မဂၤလာႏွစ္ပတ္လည္ ၁၃ႏွစ္ျပည့္ေန႔ေလးမွာ ခ်စ္ဇနီးေလးနဲ႔အတူ အမွတ္တရပုံေလးေတြကို ခ်ျပလာတဲ့ ေက်ာ္ေက်ာ္ဗိုလ္

ဒီတစ္ေခါက္မွာေတာ့ ေပ်ာ္ေပ်ာ္ေနတက္ၿပီး စကားေျပာဆိုရာမွာ ဟာသဆန္ဆန္ေျပာတက္တဲ့ ပရိသတ္အခ်စ္ေတာ္ ေက်ာ္ေက်ာ္ဗိုလ္ပဲ ျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ဟာ ဗီဒီယိုေလာကတုန္းကလည္း အဓိက ဇာတ္ေဆာင္ေနရာကသ႐ုပ္ေဆာင္ၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ရယူခဲ့သလို ယခုအခါတြင္လည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ႐ိုက္ကူးေနၿပီး သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားေနတဲ့ သူလည္းျဖစ္ပါတယ္။ သူဟာ အလုပ္အားတဲ့ရက္ေတြမွာ သူငယ္ခ်င္းေတြနဲ႔ အတူ ခရီးေတြထြက္ၿပီး အပန္းေျဖကာ ေပ်ာ္ေပ်ာ္ေနတက္တဲ့သူတစ္ဦး လည္းျဖစ္ပါတယ္။

သူကေတာ့ သ႐ုပ္ေဆာင္အပိုင္းမွာ ၿပီျပင္႐ုံသာမကပဲ ဟာသညဏ္႐ႊင္သူတစ္ဦး ျဖစ္တာေၾကာင့္ ႏွင္းဆီအၿငိမ့္မွာ ပါဝင္အားျဖည့္ကူညီၿပီး ပရဟိတအလုပ္ေတြကို ပါလုပ္ေဆာင္ေနသူ တစ္ဦးျဖစ္ပါတယ္။ သူက သ႐ုပ္ေဆာင္အလုပ္ေတြ လူ႐ႊင္ေတာ္ အလုပ္ေတြအျပင္ ေယာက္်ားေလးတိုင္းရဲ႕ အိမ္မက္ျဖစ္တဲ့ Biker သမားေလးတစ္ဦးလည္းျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ဟာ သမီးေလးတစ္ေယာက္ေမြးဖြားထားၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ဟာ သူဝါသနာပါတဲ့ အလုပ္ေတြအျပင္ သူ႔ရဲ႕မိသားစုကို လည္းအခ်ိန္ေပးၿပီး ဂ႐ုဆိုက္တာေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ေတြ တိုးေနတာ ဆိုရင္လည္းမမွားပါဘူး။

ယခုအခါမွာလည္း ေက်ာ္ေက်ာ္ဗိုလ္ နဲ႔ သ့ူဇနီးတို႔ရဲ႕မဂၤလာႏွစ္ပတ္လည္ ၁၃ႏွစ္ျပည့္ေန႔ေလးမွာ ခ်စ္ဇနီးေလးနဲ႔ အတူတြဲ႐ိုက္ထားတဲ့ ပုံေလးေတြကို ေက်ာ္ေက်ာ္ဗိုလ္က သူရဲ႕ လူမႈကြႏ္ုယက္စာမ်က္ႏွာမွာ “Happy Anniversary My Love ေပ်ာ္႐ႊင္စရာေကာင္းေသာတစ္ဆယ့္သုံးႏွစ္ေျမႇာက္ မဂၤလာႏွစ္ပတ္လည္ပါမိန္းမေရ…” ဆိုတဲ့ေခါင္းစဥ္နဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕ ႏွစ္ပတ္လည္ေန႔ကို ေရးသားေဖာ္ျပထားတာပဲျဖစ္ပါတယ္။ သူဟာ သူ႔ဇနီးကို ဘယ္ေလာက္ခ်စ္ၿပီး အေလးထားေၾကာင္းကိုလည္းေတြ႕ျမင္ႏိုင္ပါတယ္။ ပရိသတ္ႀကီးတို႔ကလည္း သူတို႔ ႏွစ္ေယာက္ရဲ႕ ႏွစ္ပတ္လည္ေန႔ေလးမွာ ေက်ာ္ေက်ာ္ဗိုလ္တို႔ ဇနီးေမာင္ႏွံ အတြက္ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္…။

သတင္းအရင္းျမစ္: Kyaw Kyaw Bo

credit – Myanmarload

Unicode

မင်္ဂလာနှစ်ပတ်လည် ၁၃နှစ်ပြည့်နေ့လေးမှာ ချစ်ဇနီးလေးနဲ့အတူ အမှတ်တရပုံလေးတွေကို ချပြလာတဲ့ ကျော်ကျော်ဗိုလ်

ဒီတစ်ခေါက်မှာတော့ ပျော်ပျော်နေတက်ပြီး စကားပြောဆိုရာမှာ ဟာသဆန်ဆန်ပြောတက်တဲ့ ပရိသတ်အချစ်တော် ကျော်ကျော်ဗိုလ်ပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ဟာ ဗီဒီယိုလောကတုန်းကလည်း အဓိက ဇာတ်ဆောင်နေရာကသရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရယူခဲ့သလို ယခုအခါတွင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ သူလည်းဖြစ်ပါတယ်။ သူဟာ အလုပ်အားတဲ့ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အတူ ခရီးတွေထွက်ပြီး အပန်းဖြေကာ ပျော်ပျော်နေတက်တဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။

သူကတော့ သရုပ်ဆောင်အပိုင်းမှာ ပြီပြင်ရုံသာမကပဲ ဟာသညဏ်ရွှင်သူတစ်ဦး ဖြစ်တာကြောင့် နှင်းဆီအငြိမ့်မှာ ပါဝင်အားဖြည့်ကူညီပြီး ပရဟိတအလုပ်တွေကို ပါလုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ သူက သရုပ်ဆောင်အလုပ်တွေ လူရွှင်တော် အလုပ်တွေအပြင် ယောက်ျားလေးတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ Biker သမားလေးတစ်ဦးလည်းဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ဟာ သမီးလေးတစ်ယောက်မွေးဖွားထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ဟာ သူဝါသနာပါတဲ့ အလုပ်တွေအပြင် သူ့ရဲ့မိသားစုကို လည်းအချိန်ပေးပြီး ဂရုဆိုက်တာတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေ တိုးနေတာ ဆိုရင်လည်းမမှားပါဘူး။

ယခုအခါမှာလည်း ကျော်ကျော်ဗိုလ် နဲ့ သ့ူဇနီးတို့ရဲ့မင်္ဂလာနှစ်ပတ်လည် ၁၃နှစ်ပြည့်နေ့လေးမှာ ချစ်ဇနီးလေးနဲ့ အတူတွဲရိုက်ထားတဲ့ ပုံလေးတွေကို ကျော်ကျော်ဗိုလ်က သူရဲ့ လူမှုကွန်ုယက်စာမျက်နှာမှာ “Happy Anniversary My Love ပျော်ရွှင်စရာကောင်းသောတစ်ဆယ့်သုံးနှစ်မြှောက် မင်္ဂလာနှစ်ပတ်လည်ပါမိန်းမရေ…” ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့ကို ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ သူဟာ သူ့ဇနီးကို ဘယ်လောက်ချစ်ပြီး အလေးထားကြောင်းကိုလည်းတွေ့မြင်နိုင်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း သူတို့ နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့လေးမှာ ကျော်ကျော်ဗိုလ်တို့ ဇနီးမောင်နှံ အတွက်ဆုတောင်းပေးလိုက်ကြပါဦးနော်…။

သတင်းအရင်းမြစ်: Kyaw Kyaw Bo

credit – Myanmarload

  • Leave a Comment

Categories