သားေလးႀကီးလာရင္ဖတ္ဖို႔အတြက္ သူမရဲ႕ အေတြ႕အႀကဳံနဲ႔ ျဖစ္ေစခ်င္တဲ့ ခံယူခ်က္ေတြကို ေရးသားထားတဲ့ စာေလးကို ေဖာ္ျပလာခဲ့တဲ့ ပိုးအိအိခန္႔

ပရိသတ္ႀကီးေရ ျမန္မာ့ဂုဏ္ေဆာင္ တိုက္စစ္မႉးကစားသမား ေအာင္သူနဲ႔ မင္းသမီးေခ်ာေလး ပိုးအိအိခန္႔ တို႔က သာယာေပ်ာ္႐ႊင္တဲ့ မိသားစုေလးကို တည္ေဆာက္ထားၿပီး ေအးခ်မ္းစြာေနထိုင္ေနတဲ့ ျပည္သူ႔အခ်စ္ေတာ္ေတြပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ ပါးေဖာင္းေဖာင္းေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ သားေလးကို ပိုင္ဆိုင္ထားၿပီး ယေန႔မွာဆိုရင္ သားေလးေမြးလာတာဟာ ၁ႏွစ္နဲ႔ ၅လျပည့္ရွိလာခဲ့ၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္သူမရဲ႕ သားေလး အသက္၁ႏွစ္နဲ႔ ၅လျပည့္သြားတာေၾကာင့္ ပိုးအိအိခန္႔က ႀကီးလာရင္ သားေလးဖတ္ဖို႔အတြက္ မိဘေမတၱာရဲ႕ ရင္တြင္းခံစားခ်က္ေတြနဲ႔ ေရးသားထားတဲ့ စာေလးေဖာ္ျပလာခဲ့ပါတယ္။

” သားေလးေရ……ဒီစာေလးက 19.12.2020 မွာ အသက္ ၁ ႏွစ္၅လျပည့္သြားၿပီျဖစ္တဲ့ ေမေမ့ သားေလးအတြက္ သားေလးႀကီးလာရင္ ဖတ္ဖို႔ ေမေမေရးထားတဲ့ စာပါ ……ေမေမ့ စိတ္ ေမေမ့အေတြ႕အႀကဳံ ေမေမ့ ခံယူခ်က္ေတြကို ထည့္ေရးထားတဲ့ စာေတြဆိုလည္း မမွားပါဘူး…သားေလးေရ ဒီကမာၻေလာကႀကီးမွာ လူရယ္လို႔ ျဖစ္လာၿပီဆိုရင္ ဘက္ ၂ ဘက္ကို ၾကည့္တတ္ေအာင္ ႀကိဳးစားပါ ဘက္ ၂ ဘက္ ဆိုတာ သူ႔ဘက္ နဲ႔ ကိုယ့္ဘက္ကို ေျပာတာပါ…..ကိုယ္ခံစားရတာပဲ ၾကည့္တတ္သူဆိုရင္ သားေလးလူျဖစ္ရႈံးမွာေပါ့သားရယ္……ကိုယ္ခံစားရတာလည္း ၾကည့္သလို သူေရာ ခံစားရလားဆိုတာပါ ထည့္စဥ္းစားေပးမွ သားေလးလူေကာင္းတစ္ေယာက္ျဖစ္မွာေပါ့သားရယ္….

သားေလးေရ….

ဘဝ မွာ အတတ္ႏိုင္ဆုံး ေပးႏိုင္တဲ့သူျဖစ္ေအာင္သာ ႀကိဳးစားပါ ….ေပးတဲ့သူရဲ႕လက္ နဲ႔ ယူတဲ့သူရဲ႕ လက္မွာ အဓိပၸါယ္ေတြ ပီတိေတြ အမ်ားႀကီး ကြာတာမို႔… ဒါကို ေမေမ အက်ယ္ တဝံ့မရွင္းျပေတာ့ဘူးေနာ္ ဘာျဖစ္လို႔လည္း ဆိုေတာ့ ေမေမ ေျပာသလိုသာ ေပးတဲ့လက္တစ္စုံျဖစ္ေအာင္ သားေလးႀကိဳးစားခဲ့လို႔ ေပးႏိုင္တဲ့လက္တစ္စုံျဖစ္ခဲ့ရင္ ေပးဆပ္ရျခင္းရဲ႕ ပီတိကို သားေလးကိုယ္တိုင္ခံစားမိမွာ ေမေမ ယုံၾကည္ပါတယ္….

သားေလးေရ….ေယာက်ာ္းေကာင္းဆိုတာ အရာရာ အဘက္ဘက္ကို မွ်တစြာ ေနႏိုင္ ေျပာႏိုင္ ဆိုႏိုင္ က်င့္ႀကံႏိုင္ရပါတယ္သားေရ “မဇၨိမ ပဋိပဒၵါ “တဲ့ အလယ္အလတ္လမ္းစဥ္ကိုသာ လိုက္ပါ သားေရအရာရာ သင့္တင့္ၿပီး မွ်တမႈကသာ တရားနည္းလမ္းၾကလို႔ပါသားရယ္

သားေလးေရ….

ကိုယ့္အေပၚ ေကာင္းတဲ့ တစ္စုံ တစ္ဦး တစ္ေယာက္ အေပၚ ဘယ္ေတာ့မွ အႏိုင္မယူမိပါေစနဲ႔ေနာ္ ….သည္းခံႏိုင္တဲ့သူဆိုတာလည္း အတိုင္းအတာနဲ႔မို႔ သူတစ္ဖက္သားကို ႏႈတ္နဲ႔ေသာ္လည္းေကာင္း ကိုယ္ျဖင့္ ေသာ္လည္းေကာင္း နာက်င္ေအာင္ သားေလးမလုပ္မိပါေစနဲ႔လို႔ ေမေမ သတိေပးပါရေစ….သားေလးေရ….ဘဝမွာ လူေတာ္ထက္ လူေကာင္းျဖစ္ဖို႔ အရင္ႀကိဳးစားေပးပါေနာ္…..ေမေမကလည္း သားေလး သူေတာ္ေကာင္းေလးျဖစ္ဖို႔

မွားတာကို မွားေနမွန္းသိေအာင္ ၊ အရာရာမွာ မွ်မွ်တတ က်င့္ႀကံတတ္ေအာင္ ၊ တစ္ကိုယ္ေကာင္းဆန္တတ္တဲ့ကေလးေလးမျဖစ္ေအာင္၊အမွား အမွန္ အဆိုး အေကာင္းကို ခြဲျခားသိျမင္ႏိုင္တဲ့ကေလးေလးျဖစ္ေအာင္ ဆုံးမ သြန္သင္ဖို႔က ေမေမ့တာဝန္ပါ ။

သားေလးေရ….

ေမေမက သားေလးကို independence baby ေလးျဖစ္ေအာင္ ငယ္ငယ္ ထဲက train ေပးမယ္ေနာ္…..ကိုယ္ပိုင္လြတ္လပ္တဲ့ အေတြးအေခၚ အသိဉာဏ္ နဲ႔ ကိုယ္ပိုင္ ဆုံးျဖတ္ႏိုင္တဲ့ကေလးေလးျဖစ္ဖို႔ သားေလးကို ေမေမ အခြင့္အေရးေတြ ေပးမွာပါ ေမေမ့ရဲ႕ ေစတနာ လြတ္လပ္ခြင့္ ေပးတာေလးကိုေတာ့ ေကာင္းမြန္တဲ့ေနရာမွာပဲ အသုံးခ်ဖို႔ ကတိေပးရမယ္ေနာ္….. ကေလးေလး သားေလးငယ္စဥ္ကတည္းက သားေလး ကို self decision လုပ္ခြင့္ ေမေမေပးခဲ့မွ သားေလးအ႐ြယ္ေရာက္လို႔ အေရးႀကဳံတဲ့အခါ self decision ကို ဘယ္သူ႔အကူအညီမွ မလိုဘဲ confidence ျပည့္ျပည့္ဝဝနဲ႔ ခ်ႏိုင္မယ္လို႔ ေမေမယုံၾကည္ပါတယ္သားေလးေရ…..Happy 1 year & 5 months birthday ပါ သားသားေရ” ဆိုၿပီး မိဘေတြရဲ႕ သားသမီးေတြအေပၚမွာထားရွိတဲ့ ေမတၱာေတြေပၚလြင္ေအာင္ ေဖာ္က်ဴးေရးသားထားပါတယ္။

သတင္းအရင္းျမစ္: Source – Poe Ei Ei Khant

credit – Myanmarload

Unicode

သားလေးကြီးလာရင်ဖတ်ဖို့အတွက် သူမရဲ့ အတွေ့အကြုံနဲ့ ဖြစ်စေချင်တဲ့ ခံယူချက်တွေကို ရေးသားထားတဲ့ စာလေးကို ဖော်ပြလာခဲ့တဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ မြန်မာ့ဂုဏ်ဆောင် တိုက်စစ်မှူးကစားသမား အောင်သူနဲ့ မင်းသမီးချောလေး ပိုးအိအိခန့် တို့က သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားပြီး အေးချမ်းစွာနေထိုင်နေတဲ့ ပြည်သူ့အချစ်တော်တွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီး ယနေ့မှာဆိုရင် သားလေးမွေးလာတာဟာ ၁နှစ်နဲ့ ၅လပြည့်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင်သူမရဲ့ သားလေး အသက်၁နှစ်နဲ့ ၅လပြည့်သွားတာကြောင့် ပိုးအိအိခန့်က ကြီးလာရင် သားလေးဖတ်ဖို့အတွက် မိဘမေတ္တာရဲ့ ရင်တွင်းခံစားချက်တွေနဲ့ ရေးသားထားတဲ့ စာလေးဖော်ပြလာခဲ့ပါတယ်။

” သားလေးရေ……ဒီစာလေးက 19.12.2020 မှာ အသက် ၁ နှစ်၅လပြည့်သွားပြီဖြစ်တဲ့ မေမေ့ သားလေးအတွက် သားလေးကြီးလာရင် ဖတ်ဖို့ မေမေရေးထားတဲ့ စာပါ ……မေမေ့ စိတ် မေမေ့အတွေ့အကြုံ မေမေ့ ခံယူချက်တွေကို ထည့်ရေးထားတဲ့ စာတွေဆိုလည်း မမှားပါဘူး…သားလေးရေ ဒီကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာပြီဆိုရင် ဘက် ၂ ဘက်ကို ကြည့်တတ်အောင် ကြိုးစားပါ ဘက် ၂ ဘက် ဆိုတာ သူ့ဘက် နဲ့ ကိုယ့်ဘက်ကို ပြောတာပါ…..ကိုယ်ခံစားရတာပဲ ကြည့်တတ်သူဆိုရင် သားလေးလူဖြစ်ရှုံးမှာပေါ့သားရယ်……ကိုယ်ခံစားရတာလည်း ကြည့်သလို သူရော ခံစားရလားဆိုတာပါ ထည့်စဉ်းစားပေးမှ သားလေးလူကောင်းတစ်ယောက်ဖြစ်မှာပေါ့သားရယ်….

သားလေးရေ….

ဘဝ မှာ အတတ်နိုင်ဆုံး ပေးနိုင်တဲ့သူဖြစ်အောင်သာ ကြိုးစားပါ ….ပေးတဲ့သူရဲ့လက် နဲ့ ယူတဲ့သူရဲ့ လက်မှာ အဓိပ္ပါယ်တွေ ပီတိတွေ အများကြီး ကွာတာမို့… ဒါကို မေမေ အကျယ် တဝံ့မရှင်းပြတော့ဘူးနော် ဘာဖြစ်လို့လည်း ဆိုတော့ မေမေ ပြောသလိုသာ ပေးတဲ့လက်တစ်စုံဖြစ်အောင် သားလေးကြိုးစားခဲ့လို့ ပေးနိုင်တဲ့လက်တစ်စုံဖြစ်ခဲ့ရင် ပေးဆပ်ရခြင်းရဲ့ ပီတိကို သားလေးကိုယ်တိုင်ခံစားမိမှာ မေမေ ယုံကြည်ပါတယ်….

သားလေးရေ….ယောကျာ်းကောင်းဆိုတာ အရာရာ အဘက်ဘက်ကို မျှတစွာ နေနိုင် ပြောနိုင် ဆိုနိုင် ကျင့်ကြံနိုင်ရပါတယ်သားရေ “မဇ္ဇိမ ပဋိပဒ္ဒါ “တဲ့ အလယ်အလတ်လမ်းစဉ်ကိုသာ လိုက်ပါ သားရေအရာရာ သင့်တင့်ပြီး မျှတမှုကသာ တရားနည်းလမ်းကြလို့ပါသားရယ်

သားလေးရေ….

ကိုယ့်အပေါ် ကောင်းတဲ့ တစ်စုံ တစ်ဦး တစ်ယောက် အပေါ် ဘယ်တော့မှ အနိုင်မယူမိပါစေနဲ့နော် ….သည်းခံနိုင်တဲ့သူဆိုတာလည်း အတိုင်းအတာနဲ့မို့ သူတစ်ဖက်သားကို နှုတ်နဲ့သော်လည်းကောင်း ကိုယ်ဖြင့် သော်လည်းကောင်း နာကျင်အောင် သားလေးမလုပ်မိပါစေနဲ့လို့ မေမေ သတိပေးပါရစေ….သားလေးရေ….ဘဝမှာ လူတော်ထက် လူကောင်းဖြစ်ဖို့ အရင်ကြိုးစားပေးပါနော်…..မေမေကလည်း သားလေး သူတော်ကောင်းလေးဖြစ်ဖို့

မှားတာကို မှားနေမှန်းသိအောင် ၊ အရာရာမှာ မျှမျှတတ ကျင့်ကြံတတ်အောင် ၊ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ကလေးလေးမဖြစ်အောင်၊အမှား အမှန် အဆိုး အကောင်းကို ခွဲခြားသိမြင်နိုင်တဲ့ကလေးလေးဖြစ်အောင် ဆုံးမ သွန်သင်ဖို့က မေမေ့တာဝန်ပါ ။

သားလေးရေ….

မေမေက သားလေးကို independence baby လေးဖြစ်အောင် ငယ်ငယ် ထဲက train ပေးမယ်နော်…..ကိုယ်ပိုင်လွတ်လပ်တဲ့ အတွေးအခေါ် အသိဉာဏ် နဲ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ကလေးလေးဖြစ်ဖို့ သားလေးကို မေမေ အခွင့်အရေးတွေ ပေးမှာပါ မေမေ့ရဲ့ စေတနာ လွတ်လပ်ခွင့် ပေးတာလေးကိုတော့ ကောင်းမွန်တဲ့နေရာမှာပဲ အသုံးချဖို့ ကတိပေးရမယ်နော်….. ကလေးလေး သားလေးငယ်စဉ်ကတည်းက သားလေး ကို self decision လုပ်ခွင့် မေမေပေးခဲ့မှ သားလေးအရွယ်ရောက်လို့ အရေးကြုံတဲ့အခါ self decision ကို ဘယ်သူ့အကူအညီမှ မလိုဘဲ confidence ပြည့်ပြည့်ဝဝနဲ့ ချနိုင်မယ်လို့ မေမေယုံကြည်ပါတယ်သားလေးရေ…..Happy 1 year & 5 months birthday ပါ သားသားရေ” ဆိုပြီး မိဘတွေရဲ့ သားသမီးတွေအပေါ်မှာထားရှိတဲ့ မေတ္တာတွေပေါ်လွင်အောင် ဖော်ကျူးရေးသားထားပါတယ်။

သတင်းအရင်းမြစ်: Source – Poe Ei Ei Khant

credit – Myanmarload

  • Leave a Comment

Categories