




credit – Myanmarload

Unicode

နေမျိုးအောင်တို့က သူမအိမ်မှာထမင်းလာစားမှာဖြစ်လို့ ဖွယ်ဖွယ်ရာရာလေးတွေကို ကိုယ်တိုင်လက်စွမ်းပြပြီး ချက်ပြုတ်နေတဲ့ မေကဗျာရဲ့ဗီဒီယို

ပရိသတ်ကြီး မင်းသမီးချောလေးမေကဗျာကတော့ လက်ရှိမှာဆိုရင် Facebookပေါ်မှာ Liveလေးတွေလွှင့်ပြီး ပစ္စည်းအစုံကိုရောင်းချနေတာဖြစ်ပါတယ်နော်။မေကဗျာက သူမကိုယ်ပိုင်စက်ရုံကထုတ်လုပ်တဲ့ အထည်တွေကိုလည်း ဈေးသက်သက်သာသာနဲ့ရောင်းချနေတာဖြစ်လို့ ပရိသတ်တွေက ဝယ်ယူအားပေးကြတာဖြစ်ပါတယ်။မေကဗျာက သဘောကောင်းဖော်ရွေပြီး ရိုးရှင်းပွင့်လင်းတဲ့သူဖြစ်လို့ အပေါင်းအသင်းမိတ်ဆွေတွေကလည်း သူမကိုအရမ်းခင်နေကြတာဖြစ်ပါတယ်နော်။

မေကဗျာက အကယ်ဒမီမင်းသားကြီးနေမျိုးအောင်နဲ့လည်း အရမ်းခင်မင်ရင်းနှီးပြီး ခရီးတွေအတူတူသွားကြတာဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းကလည်း မေကဗျာတို့က ပင်လယ်နဲ့နီးတဲ့ရွာလေးတစ်ရွာကို သွားလည်ခဲ့ကြသေးတာဖြစ်ပါတယ်။မေကဗျာနဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံက တခြားမိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးရှိကြပြီး ပျော်ပျော်ပါးပါးနေထိုင်တတ်ကြလို့ သူတို့ရဲ့Liveလေးတွေကိုကြည့်မိရင် အပျော်တွေကူးစက်နေရတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ မေကဗျာက အိမ်ကိုပြန်ရောက်နေပြီး အလုပ်လေးတွေလည်း ပြန်လုပ်နေပြီဖြစ်ပါတယ်။

မေကဗျာက အိမ်မှာဆိုရင် အားတဲ့အချိန်တိုင်း ကိုယ်တိုင်မီးဖိုချောင်ဝင်ပြီး မိသားစုကိုချက်ကျွေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း မေကဗျာက အိမ်နေရင်းပုံစံလေးနဲ့ပဲ မီးဖိုချောင်ထဲဝင်ကာ ဖွယ်ဖွယ်ရာရာလေးတွေကို ချက်ပြုတ်နေတာဖြစ်ပါတယ်။နေမျိုးအောင်တို့ကလည်း သူမအိမ်မှာထမင်းလာစားမယ်ပြောတာကြောင့် ဟင်းတွေကိုပိုချက်လိုက်ပြီး စုံစုံလင်လင်လေးပြင်ဆင်နေတာဖြစ်ပါတယ်။မေကဗျာကတော့ ဟင်းချက်ရင်း ပရိသတ်တွေနဲ့စကားပြောဖို့ Liveလွှင့်ခဲ့တာကြောင့် ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source and Video Credit:May Kabyar

credit – Myanmarload

  • Leave a Comment

Categories