




credit – Myanmarload

Unicode

ညီအစ်မရင်းတွေလိုချစ်ခင်ရတဲ့ ဒါဒါရဲ့မွေးနေ့အတွက် အမှတ်တရပုံလေးတွေကို ဗီဒီယိုပုံစံပြုလုပ်ကာ ဆုမွန်ကောင်းပေးလိုက်တဲ့ မေသူ

အနုပညာလောကတွင် ဆယ်စုနှစ်များစွာတိုင်အောင် အောင်မြင်ကျော်ကြားမှုတွေများစွာရရှိထားသူကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာပဲ ဖြစ်ပါတယ်။ ဒါဒါသာမကဘဲ သူမရဲ့ ညီအစ်မတွေကလည်း အနုပညာလောကတွင် အောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ် ။ ဒါဒါကတော့အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့်လည်း ညီအစ်မလေးယောက်ပေါင်းကာ မင်းသမီးဆိုတဲ့ ပိုးထည်ဆိုင်လေး ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမကို ယနေ့ထက်ထိ ချစ်ခင် အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

ဒီနေ့လေးကတော့ စိုးမြတ်နန္ဒာရဲ့ (၄၁) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူမကို ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေကလည်း ဒါဒါရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးထားတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း လွင်မိုးရဲ့ ဇနီး ဖြစ်သူ မေသူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ညီအစ်မရင်းတွေလိုချစ်ခင်ရတဲ့ ဒါဒါရဲ့မွေးနေ့အတွက် အမှတ်တရပုံလေးတွေကို ဗီဒီယိုပုံစံလုပ်ကာ ဆုမွန်ကောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း ” မွေးနေ့မှနောက်နှစ်ပေါင်းများစွာတိုင်အောင်၊ပျော်ရွှင်၊ကျန်းမာ၊ ချမ်းသာစွာနဲ့ ချစ်တဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူ၊ ကောင်းမှုများစွာပြုနိုင်ပါစေ၊၊ ခရီးတွေပြန်သွားကြရအောင်” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- May Thu

credit – Myanmarload

  • Leave a Comment

Categories