ေနာက္ႏွစ္ပတ္ေနရင္ သားေလးလား သမီးေလးလားဆိုတာ သိရတာ့မွာမို႔ စိတ္လႈပ္ရွားရင္ခုန္ေနတဲ့ စည္ၿဖိဳး

သ႐ုပ္ေဆာင္ စည္ၿဖိဳးကေတာ့ အခုဆိုရင္ သူ႔ရဲ႕ ပထမဦးဆုံးရင္ေသြးေလးကို ရရွိေနၿပီျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္းကပဲ ခ်စ္သူနဲ႔ ေ႐ႊလက္တြဲ လက္ထပ္ခဲ့တာပဲ ျဖစ္ပါတယ္။ စည္ၿဖိဳးက သူ႔အေနနဲ႔ မေမွ်ာ္လင့္ပဲ သားသမီးရလာခ်ိန္မွာ ဖခင္တစ္ေယာက္ရဲ႕ ခံစားခ်က္ကို သိသိသာသာ ခံစားလာရၿပီး ခ်စ္ဇနီးရဲ႕ ဗိုက္ထဲက ရင္ေသြးေလးအတြက္ စိတ္လႈပ္ရွားေနတာပဲ ျဖစ္ပါတယ္။ စည္ၿဖိဳးကေတာ့ လက္ရွိမွာ သူ႔ရဲ႕ရွိသမွ် အလုပ္ေတြအကုန္လုံးကို ရပ္နားထားၿပီး ဇနီးသည္ခင္လႊမ္းနဲ႔ ဗိုက္ထဲက ရင္ေသြးေလးကိုသာ အခ်ိန္ျပည့္ ဂ႐ုစိုက္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ စည္ၿဖိဳးက သူ႔ရဲ႕ခ်စ္ဇနီး ခင္လႊမ္းကို ေဆး႐ုံလိုက္ပို႔ရင္း မၾကာခင္သားေလးလား သမီးေလးလား သိရေတာ့မယ္ဆိုတဲ့အေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “မဗိုက္ ၁၂ ပတ္ျပည့္လို႔ Nifty Test ေသြးယူစစ္ေဆးလို႔ရၿပီ။ သားသားမီးမီး down syndrome ကိုယ္လက္အဂၤါစုံမစုံ အကုန္စစ္ၿပီး ေနာက္ႏွစ္ပတ္ေနရင္သိရေတာ့မယ္ဆိုေတာ့ ဟိုစပ္စုဒီစပ္စုေပါ့” ဆိုၿပီး ဗိုက္ထဲက ရင္ေသြးေလးရဲ႕ က်န္းမာေရးအေျခအေနကို အခုလိုပဲ ေျပာျပလာပါတယ္။

စည္ၿဖိဳးကေတာ့ တစ္ရက္ထက္တစ္ရက္ ႀကီးျပင္းလာခဲ့တဲ့ သေႏၶသားေလာင္းေလးအတြက္ စိတ္လႈပ္ရွား ရင္ခုန္ျခင္းမ်ားစြာနဲ႔ ေစာင့္ဆိုင္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း စည္ၿဖိဳးနဲ႔အတူတူ စည္ၿဖိဳးရဲ႕ ရင္ေသြးေလးက သားသားျဖစ္မလား မီးမီးေလးျဖစ္မလား ရင္ခုန္ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Si Phyo

credit – Cele Connections

Unicode

နောက်နှစ်ပတ်နေရင် သားလေးလား သမီးလေးလားဆိုတာ သိရတာ့မှာမို့ စိတ်လှုပ်ရှားရင်ခုန်နေတဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ အခုဆိုရင် သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ရရှိနေပြီဖြစ်ပြီး မကြာခင်အချိန်အတွင်းကပဲ ချစ်သူနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ စည်ဖြိုးက သူ့အနေနဲ့ မမျှော်လင့်ပဲ သားသမီးရလာချိန်မှာ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကို သိသိသာသာ ခံစားလာရပြီး ချစ်ဇနီးရဲ့ ဗိုက်ထဲက ရင်သွေးလေးအတွက် စိတ်လှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးကတော့ လက်ရှိမှာ သူ့ရဲ့ရှိသမျှ အလုပ်တွေအကုန်လုံးကို ရပ်နားထားပြီး ဇနီးသည်ခင်လွှမ်းနဲ့ ဗိုက်ထဲက ရင်သွေးလေးကိုသာ အချိန်ပြည့် ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စည်ဖြိုးက သူ့ရဲ့ချစ်ဇနီး ခင်လွှမ်းကို ဆေးရုံလိုက်ပို့ရင်း မကြာခင်သားလေးလား သမီးလေးလား သိရတော့မယ်ဆိုတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “မဗိုက် ၁၂ ပတ်ပြည့်လို့ Nifty Test သွေးယူစစ်ဆေးလို့ရပြီ။ သားသားမီးမီး down syndrome ကိုယ်လက်အင်္ဂါစုံမစုံ အကုန်စစ်ပြီး နောက်နှစ်ပတ်နေရင်သိရတော့မယ်ဆိုတော့ ဟိုစပ်စုဒီစပ်စုပေါ့” ဆိုပြီး ဗိုက်ထဲက ရင်သွေးလေးရဲ့ ကျန်းမာရေးအခြေအနေကို အခုလိုပဲ ပြောပြလာပါတယ်။

စည်ဖြိုးကတော့ တစ်ရက်ထက်တစ်ရက် ကြီးပြင်းလာခဲ့တဲ့ သန္ဓေသားလောင်းလေးအတွက် စိတ်လှုပ်ရှား ရင်ခုန်ခြင်းများစွာနဲ့ စောင့်ဆိုင်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးနဲ့အတူတူ စည်ဖြိုးရဲ့ ရင်သွေးလေးက သားသားဖြစ်မလား မီးမီးလေးဖြစ်မလား ရင်ခုန်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Si Phyo

credit – Cele Connections

  • Leave a Comment

Categories