




credit – Myanmarload

Unicode

သတို့သမီး၀တ်စုံလေးတွေ၀တ်ကာ ခမ်းနားထည်ဝါစွာနဲ့ကျက်သရေရှိရှိလှနေကြတဲ့ ဘေဘီမောင်နဲ့သံစဉ်မောင်တို့ညီအစ်မရဲ့ဗီဒီယိုလေး

ပရိတ်သတ်ကြီးရေ…… တင်းရင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ပုရိသတို့ရဲ့အသည်းစွဲမင်းသမီးနှစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်နဲ့သံစဉ်မောင်တို့ညီအစ်မနှစ်ယောက်ကိုသိကြမယ်ထင်ပါတယ်နော်။ သူတို့ညီအစ်မနှစ်ယောက်ဟာအနုပညာနယ်ပယ်အသီးသီးမှာအောင်မြင်နေကြတဲ့သူတွေဖြစ်ပြီး ဘေဘီမောင်ဟာလည်းရုပ်ရှင်ကားကြီးတွေပါရိုက်ကူးအောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်……။

ဘေဘီမောင်တို့ညီအစ်မနှစ်ယောက်ဟာ ရုပ်ချင်းလည်းဆင်တူကြပြီး တစ်ယောက်တစ်မျိုးစီနဲ့ဆွဲဆောင်မှုရှိကြတဲ့ သူတွေပါနော်။ ညီမဖြစ်သူသံစဉ်မောင်ဟာလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပြီး အထည်ဆိုင်လည်းဖွင့်လှစ်ထားကာ ညီအစ်မနှစ်ယောက်ချစ်ချင်ခင်ခင်နဲ့ လက်တွဲလုပ်ကိုင်နေကြတာလည်း တွေ့ရပါတယ်…..။

အခုဆိုရင်လည်း သံစဉ်မောင်တို့ညီအစ်မနှစ်ယောက်ဟာ photo shootingရိုက်ကူးမှုပြုလုပ်နေကြတာလည်းဖြစ်ပြီး ပရိသတ်တွေအတွက် အမှတ်တရပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကိုမျှဝေပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ဘေဘီမောင်နဲ့သံစဉ်မောင်တို့ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Than Sin Maung

credit – Myanmarload

  • Leave a Comment

Categories