ခ်စ္ဇနီးအတြက္ သိန္းခ်ီတန္တဲ့ပတၱျမားလည္ဆြဲနဲ႔လက္စြပ္ကို လက္ေဆာင္ေပးရင္း သူ႔ကို Surprise ျပန္လုပ္တာခံလိုက္ရတဲ့ေနဝင္းရဲ႕ဗီဒီယို

အဆိုေတာ္ ေနဝင္းကေတာ့ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဂီတအလုပ္ေတြကိုပဲ စြဲစြဲၿမဲၿမဲလုပ္ကိုင္ရင္းနဲ႔ ေအာင္ျမင္မႈရလာခဲ့တာ ျဖစ္ပါတယ္ ။ ေနဝင္းက အဆိုေတာ္ၿဖိဳးေလးနဲ႔အတူ “Snare” အဖြဲ႕ကိုတည္ေထာင္ထားတာျဖစ္ၿပီး သီခ်င္းေတြအတူတူဖန္တီးခဲ့တာ ျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ ေနဝင္းက Travel Blogger မေလး အိမ့္ခ်စ္ေခ်ာနဲ႔ထိမ္းျမားလက္ထပ္ၿပီး ႏွစ္ကိုယ္တူဘဝသစ္ေလးတစ္ခုကို စတင္တည္ေဆာက္ေနတာ ျဖစ္ပါတယ္ ။

ေနဝင္းနဲ႔ အိမ့္ခ်စ္ေခ်ာတို႔ဇနီးေမာင္ႏွံကေတာ့ ႏွစ္အေတာ္ၾကာေအာင္ ခ်စ္သူေတြအျဖစ္ လက္တြဲေတြခိုင္ၿမဲခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။ သူတို႔စုံတြဲေလးက အခ်င္းခ်င္းနားလည္မႈရွိသလို တစ္ေယာက္ကိုတစ္ေယာက္ ေဖးမကူညီရင္း ပါရမီျဖည့္ေပးေနၾကတာလည္း ျဖစ္ပါတယ္ ။ မၾကာခင္မွာေတာ့ သူတို႔စုံတြဲေလးရဲ႕ (၁၁)ႏွစ္ျပည့္ Anniversary ေန႔ေလးကိုေရာက္ရွိေတာ့မွာျဖစ္တာေၾကာင့္ အမွတ္တရလက္ေဆာင္ေလးေတြ အျပန္အလွန္ေပးေနၾကတာ ျဖစ္ပါတယ္ ။

ေနဝင္းကေတာ့ သူ႔ရဲ႕ခ်စ္ဇနီးေလးအတြက္ သိန္းခ်ီတန္တဲ့ အဖိုးတန္ပတၱျမားလည္ဆြဲနဲ႔ ပတၱျမားလက္စြပ္ကို ခ်စ္သက္လက္ေဆာင္အျဖစ္ေပးခဲ့တာ ျဖစ္ပါတယ္ ။ အိမ့္ခ်စ္ေခ်ာကေတာ့ ေနဝင္းအတြက္ လုံးဝ Surprise ျဖစ္ေစမယ့္ အမွတ္တရလက္ေဆာင္ပစၥည္းေလးတစ္ခုကို ျပင္ဆင္ထားေပးၿပီး ခင္ပြန္းကိုေပ်ာ္ေအာင္ ဖန္တီးေပးလိုက္တာပဲ ျဖစ္ပါတယ္ ။ ကဲ ၾကည္ႏူးေပ်ာ္႐ႊင္စရာေကာင္းေနတဲ့ ေနဝင္းတို႔ဇနီးေမာင္ႏွံရဲ႕ဗီဒီယိုေလးကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Video Credit-Travel Kueen

credit – Myanmarload

Unicode

ချစ်ဇနီးအတွက် သိန်းချီတန်တဲ့ပတ္တမြားလည်ဆွဲနဲ့လက်စွပ်ကို လက်ဆောင်ပေးရင်း သူ့ကို Surprise ပြန်လုပ်တာခံလိုက်ရတဲ့နေဝင်းရဲ့ဗီဒီယို

အဆိုတော် နေဝင်းကတော့ နှစ်ပေါင်းများစွာကြာအောင် ဂီတအလုပ်တွေကိုပဲ စွဲစွဲမြဲမြဲလုပ်ကိုင်ရင်းနဲ့ အောင်မြင်မှုရလာခဲ့တာ ဖြစ်ပါတယ် ။ နေဝင်းက အဆိုတော်ဖြိုးလေးနဲ့အတူ “Snare” အဖွဲ့ကိုတည်ထောင်ထားတာဖြစ်ပြီး သီချင်းတွေအတူတူဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နေဝင်းက Travel Blogger မလေး အိမ့်ချစ်ချောနဲ့ထိမ်းမြားလက်ထပ်ပြီး နှစ်ကိုယ်တူဘဝသစ်လေးတစ်ခုကို စတင်တည်ဆောက်နေတာ ဖြစ်ပါတယ် ။

နေဝင်းနဲ့ အိမ့်ချစ်ချောတို့ဇနီးမောင်နှံကတော့ နှစ်အတော်ကြာအောင် ချစ်သူတွေအဖြစ် လက်တွဲတွေခိုင်မြဲခဲ့ကြတာလည်း ဖြစ်ပါတယ် ။ သူတို့စုံတွဲလေးက အချင်းချင်းနားလည်မှုရှိသလို တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ပါရမီဖြည့်ပေးနေကြတာလည်း ဖြစ်ပါတယ် ။ မကြာခင်မှာတော့ သူတို့စုံတွဲလေးရဲ့ (၁၁)နှစ်ပြည့် Anniversary နေ့လေးကိုရောက်ရှိတော့မှာဖြစ်တာကြောင့် အမှတ်တရလက်ဆောင်လေးတွေ အပြန်အလှန်ပေးနေကြတာ ဖြစ်ပါတယ် ။

နေဝင်းကတော့ သူ့ရဲ့ချစ်ဇနီးလေးအတွက် သိန်းချီတန်တဲ့ အဖိုးတန်ပတ္တမြားလည်ဆွဲနဲ့ ပတ္တမြားလက်စွပ်ကို ချစ်သက်လက်ဆောင်အဖြစ်ပေးခဲ့တာ ဖြစ်ပါတယ် ။ အိမ့်ချစ်ချောကတော့ နေဝင်းအတွက် လုံးဝ Surprise ဖြစ်စေမယ့် အမှတ်တရလက်ဆောင်ပစ္စည်းလေးတစ်ခုကို ပြင်ဆင်ထားပေးပြီး ခင်ပွန်းကိုပျော်အောင် ဖန်တီးပေးလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ ကြည်နူးပျော်ရွှင်စရာကောင်းနေတဲ့ နေဝင်းတို့ဇနီးမောင်နှံရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Travel Kueen

credit – Myanmarload

  • Leave a Comment

Categories