ေယာကၡမေမေမက ပန္းၿခံေလးျပင္ခ်င္တယ္ဆိုတာနဲ႔ လွလွေလးျဖစ္သြားေအာင္ (၂)ရက္တည္းကိုယ္တိုင္ျပဳျပင္လိုက္တဲ့ ခ်စ္စႏိုးဦး

မင္းသမီးေခ်ာေလး အကယ္ဒမီခ်စ္စႏိုးဦးကေတာ့ အႏုပညာေလာကထဲမွာ ဗီဒီယိုဇာတ္ကားေတြေခတ္စားကတည္းက ဇာတ္ကားေတြမ်ားစြာကို႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ခ်စ္စႏိုးဦးက ခ်စ္စရာမ်က္ႏွာေလးကိုပိုင္ဆိုင္ထားၿပီး စကားေျပာတာေလးကလည္း သိမ္ေမြ႕ႏူးညံ့လို႔ လူတိုင္းရဲ႕ခ်စ္ခင္အားေပးမႈေတြကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္ေနာ္။ခ်စ္စႏိုးဦးက လက္ရွိအခ်ိန္မွာေတာ့ အႏုပညာအလုပ္ေလးေတြကို အနည္းအက်ဥ္းသာလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ခ်စ္စႏိုးဦးကို အားေပးခ်စ္ခင္ၾကတဲ့ပရိသတ္ေတြကလည္း ယေန႔အခ်ိန္ထိတိုင္ သူမကိုအခ်စ္မျပယ္ဘဲ ဝန္းရံေနၾကဆဲျဖစ္ပါတယ္ေနာ္။

ခ်စ္စႏိုးဦးက သူမကိုအရမ္းခ်စ္တဲ့သူနဲ႔ ႏွစ္ကိုယ္တူဘဝေလးကို တည္ေဆာက္ဖို႔အတြက္ ခမ္းခမ္းနားနားမဂၤလာေဆာင္ခဲ့တာျဖစ္ပါတယ္။ခ်စ္စႏိုးဦးတို႔ဇနီးေမာင္ႏွံက ေအးအတူပူအမွ်နဲ႔ ခ်စ္ခ်စ္ခင္ခင္ရွိၾကၿပီး ႏွစ္ေယာက္လုံးက အႏုပညာရွင္ေတြျဖစ္လို႔ တိုင္တိုင္ပင္ပင္လည္းရွိၾကပါတယ္ေနာ္။ခ်စ္စႏိုးဦးက ေယာက္်ားရသြားေပမယ့္ ေယာကၡမတို႔နဲ႔အတူေနၿပီး ႏွစ္ဖက္မိဘေတြကို လိုေလေသးမရွိေအာင္ ဂ႐ုစိုက္ေစာင့္ေရွာက္ေပးေနတဲ့ သမီးလိမၼာေလးျဖစ္ပါတယ္။

ခ်စ္စႏိုးဦးက မိဘေတြရဲ႕ျဖစ္ခ်င္တဲ့ဆႏၵတိုင္းကို အတတ္ႏိုင္ဆုံးျဖည့္ဆည္းေပးတတ္လို႔ အခုဆိုရင္လည္း ေယာကၡမေမေမလိုခ်င္တာေလးကို ရေအာင္လုပ္ေပးလိုက္တာျဖစ္ပါတယ္။ခ်စ္စႏိုးဦးက”အေမက ပန္းၿခံေလး ျပင္ခ်င္တယ္ဆိုတာနဲ႔ အရမ္း မေျပာလိုက္ရပါဘူး ၂ ရက္တည္းဝုန္းဒိုင္းက်ဲလိုက္တာ .. ဒီလိုေလးျဖစ္သြားေတာ့လည္းစိတ္ခ်မ္းသာတယ္ … ဝါသနာေလးပါေတာ့လည္း ဒါမ်ိဳးလုပ္ေနရရင္မပင္ပန္းပါဘူး”ဆိုၿပီး ပန္းၿခံလွလွေလးကို ဖန္တီးေပးလိုက္တာျဖစ္ပါတယ္။ခ်စ္စႏိုးဦးကေတာ့ ပန္းလွလွေလးေတြစိုက္ပ်ိဳးထားၿပီး ကိုယ္တိုင္ျပဳျပင္ထားတာျဖစ္လို႔ ေနခ်င္စဖြယ္ပန္းၿခံပုံေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source and Photo Credit:Chit Snow Oo

credit – Myanmarload

Unicode

ယောက္ခမမေမေက ပန်းခြံလေးပြင်ချင်တယ်ဆိုတာနဲ့ လှလှလေးဖြစ်သွားအောင် (၂)ရက်တည်းကိုယ်တိုင်ပြုပြင်လိုက်တဲ့ ချစ်စနိုးဦး

မင်းသမီးချောလေး အကယ်ဒမီချစ်စနိုးဦးကတော့ အနုပညာလောကထဲမှာ ဗီဒီယိုဇာတ်ကားတွေခေတ်စားကတည်းက ဇာတ်ကားတွေများစွာကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ချစ်စနိုးဦးက ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားပြီး စကားပြောတာလေးကလည်း သိမ်မွေ့နူးညံ့လို့ လူတိုင်းရဲ့ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။ချစ်စနိုးဦးက လက်ရှိအချိန်မှာတော့ အနုပညာအလုပ်လေးတွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။ချစ်စနိုးဦးကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကလည်း ယနေ့အချိန်ထိတိုင် သူမကိုအချစ်မပြယ်ဘဲ ဝန်းရံနေကြဆဲဖြစ်ပါတယ်နော်။

ချစ်စနိုးဦးက သူမကိုအရမ်းချစ်တဲ့သူနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ဖို့အတွက် ခမ်းခမ်းနားနားမင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ချစ်စနိုးဦးတို့ဇနီးမောင်နှံက အေးအတူပူအမျှနဲ့ ချစ်ချစ်ခင်ခင်ရှိကြပြီး နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်လို့ တိုင်တိုင်ပင်ပင်လည်းရှိကြပါတယ်နော်။ချစ်စနိုးဦးက ယောက်ျားရသွားပေမယ့် ယောက္ခမတို့နဲ့အတူနေပြီး နှစ်ဖက်မိဘတွေကို လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်။

ချစ်စနိုးဦးက မိဘတွေရဲ့ဖြစ်ချင်တဲ့ဆန္ဒတိုင်းကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတတ်လို့ အခုဆိုရင်လည်း ယောက္ခမမေမေလိုချင်တာလေးကို ရအောင်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ချစ်စနိုးဦးက”အမေက ပန်းခြံလေး ပြင်ချင်တယ်ဆိုတာနဲ့ အရမ်း မပြောလိုက်ရပါဘူး ၂ ရက်တည်းဝုန်းဒိုင်းကျဲလိုက်တာ .. ဒီလိုလေးဖြစ်သွားတော့လည်းစိတ်ချမ်းသာတယ် … ဝါသနာလေးပါတော့လည်း ဒါမျိုးလုပ်နေရရင်မပင်ပန်းပါဘူး”ဆိုပြီး ပန်းခြံလှလှလေးကို ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ချစ်စနိုးဦးကတော့ ပန်းလှလှလေးတွေစိုက်ပျိုးထားပြီး ကိုယ်တိုင်ပြုပြင်ထားတာဖြစ်လို့ နေချင်စဖွယ်ပန်းခြံပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Photo Credit:Chit Snow Oo

credit – Myanmarload

  • Leave a Comment

Categories