credit – Myanmarload
Unicode
သူ့ရဲ့ခြံထဲကို မြွေအကြီးကြီးတစ်ကောင်ဝင်လာလို့ သေချာဖမ်းထားပြီး ရွှေရည်ငွေရည်တွေလောင်းကာ ကြက်ဥလည်းကျွေးထားတဲ့ ဖိုးချစ်
ပရိသတ်ကြီးရေ ဇာတ်မင်းသားလေးဖိုးချစ်ကတော့ အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားလုပ်ဆောင်နေပြီး မြန်မာ့ဇာတ်သဘင်လောကကိုလည်း တိုးတက်အောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ဖိုးချစ်က အမြို့မြို့အနယ်နယ်ကို သွားရောက်ပြီး မြန်မာအကတွေနဲ့ ကပြဖျော်ဖြေလာခဲ့တာဟာဆိုရင် ဆယ်စုနှစ်မကရှိနေပြီဖြစ်ပါတယ်နော်။ဖိုးချစ်ရဲ့ မြန်မာအကကိုလည်း ပရိသတ်တွေက အရမ်းကြိုက်နှစ်သက်ကြပြီး ခြေထိုးအရမ်းကျွမ်းကျင်တဲ့ မင်းသားတစ်လက်လို့ ချီးကျူးနေကြတာဖြစ်ပါတယ်။
ဖိုးချစ်ကတော့ ဘောလုံးကန်ရတာကိုလည်း ဝါသနာပါတာကြောင့် အားလပ်ချိန်တွေမှာဆိုရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အမြဲကန်နေတာဖြစ်ပါတယ်။ဖိုးချစ်က စိတ်သဘောထားပြည့်ဝပြီး လူရွှင်တော်တွေနဲ့ သူ့ရဲ့ဇာတ်သဘင်အဖွဲ့တွေကိုလည်း အမြဲကူညီပေးနေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ဖိုးချစ်က သူ့ရဲ့ခြံထဲကို မြွေအကြီးကြီးတစ်ကောင်ဝင်လာလို့ ခြံထဲကလူတွေဝိုင်းဖမ်းထားပြီး မီးသတ်တပ်ဖွဲ့ဝင်တွေမလာခင်မှာ သံအုပ်ဆောင်းလေးနဲ့အုပ်ထားတာဖြစ်ပါတယ်။
ဖိုးချစ်က မြွေကြီးကို ကြက်ဉတွေလည်းကျွေးထားပြီး ရွှေရည်ငွေရည်တွေလည်းလောင်းကာ ပရိသတ်တွေလည်းမြင်ရအောင်လို့ Liveလွှင့်ကာ ပြသလိုက်တာဖြစ်ပါတယ်။မီးသတ်တပ်ဖွဲ့ဝင်တွေရောက်လာတဲ့အချိန်မှာ မြွေကြီးကို ဂရုတစိုက်နဲ့ကိုင်တွယ်ပြီး အိတ်ထဲကိုထည့်ကာ ကောင်းမွန်တဲ့နေရာကိုသွားပစ်ကြတာဖြစ်ပါတယ်။ဖိုးချစ်Liveလွှင့်နေတုန်းမှာ သူ့ရဲ့အဖွဲ့သားတွေကိုလည်း အနားအရမ်းမကပ်ဖို့၊အဝေးကနေစောင့်ကြည့်ဖို့ကို စိတ်ပူစွာနဲ့မှာကြားနေတာဖြစ်လို့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source and Video Credit:Phoe Chit
credit – Myanmarload