



Video ကြည့်ရန်

Unicode

မင်းသမီးဖြစ်ပြီး ရုပ်မချောလို့ ဝေဖန်ခံရတဲ့အကြောင်း ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာတဲ့ ဝေလာရီ

အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ရင်း ပရိသတ်တွေပေးတဲ့ နေရာတစ်နေရာ ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝေလာရီပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် အနုပညာလောကထဲကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်ဝတ်စားတတ်တဲ့ ဝေလာရီရဲ့ ပုံစံလေးကို ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

ဝေလာရီက မင်းသမီးဖြစ်ပြီး ရုပ်မချောလို့ ဝေဖန်ခံရတဲ့ အကြောင်းကို ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြလာတာပဲဖြစ်ပါတယ်။ ဝေလာရီက ” “ဘဝမှာ မင်းသမီး နေရာကနေ သရုပ်ဆောင်ခွင့် ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အလုပ်တွေ အများကြီး လုပ်ရပြီး၊ ဝင်ငွေတွေ ရှာနိုင်လိမ့်မယ်လို့လည်း မထင်ထားဘူး။ မင်းသမီး ဖြစ်ပြီး ရုပ်လည်း မချော၊ ခန္ဓာကိုယ်လည်း မလှတော့ အရမ်း ဝေဖန်ခံ ခဲ့ရတယ်။ မျက်လုံး စောင်းနေတယ်.. ခါးတုတ် တယ် လို့ အမျိုးမျိုး Shaming လုပ်ကြတော့ စိတ်ထိခိုက် ခဲ့ရတယ်” လို့ ပြောလာခဲ့ပါတယ်။

လတ်တလောမှာတော့ ဝေလာရီက MRTV4 နဲ့ ဇာတ်လမ်းတွဲ အသစ်တစ်ခုရိုက်နေကြောင်းကိုလဲပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက် ဝေလာရီရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

  • Leave a Comment

Categories