




credit – Myanmarload

Unicode

စတိုင်အပြည့်နဲ့ပဲပေးတတ်လွန်းတဲ့သမီးလေးကြောင့် မေမေပါအရှုံးပေးနေရတဲ့ ချောရတနာရဲ့သမီးလေး Co Co

ပရိသတ်ကြီးရေ….ပေါချောလို့လည်း ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးချောရတနာကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ကားကြီးများကို အောင်မြင်အောင်ရိုက်ကူးထားနိုင်တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ချောရတနာဟာ သရုပ်ဆောင်ပိုင်းမှာထူးချွန်ရုံသာမက အငြိမ့်ကရာမှာလည်းပါရမီပါပြီး ကျွမ်းကျွမ်းကျင်ကျင်ကနိုင်တဲ့သူဆိုလည်း မမှားပါဘူး။

ချောရတနာဟာ အခုလက်ရှိမှာဆိုရင်သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ချောရတနာဟာမိသားစုကိုအချိန်ပေးပြီးဂရုစိုက်တတ်သူဖြစ်တာကြောင့် နောက်ပိုင်းတွင် အနုပညာလှုပ်ရှားမှုနည်းပါးသွားတာလည်းဖြစ်ပါတယ်နော်။ ချောရတနာရဲ့သားလေးနဲ့သမီးလေးဟာလည်း မေမေ့ဆီကနေအချောအလှတွေစုရထားကြတာဖြစ်လို့ ချစ်စရာအရမ်းကောင်းတဲ့ကလေးလေးတွေပါနော်။

အငယ်ဆုံးသမီးလေး Co Coဟာဆိုရင်လည်းအရွယ်နဲ့မလို‌က်အောင်ကို ချစ်စရာအရမ်းကောင်းတာဖြစ်ပြီး ပို့စ်လေးတွေလည်းမျိုးစုံပေးတတ်တာပါနော်။ မကြာသေးမီကလည်း ချောရတနာဟာသူမရဲ့ Facebookစာမျက်နှာမှာ “ကဲတီတီ နားလိုက်တော့ Co Coရဲ့ပဲပေးချက်ရှိုးလိုက်တော့……” ဆိုတဲ့ captionလေးနဲ့အတူ သမီးငယ်လေး Co Coရဲ့ချစ်စရာပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Chaw Yadanar

credit – Myanmarload

  • Leave a Comment

Categories