







credit – Myanmarload

Unicode

ပြိုလဲကျတော့မယ့် ကန်စွန်းရွက်ရောင်းတဲ့အမေအိုရဲ့နေအိမ်ကို ပြုပြင်တည်ဆောက်ပေးမယ့် ဒိန်းဒေါင်

ပရိသတ်ကြီးရေ.. ဒိန်းဒေါင်လို့ဆိုလိုက်တာနဲ့ ရယ်စရာဟာသလေးတွေကို မျက်နှာဟန်ပန်အမူအရာတွေအပြင် ခြေဟန်လက်ဟန်နဲ့ ပြောတတ်ပြီး ပရိသတ်တွေကို အမြဲပျော်ရွှင်ရယ်မောစေတဲ့ ဟာသသရုပ်ဆောင်အနုပညာရှင်ကို မြင်ယောင်မိကြမှာပါနော်..။

ဒိန်းဒေါင်ကတော့ ဟာသလေးတွေနဲ့ ပရိသတ်တွေကိုရယ်မာပျာ်ရွှင်စေသလို ပရဟိတအလုပ်တွေနဲ့လည်း ပြည်သူပရိသတ်တွေကို ဖေးမကူညီကာ လှူဒါန်းမှုတွေနဲ့ ကောင်းမှုကုသိုလ်လေးတွေပြုလုပ်နေတဲ့ ပရဟိတပုဂ္ဂိုလ်တစ်လည်း ဖြစ်ပါတယ်နော်..။

အလှူရှင်တွေရဲ့ လှူဒန်းမှုလေးတွေကို လိုအပ်နေကြတဲ့ပြည်သူပရိသတ်တွေကို ပြန်လည်လှူဒါန်းပေးနေတဲ့ ဒိန်းဒေါင်ကတော့ ဒီကနေ့လေးမှာလည်း ကန်စွန်းရွက်ရောင်းတဲ့ အမေအိုအတွက်အသုံးအဆောင်တွေနဲ့ ငွေကြေးတွေလှူဒါန်းခဲ့ပြန်ပါတယ်နော်..။

ငွေကြေးနဲ့ပစ္စည်းတွေကို လှူဒါန်းခဲ့တဲ့အပြင် ပြိုလဲကျတော့မယ့် ယိုင်နဲ့နေတဲ့ အမေအိုရဲ့ နေအိမ်ကိုလည်း ပြန်လည်ပြုပြင်တည်ဆောက်ပေးမယ့် အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။

“ချွန်တွန်းအလှူရှင်များကို ကုသိုလ်ရအောင်လုပ်ပေးတဲ့ ကန်စွန်းရွက်ရောင်းတဲ့အမေအိုပါ🙏🙏🙏🙏🙏..” ဆိုပြီး ကြည်နူးပီတိဖြစ်စရာကောင်းလွန်းပြီး သာဓုခေါ်စရာလည်းကောင်းလွန်းတဲ့ သူတို့အဖွဲ့ရဲ့ အလှူလေးကို ဝေမျှထားတာဖြစ်ပါတယ်..။

ပရိသတ်တွေကလည်း အလှူအတန်းနဲ့ ပရဟိတအလုပ်တွေမှာ လက်မနှေးတဲ့ ဒိန်းဒေါင်တို့ “ချွန်တွန်း” အဖွဲ့ရဲ့ အလှူလေးတွေကို အမြဲစောင့်ကြည့်အားပေးကာ ကြည်နူးအပျော်လေးတွေကူးစက်ရင်း သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

သတင်းအရင်းမြစ်: Dain Daung

credit – Myanmarload

  • Leave a Comment

Categories