







credit – Myanmarload

Unicode

အစ်မဖြစ်သူထုတ်တဲ့အင်္ကျီဒီဇိုင်းအသစ်တွေယူဝတ်ချလိုက်ပြီး ဆယ်ကျော်သက်ကောင်မလေးလိုနုပျိုလှပနေတဲ့ အူဝဲ

နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ဆယ်စုနှစ်ကျော်တိုင်အောင် ရပ်တည်နေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီ ထူးချွန်ဆုတွေပါ သိမ်းပိုက် ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အူဝဲဟာ ကလေးနှစ်ယောက်မိခင်လို့ ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုနေဆဲပဲ ဖြစ်ပါတယ်။

အူဝဲဟာ ရောဂါအခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို အချိန်အတော်ကြာ ရပ်နားထားခဲ့ပြီး အခုမှာတော့ ကြော်ငြာလေးတွေ ပြန်လည် ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သူမဟာ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်လွန်းတာကြောင့် ပရိသတ်တွေတိုင်းက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ပရိသတ်တွေကို တင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အူဝဲရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ အစ်မဖြစ်သူထုတ်တဲ့အင်္ကျီဒီဇိုင်းအသစ်တွေယူဝတ်ချလိုက်ပြီး ဆယ်ကျော်သက်ကောင်မလေးလိုနုပျိုလှပနေတဲ့ အူဝဲရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမကလည်း ” My sis ရဲ့ Vivid Fashion က နေ

ready to wear အသစ်ထွက်ပြီဆိုတာနဲ့

ကိုယ့် taste နဲ့ ကွက်တိဖြစ်နေတာလေးကို

ခပ်တည်တည်နဲ့ ယူဝတ်ချပလိုက်တယ်လေ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် အူဝဲရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Eaindra Kyaw Zin

credit – Myanmarload

  • Leave a Comment

Categories