ကိုရန်လေးအတွက်အနုစိတ်ဆန်တဲ့ ၃ပေကိတ်ကြီးကို ကိုယ်တိုင်လုပ်ပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေးဇင်သဲနိုင်

ပရိသတ်ကြီးရေ.. ဒီကနေ့ ဒီဇင်ဘာ(၁၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်သလို ကျရာဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ပီပြင်လွန်းတဲ့ အကယ်ဒမီမင်းသားကြီး ရန်အောင်ရဲ့ အသက်(၅၄)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်နော်..။

ကိုရန်လေးလို့ အားလုံးက ရင်းရင်းနှီးနှီးခေါ်ကြတဲ့ မင်းသားကြီးရန်အောင်ကတော့ ငယ်စဉ်ကတည်းက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားပြီး ဇာတ်ကားပေါင်းများစွာရိုက်ကူးကာ ထက်ဆင့်အကယ်ဒမီအနုပညာရှင်အဖြစ် အောင်မြင်စွာ ရပ်တည်နေသူပါပဲ..။

ကိုရန်လေးကတော့ သူ့ရဲ့မွေးနေ့လေးမှာ Covid ကုသတိုက်ဖျက်ရေးအတွက် ဧရာဝတီစင်တာမှာ အလှူငွေတွေလှုဒါန်းကုသိုလ်ယူခဲ့သလို ပရိသတ်တွေနဲ့ မိတ်ဆွေတွေကလည်း မွေးနေ့တောင်းစကားလေးတွေ ပြောထားကြတာလည်း တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း ပိုင်ဇေရဲထွန်းရဲ့ ချစ်ဇနီးချောလေးဖြစ်တဲ့ ဇင်သဲနိုင်ကလည်း ကိုရန်လေးအတွက် ကိုရန်လေးရဲ့ပုံတူနဲ့ အနုစိတ်ဆန်တဲ့ ၃ပေကိတ်ကြီးကို ကိုယ်တိုင်လုပ်ပြီး မွေးနေ့ဆုတောင်းပေးလိုက်ပြန်ပါတယ်နော်..။

“ဂုဏ်ယူစွာဖြင့် အနုစိတ်ဖန်တီးဖြစ်သော ၃ပေကိတ်ကြီး🎂🎂🎂

Happy Birthday Ako🎂

My Taste by THAE. .” ဆိုပြီး ကိုရန်လေးအတွက် မွေးနေ့ကိတ်လေး ကိုယ်တိုင်ဖန်တီးပေးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

စားရက်စရာမရှိလောက်အောင်ကို လက်ရာမြောက်လွန်းတဲ့ ကိုရန်လေးအတွက် ဇင်သဲနိုင်ရဲ့မွေးနေ့ကိတ်ပုံရိပ်လေးတွေကို ပရိသတ်တွေအားလုံးကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

သတင်းအရင်းမြစ်: Zin Thee Naing

credit – Myanmarload

  • Leave a Comment

Categories