



Source : Htoo Ei Lynn

credit – Myanmarload

Unicode

အလှူပြုလုပ်အပြီး သရဲအရမ်းခြောက်ကာ ဝင်ပူးတာခံနေရတဲ့မိဘမဲ့ဂေဟာက ကလေးတွေအတွက်မြေကွက်သွားဝယ်ပေးနေတဲ့ ထူးအယ်လင်းရဲ့ဗီဒီယို

အဆိုတော်ထူးအယ်လင်းကတော့ အသံသြဇာနဲ့ပြည်စုံတဲ့ အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ကာ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အဆွေးသီချင်းလေးတွေ၊ အမိုက်စားသီချင်းလေးတွေကို သီဆိုလေ့ရှိပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ ထူးအယ်လင်းကတော့ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေသူတစ်ယောက်ဖြစ်ပါတယ်။

အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ထူးအယ်လင်းကတော့ အားလပ်းတဲ့အချိန်တွေမှာ မိသားစုကိုအချိန်ပေးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လျက်ရှိနေတဲ့ ထူးအယ်လင်းကတော့ ဝေးလံပြီး အမှန်အကယ်အကူအညီလိုအပ်နေတဲ့နေရာတွေဆီကို ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ထူးအယ်လင်းကတော့ ယခုမှာ ယာယီနေနေတဲ့နေရာလေးက အလှူပြုလုပ်အပြီး သရဲအရမ်းခြောက်ကာ ဝင်ပူးတာတွေခံနေလို့ မိဘမဲ့ဂေဟာအတွက် မြေကွက်သစ်သွားဝယ်ပေးနေခဲ့ပါတယ်။ မော်လမြိုင်မြို့ကိုဖြတ်ရင်း သရဲ​ခြောက်ရတဲ့အကြောင်းအရင်းကို သေသေချာချာပြောပြနေတဲ့ ထူးအယ်လင်းရဲ့ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ထူးအယ်လင်းရဲ့ အဆိုပါအကြောင်းပြောပြနေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Htoo Ei Lynn

credit – Myanmarload

  • Leave a Comment

Categories