



Source – Aung Min Naing

credit – Myanmarload

Unicode

မိန်းမက ယောကျာ်းဖြစ်သူကိုသက်တဲ့ မှုခင်းသတင်းတွေဖတ်ပြီး ဇနီးဖြစ်သူကို ကြောက်ကြောက်နဲ့ ဘက်ထားတဲ့ငွေတွေ ပြန်ပေးနေတဲ့ ကိုပေါက်ရဲ့အခွီး ဗီဒီယို

ပရိသတ်ကြီးရေ ကိုပေါက်ကတော့ အနုပညာလောကမှာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့ပြီး ကြိုးစားအားထုတ် မှုတွေကြောင့်လည်း အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ကြိုးစားမှုတွေကြောင့် ရုပ်ရှင်ဒါရိုက်တာအနေနဲ့ အနုပညာနယ်ပယ်မှာ ရပ်တည်ခဲ့ပြီလည်းဖြစ်ပါတယ်။ ကိုပေါက် ဟာဆိုရင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်သလို စိတ်သဘောထား ပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတတ်တဲ့ သူဖြစ်တာကြောင့် ချစ်ခင်သူတွေ ပေါများနေတာ ဖြစ်ပါတယ်။

ကိုပေါက် က သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း မွေးဖွားထားပါသေးတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ကိုပေါက်က ဟာသ ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာလည်း ကိုပေါက်က ပရိသတ်တွေ ရယ်မော်ပျော်ရွှင်စေဖို့အတွက် အပျင်းအပြေဆော့ကစားထားတဲ့ ဟာသ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီ ဗီဒီယိုလေးထဲမှာတော့ ကိုပေါက် မိန်းမတွေက ယောကျာ်းဖြစ်သူတွေကို သက်တဲ့ မှုခင်းသတင်းတွေကို ဖတ်ပြီး ကြောက်ကြောက်နဲ့ ဘက်ထားတဲ့ ငွေတွေကိုတောင် ပြန်ပေးခဲ့တာကို ကြည့်မိသူတိုင်း ရယ်မောသွားအောင် ဟာသရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ကိုပေါက်က ” စိုက်ကြည့်စရာမလိုပါဘူး အလိုက်သိပါတယ်လို့” ” ဆိုတဲ့ Caption လေးနဲ့ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ရယ်မော ပျော်ရွှင်စေဖို့အတွက် ကိုပေါက် ရဲ့ ဟာသ tik tok ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Aung Min Naing

credit – Myanmarload

  • Leave a Comment

Categories