လြန္ခဲ့တဲ့(၄)ႏွစ္ကဒီလိုအခ်ိန္မွာ အသားျဖဴျဖဴ၊ပါးေဖာင္းေဖာင္းေလးနဲ႔ ေမေမ့သက္မြန္ျမင့္ရဲ႕ဘဝထဲကို ဝင္ေရာက္လာခဲ့တဲ့ သမီးငယ္လဝန္းေလး

မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကေတာ့ ခ်စ္စရာေကာင္းတဲ့ ခ်င္းတိုင္းရင္းသူေလးတစ္ဦးျဖစ္ၿပီး ပရိသတ္ေတြအေပၚမွာ အၿမဲတမ္း တေလးတစား ဆက္ဆံေပးတတ္တာ ျဖစ္ပါတယ္ ။ အကယ္ဒမီဆုႏွစ္ဆုပိုင္ရွင္ျဖစ္တဲ့ သက္မြန္ျမင့္က အႏုပညာေလာကမွာ ေအာင္ျမင္မႈမွတ္တိုင္ေတြ စိုက္ထူထားႏိုင္တာလည္း ျဖစ္ပါတယ္ ။ သက္မြန္ျမင့္ကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္သလို ကိုယ္ပိုင္စတိုင္လ္ေလးနဲ႔ပဲ ေအးေအးေဆးေဆးေနတတ္တာ ျဖစ္ပါတယ္ ။

သက္မြန္ျမင့္က သားတစ္ေယာက္၊သမီးတစ္ေယာက္ပိုင္ဆိုင္ထားတဲ့ ကေလးႏွစ္ေယာက္ေမေမျဖစ္ၿပီး မိသားစုအေပၚမွာ တာဝန္ေက်တဲ့အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္ ။ သက္မြန္ျမင့္ရဲ႕ကေလးေတြက ေမေမနဲ႔႐ုပ္ခ်င္းဆင္ၾကသလို အရမ္းခ်စ္ဖို႔ေကာင္းတာေၾကာင့္ ပရိသတ္ေတြကလည္း ဝိုင္းခ်စ္ေနရတာ ျဖစ္ပါတယ္ ။ ဒီေန႔ဒီဇင္ဘာလ (၁၄)ရက္ေန႔ေလးဟာဆိုရင္ေတာ့ သက္မြန္ျမင့္ရဲ႕သမီးငယ္ေလး လဝန္းရဲ႕ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ တီတီပုံ႔က လဝန္းေလးအတြက္ ေမြးေန႔ဆုေတာင္းေပးရင္းနဲ႔ ေမြးကင္းစအ႐ြယ္က ပုံရိပ္ေလးေတြကို မွ်ေဝေပးထားတာ ျဖစ္ပါတယ္ ။ လြန္ခဲ့တဲ့ (၄)ႏွစ္က ဒီလိုအခ်ိန္မွာ အသားျဖဴျဖဴ၊ပါးေဖာင္းေဖာင္းေလးနဲ႔ (၆)ေပါင္ (၁၀)ေအာင္ကိုယ္အေလးခ်ိန္ရွိတဲ့ လဝန္းေလးက ေမေမသက္မြန္ျမင့္ရဲ႕ဘဝထဲကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ လဝန္းေလးေမြးစအ႐ြယ္တုန္းက ေပ်ာ္႐ႊင္ေနတဲ့ ေမေမသက္မြန္ျမင့္ရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Photo Credit-Ma Pont’s FB Acc & Thet Mon Myint

credit – Myanmarload

Unicode

လွန်ခဲ့တဲ့(၄)နှစ်ကဒီလိုအချိန်မှာ အသားဖြူဖြူ၊ပါးဖောင်းဖောင်းလေးနဲ့ မေမေ့သက်မွန်မြင့်ရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ သမီးငယ်လဝန်းလေး

မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ချစ်စရာကောင်းတဲ့ ချင်းတိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး ပရိသတ်တွေအပေါ်မှာ အမြဲတမ်း တလေးတစား ဆက်ဆံပေးတတ်တာ ဖြစ်ပါတယ် ။ အကယ်ဒမီဆုနှစ်ဆုပိုင်ရှင်ဖြစ်တဲ့ သက်မွန်မြင့်က အနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူထားနိုင်တာလည်း ဖြစ်ပါတယ် ။ သက်မွန်မြင့်ကတော့ ပျော်ပျော်နေတတ်သလို ကိုယ်ပိုင်စတိုင်လ်လေးနဲ့ပဲ အေးအေးဆေးဆေးနေတတ်တာ ဖြစ်ပါတယ် ။

သက်မွန်မြင့်က သားတစ်ယောက်၊သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ကလေးနှစ်ယောက်မေမေဖြစ်ပြီး မိသားစုအပေါ်မှာ တာဝန်ကျေတဲ့အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ် ။ သက်မွန်မြင့်ရဲ့ကလေးတွေက မေမေနဲ့ရုပ်ချင်းဆင်ကြသလို အရမ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကလည်း ဝိုင်းချစ်နေရတာ ဖြစ်ပါတယ် ။ ဒီနေ့ဒီဇင်ဘာလ (၁၄)ရက်နေ့လေးဟာဆိုရင်တော့ သက်မွန်မြင့်ရဲ့သမီးငယ်လေး လဝန်းရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။

ဒါကြောင့် တီတီပုံ့က လဝန်းလေးအတွက် မွေးနေ့ဆုတောင်းပေးရင်းနဲ့ မွေးကင်းစအရွယ်က ပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ (၄)နှစ်က ဒီလိုအချိန်မှာ အသားဖြူဖြူ၊ပါးဖောင်းဖောင်းလေးနဲ့ (၆)ပေါင် (၁၀)အောင်ကိုယ်အလေးချိန်ရှိတဲ့ လဝန်းလေးက မေမေသက်မွန်မြင့်ရဲ့ဘဝထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် လဝန်းလေးမွေးစအရွယ်တုန်းက ပျော်ရွှင်နေတဲ့ မေမေသက်မွန်မြင့်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Ma Pont’s FB Acc & Thet Mon Myint

credit – Myanmarload

  • Leave a Comment

Categories