




credit – Myanmarload

Unicode

မနက်ဖြန်မှာပဲ သားဦးလေးမွေးပေးတော့မယ့်ချစ်ဇနီးလေးကို ဆေးရုံမှာအနီးကပ်ပြုစုစောင့်ရှောက်ရင်း ကြင်နာနေတဲ့ စိုးရန်အောင်ရဲ့ဗီဒီယို

သရုပ်ဆောင်မင်းသားချော စိုးရန်အောင်နဲ့ သရုပ်ဆောင်မင်းသမီးချောလေး သက်သခင်တို့ကတော့ နှစ်တွေအကြာကြီး ချစ်သူအဖြစ် လက်တွဲပြီးမှ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ စိုးရန်အောင်တို့ဇနီးမောင်နှံရဲ့အိမ်ထောင်ရေးက သာယာစိုပြေပြီး သူတို့ဘဝလေးက အရမ်းကိုပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ စိုးရန်အောင်တို့ဇနီးမောင်နှံက သူတို့ရဲ့ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကို ပိုင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ် ။

(၉)လတိတိကိုယ်ဝန်လွယ်ခဲ့ပြီးပြီဖြစ်တဲ့သက်သခင်ကတော့ မနက်ဖြန်မှာပဲ ရင်သွေးငယ်လေးကို မွေးဖွားတော့မှာ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီနေ့ညမှာ သက်သခင်က ဆေးရုံတက်နေရတာဖြစ်ပြီး မနက်ဖြန်အတွက် ကြိုတွေးကာ ရင်ခုန်နေရတာလည်း ဖြစ်ပါတယ် ။ စိုးရန်အောင်ကတော့ ကိုယ်ဝန်သည်ချစ်ဇနီးလေးကို အစစအရာရာဂရုစိုက်ပြီး အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း သူတို့ဇနီးမောင်နှံက အမှတ်တရညလေးကို သတိရနေစေဖို့ ပထမဆုံးအနေနဲ့ Live လွှင့်ခဲ့ကြတာ ဖြစ်ပါတယ် ။

စိုးရန်အောင်က “သားသားမမွေးခင် ည လေး အမှတ်တရ” ဆိုပြီး ချစ်ဇနီးလေးနဲ့အတူ Live လွှင့်ရင်း စကားပြောခဲ့တာပဲ ဖြစ်ပါတယ် ။ သားလေးရဲ့မျက်နှာကိုမြင်ရဖို့ အရမ်းရင်ခုန်နေကြတဲ့ ဖခင်လောင်းစိုးရန်အောင်နဲ့ မိခင်လောင်းလေး သက်သခင်တို့ကတော့ ပရိသတ်တွေကိုပါ အပျော်တွေကူးစက်စေခဲ့တာ ဖြစ်ပါတယ် ။ ကဲ သားဦးလေးမွေးဖို့ ဆေးရုံကိုရောက်ရှိနေပြီဖြစ်တဲ့ စိုးရန်အောင်တို့ဇနီးမောင်နှံရဲ့Live ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Soe Yan Aung

credit – Myanmarload

  • Leave a Comment

Categories