့ထက်မပိုဘူး။ပင်လယ်သွားလို့ရပြီဆိုရင် သွားချင်တယ်။”ဆိုပြီး အမှတ်တရတွေကို ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:Pyay Zin

credit – Myanmarload

  • Leave a Comment

Categories