







credit – Myanmarload

Unicode

ကြီးကျယ်ခမ်းနားလွန်းတဲ့ သူမရဲ့နေအိမ်အတွင်းပိုင်းလေးတွေကို ချပြလိုက်တဲ့ Gရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ.. G လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော်မလေးကတော့ အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုသဘောကျစေသူလေးပဲ ဖြစ်ပါတယ်နော်..။

G ကတော့ အနုပညာအလုပ်တွေနဲ့ ပရဟိတအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေသလို သရုပ်ဆောင်ကောင်းပြီး ကြော်ငြာတွေလည်း တော်တော်များများ ရိုက်ကူးနေတာလည်း တွေ့ရပါတယ်နော်..။

The Voice Myanmar ကနေ ပရိသတ်တွေရဲ့ တစ်ခဲနက်အချစ်တွေကို အခိုင်အမာရရှိထားကာ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ကာ လူနာတင်ကားတွေကိုယ်တိုင်မောင်းပြီး ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေသူလေးလည်း ဖြစ်ပါတယ်နော်..။

ပြီးပြည့်စုံပြီး ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာပေမယ့်လည်း G ကတော့ မယုံကြည်နိုင်လောက်အောင် ပကာသနကင်းစွာ နေထိုင်တတ်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတဲ့ သူမရဲ့ စိတ်ထားလေးကိုတော့ ပရိသတ်တွေက ချီးကျူးနေကြတာပါနော်..။

အနုပညာလောကမှာ အောင်မြင်နေပြီဖြစ်တဲ့ G ဟာ ဒီတစ်ခါမှာတော့ နေချင်စရာအပြည့်နဲ့ ကြီးကျယ်ခမ်းနားလွန်းတဲ့ သူမရဲ့နေအိမ်အတွင်းပိုင်းလေးကို ဗီဒီယိုဖိုင်လေးနဲ့အတူ Tik Tok ဆော့ကစားကာ ပရိသတ်တွေကို ပြသလိုက်ပါတယ်နော်..။

ချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်းရှိတဲ့ G ရဲ့ Tik Tok ဗီဒီယိုလေးကို ပရိသတ်တွေအားလုံးလည်း သဘောကျအချစ်ပိုနေကြမယ်လို့ မျှော်လင့်ရင်း ဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပါတယ်နော်..။

သတင်းအရင်းမြစ်: G Vocals

credit – Myanmarload

  • Leave a Comment

Categories