အျပင္ထြက္ရလို႔ ေပ်ာ္မဆုံးျဖစ္ၿပီး ပတ္ဝန္းက်င္ကိုေလွ်ာက္ၾကည့္ကာ သေဘာေတြက်ေနတဲ့ သားသားေလးကို ေမႊးေမႊးေပးေနတဲ့ ေမေမပိုးအိအိခန္႔

မင္းသမီးေခ်ာေလးပိုးအိအိခန္႔ကေတာ့ ေအာင္ျမင္လ်က္ရွိေနတဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ခဲ့ကာ ေၾကာ္ျငာေတြကိုလည္း ႐ိုက္ကူးလ်က္ရွိေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။ သူမကေတာ့ ခ်စ္ခင္ပြန္းေအာင္သူနဲ႔အတူ ေအးခ်မ္းတဲ့ မိသားစုကမာၻေလးကိုတည္ေဆာက္ထားႏိုင္ခဲ့ၿပီး ခ်စ္စရာေကာင္းတဲ့ တစ္ဦးတည္းေသာသားေလးျဖစ္တဲ့ သဲကိုးေလးကို ပိုင္ဆိုင္ထားခဲ့တာပဲျဖစ္ပါတယ္။

သူမကေတာ့ ခ်စ္စရာေကာင္းတဲ့ သားသားေလးကို အခ်ိန္ေပးလ်က္ရွိေနၿပီး ခ်စ္စရာပုံစံေလးနဲ႔ ေပ်ာ္႐ႊင္ေနတဲ့ သားေလးရဲ႕ပုံရိပ္ေလးေတြကို လူမႈကြန္ယက္မ်က္ႏွာထက္တင္ေပးေလ့ရွိပါတယ္။ သူမကေတာ့ စိမ္းလန္းစိုေျပတဲ့ ပတ္ဝန္းက်င္ေတြကိုၾကည့္ရင္း အျပင္ထြက္ရလို႔ေပ်ာ္ၿပီး သေဘာေတြက်ေနတဲ့ သားသားေလးကို ေမႊးေမႊးေပးေနခဲ့ပါတယ္။ သူမတို႔သားအမိႏွစ္ေယာက္ရဲ႕ အိမ္ေနရင္းအဝတ္အစားေလးေတြနဲ႔ လမ္းေလွ်ာက္ထြက္ေနၾကတဲ့ ပုံရိပ္ေလးေတြဟာ ပရိသတ္ေတြကို အခ်စ္ေတြပိုေစခဲ့တာပဲျဖစ္ပါတယ္။

သူမကေတာ့ ” အျပင္ေလာကကိုျမင္ေနရရင္ ေပ်ာ္ေနေသာ ကေလးေလးကို အခ်ိန္ေပး “ဆိုၿပီး သားသားေလးနဲ႔ လမ္းေလွ်ာက္ထြက္ေနတဲ့ ခ်စ္စရာပုံရိပ္ေလးေတြနဲ႔အတူ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ခ်စ္ပရိသတ္ေတြအတြက္ မင္းသမီးေခ်ာေလးပိုးအိအိခန္႔တို႔သားအမိႏွစ္ေယာက္ရဲ႕ ေပ်ာ္႐ႊင္ေနၾကတဲ့ ပုံရိပ္ေလးေတြကိုျပန္လည္ေဖာ္ျပေပးလိုက္ၿပီး အဆိုပါပုံရိပ္ေလးေတြကို ေအာက္မွာၾကည့္ႏိုင္ပါတယ္။

Source : thwin oo han

credit – Myanmarload

Unicode

အပြင်ထွက်ရလို့ ပျော်မဆုံးဖြစ်ပြီး ပတ်ဝန်းကျင်ကိုလျှောက်ကြည့်ကာ သဘောတွေကျနေတဲ့ သားသားလေးကို မွှေးမွှေးပေးနေတဲ့ မေမေပိုးအိအိခန့်

မင်းသမီးချောလေးပိုးအိအိခန့်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ကာ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ချစ်ခင်ပွန်းအောင်သူနဲ့အတူ အေးချမ်းတဲ့ မိသားစုကမ္ဘာလေးကိုတည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေးဖြစ်တဲ့ သဲကိုးလေးကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ ချစ်စရာကောင်းတဲ့ သားသားလေးကို အချိန်ပေးလျက်ရှိနေပြီး ချစ်စရာပုံစံလေးနဲ့ ပျော်ရွှင်နေတဲ့ သားလေးရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မျက်နှာထက်တင်ပေးလေ့ရှိပါတယ်။ သူမကတော့ စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်တွေကိုကြည့်ရင်း အပြင်ထွက်ရလို့ပျော်ပြီး သဘောတွေကျနေတဲ့ သားသားလေးကို မွှေးမွှေးပေးနေခဲ့ပါတယ်။ သူမတို့သားအမိနှစ်ယောက်ရဲ့ အိမ်နေရင်းအဝတ်အစားလေးတွေနဲ့ လမ်းလျှောက်ထွက်နေကြတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။

သူမကတော့ ” အပြင်လောကကိုမြင်နေရရင် ပျော်နေသော ကလေးလေးကို အချိန်ပေး “ဆိုပြီး သားသားလေးနဲ့ လမ်းလျှောက်ထွက်နေတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးပိုးအိအိခန့်တို့သားအမိနှစ်ယောက်ရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : thwin oo han

credit – Myanmarload

  • Leave a Comment

Categories