




credit – Myanmarload

Unicode

မြကျောက်ဆရာတော်ရဲ့ ကိုဗစ်ကာကွယ်ဆေးဘူးများကို မည်သူမဆိုလာရောက်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်တဲ့ နက္ခတ်မောင်

ပရိသတ်ကြီးရေ Mrtv4ရဲ့ မင်းသားတစ်လက်ဖြစ်တဲ့ နက္ခတ်မောင်ကတော့ ဇာတ်လမ်းတွဲများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်တတ်ပါတယ်နော်။နက္ခတ်မောင်က အနုပညာလောကထဲကိုစတင်ဝင်ရောက်ချိန်ကစပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားကာ အနုပညာလောကမှာ နေရာတစ်နေရာရရှိလာခဲ့တာဖြစ်ပါတယ်။နက္ခတ်မောင်ရဲ့အနုပညာအရည်အသွေးတွေကလည်း ပိုပိုကောင်းမွန်လာပြီး ပရိသတ်တွေအားပေးရကျိုးနပ်လောက်အောင် အရမ်းကြိုးစားတာဖြစ်ပါတယ်နော် ။

နက္ခတ်မောင်က စိတ်ထားလေးလည်းဖြူစင်ပြီး မာနမကြီးတတ်ဘဲ ပေါင်းသင်းဆက်ဆံရေးကောင်းလို့ လူချစ်လူခင်ပေါများပါတယ်နော်။နက္ခတ်မောင်ကတော့ အခုလိုကိုဗစ်ကာလမှာ အခက်အခဲနဲ့ကြုံနေရတဲ့လူတွေအတွက် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း နက္ခ‌တ်မောင်က မန္တလေးမြို့ မြကျောက်ဆရာ‌တော်ဘုန်းဘုန်းရဲ့ ကိုဗစ်ကာကွယ်ဆေးဘူးများကို အယုတ်အလတ်အမြတ်မရွေး လာရောက်ယူနိုင်ကြောင်းကို အောက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်နော်။

နက္ခတ်မောင်ကတော့”မန္တလေးမြို့ မြကျောက်ဆရာတော်ဘုန်းဘုန်းရဲ့ ကိုယ်ခံအားမြှင့်တင် ပျားရည်ငရုတ်ကောင်း ကိုဗစ်ကာကွယ်ဆေးဘူးများအားလက်ခံရရှိပါတယ် ခင်ဗျ၊ဘုန်းဘုန်းက အားလုံးကိုလှူတာပါဗျ၊မည်သူမဆို လာရောက်ယူနိုင်ပါတယ်။ခုနှစ်ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ…ဆေးက ရောင်းရန်မဟုတ်သည့်အတွက် သဒ္ဒါတရား နည်းများမဆိုလှူဒါန်းနိုင်ပါသည်”ဆိုပြီး ချစ်ပရိသတ်တွေအတွက် သတင်းကောင်းကိုမျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:Nat Khat

credit – Myanmarload

  • Leave a Comment

Categories