







credit – Myanmarload

Unicode

အိပ်ယာနိုးနိုးချင်း လူရွှင်တော်ဦးဧရာဆုံးသွားတဲ့သတင်းကြားပြီး ရင်ထဲဆို့နင့်စွာခံစားရတဲ့အကြောင်း ကြေကွဲစွာပြောလာတဲ့ ဘုန်းလျှံ

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ရယ်စရာပြက်လုံးတွေနဲ့ နှစ်အတော်ကြာပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဟာသလေးတွေလုပ်တတ်တဲ့ လူရွှင်တော်ဦးဧရာကတော့ ပရိသတ်တွေနဲ့ အပြီးဆုံးနှုတ်ဆက်ခွဲခွာခဲ့ပြီ ဖြစ်ပါတယ်နော်..။

ဦးဧရာဟာ ဒီကနေ့ဒီဇင်ဘာ(၁၉)ရက်နေ့ မနက်(၃)နာရီ (၃၉)မိနစ်မှာ Covid ရောဂါနဲ့ ဆုံးပါးကွယ်လွန်သွားတာဖြစ်ပြီး မထင်ထားတဲ့ သတင်းကြောင့်လည်း အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်နော်..။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်း Covid ရောဂါကူးစက်ခံစားခဲ့ရတဲ့ ဦးဧရာအတွက် အနုပညာရှင်တွေကလည်း စိတ်မကောင်းတဲ့အကြောင်းလေးတွေကို ရေးသားဖော်ပြကြသလို ဇာတ်ကားတွေအတူတွဲရိုက်ကာ အမှတ်တရတွေအတူရှိခဲ့ကြတာ သရုပ်ဆောင်ဘုန်းလျှံကလည်း ဝမ်းနည်းမိတဲ့အကြောင်း ပြောပြလာပါတယ်နော်..။

ဘုန်းလျှံက သူအိပ်ယာနိုးနိုးချင်း လူရွှင်တော်ဦးဧရာဆုံးသွားတဲ့သတင်းကြားပြီး ရင်ထဲဆို့နင့်ကြေကွဲစွာ ခံစားရတဲ့အကြောင်း ဝမ်းနည်းစိတ်မကောင်းစွာပြောလာတာဖြစ်ပြီး ဆုတောင်းစကားလေးလည်း ပြောထားပါသေးတယ်..။

“မနက် အိပ်ရာကနိုးတော့ online ဖွင့်ကြည့်လိုက်တာ ရင်ထဲ ဆို့နင့်သွားတာပဲ.. ဦးဧရာဆုံးပြီ…..တဲ့ အမှတ်တရများစွာကို သွားသတိရမိတယ် ဦးဧရာရေ.. မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲမိပါတယ်ဗျာ.. လူတွေကိုပျော်ရွင်ကြည်နူးမှုပေးတဲ့ဦးဧရာ.ကောင်းရာမွန်ရာရောက်ပါစေ..ပြုလုပ်သမျှကုသိုလ်တွေကိုအမျှပေးဝေပါတယ်ဗျာ..သာဓု ခေါ်နိုင်ပါစေ….😢😢😢..” ဆိုပြီး ဘုန်းလျှံက စိတ်မကောင်းစွာ ရေးသားထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေအားလုံးကလည်း ဦးဧရာကွယ်လွန်သွားတဲ့အတွက် များစွာစိတ်မကောင်းဝမ်းနည်းနေကြတဲ့အကြောင်းလေးတွေကို Comment လေးတွေမှာလည်း ရေးသားကာ ဆုတောင်းမေတ္တာတွေ ပို့ထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Bhone Hlyan

credit – Myanmarload

  • Leave a Comment

Categories