ခ်စ္သူေကာင္မေလးကို အလင္းျပလိုက္ၿပီျဖစ္တဲ့ ေတးသံရွင္ ရာဝန

ပရိသတ္ႀကီးေရ ေတးသံရွင္ ရာဝနကေတာ့ လူငယ္ပရိသတ္ေတြအရမ္းႀကိဳက္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕ Answer သီခ်င္းေခြကေတာ့ ပရိသတ္ေတြၾကားမွာ အေတာ္ေလးေရပန္းစားခဲ့တာပါ ။ Answer ေခြကိုထြက္တဲ့ေန႔က ခ်စ္သူေကာင္မေလးဆီက အေျဖရခဲ့တာျဖစ္ၿပီး ခ်စ္သူရဲ႕ပုံေလးကို ေသရာပါတက္တူးထိုးခဲ့တာပါ ။

ပရိသတ္ေတြက ရာဝနရဲ႕ခ်စ္သူကဘယ္သူလဲ ဆိုတာ အၿမဲစိတ္ဝင္စားခဲ့ၾကေပမယ့္လည္း ပရိသတ္ေတြေရွ႕ကို ခ်စ္သူကိုထုတ္မျပခဲ့ပါဘူး ။လတ္တေလာမွာေတာ့ ပရိသတ္ေတြအားလုံးသိခ်င္ေနတဲ့ သူ႔ရဲ႕ခ်စ္သူေကာင္မေလးကို ပရိသတ္ေတြကို အလင္းျပလိုက္ပါၿပီေနာ္ ။ She’s my world ဆိုတဲ့စာသားေလးနဲ႔အတူ ခ်စ္သူေကာင္မေလးနဲ႔ အတူတြဲ႐ိုက္ထားတဲ့ စုံတြဲပုံေလးေတြကို ပရိသတ္ေတြကို ခ်ျပလိုက္တာပဲျဖစ္ပါတယ္ ။

ပရိသတ္ေတြကေတာ့ ရာဝနရဲ႕ ခ်စ္သူကို အရမ္းခ်စ္ဖို႔ေကာင္းေၾကာင္းနဲ႔ သူတို႔စုံတြဲေလးကို လိုက္ဖက္ေၾကာင္း ၾကည္ႏူးဖြယ္ မွတ္ခ်က္ေလးေတြေရးသားခဲ့ၾကပါတယ္ ။ ရာဝနဲ႔ပရိသတ္ေတြအတြက္လည္း စုံတြဲပုံရိပ္ေလးေတြကိုတဆင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Yarwana
credit – Yaung Chi

Unicode

ချစ်သူကောင်မလေးကို အလင်းပြလိုက်ပြီဖြစ်တဲ့ တေးသံရှင် ရာဝန

ပရိသတ်ကြီးရေ တေးသံရှင် ရာဝနကတော့ လူငယ်ပရိသတ်တွေအရမ်းကြိုက်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ Answer သီချင်းခွေကတော့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့တာပါ ။ Answer ခွေကိုထွက်တဲ့နေ့က ချစ်သူကောင်မလေးဆီက အဖြေရခဲ့တာဖြစ်ပြီး ချစ်သူရဲ့ပုံလေးကို သေရာပါတက်တူးထိုးခဲ့တာပါ ။

ပရိသတ်တွေက ရာဝနရဲ့ချစ်သူကဘယ်သူလဲ ဆိုတာ အမြဲစိတ်ဝင်စားခဲ့ကြပေမယ့်လည်း ပရိသတ်တွေရှေ့ကို ချစ်သူကိုထုတ်မပြခဲ့ပါဘူး ။လတ်တလောမှာတော့ ပရိသတ်တွေအားလုံးသိချင်နေတဲ့ သူ့ရဲ့ချစ်သူကောင်မလေးကို ပရိသတ်တွေကို အလင်းပြလိုက်ပါပြီနော် ။ She’s my world ဆိုတဲ့စာသားလေးနဲ့အတူ ချစ်သူကောင်မလေးနဲ့ အတူတွဲရိုက်ထားတဲ့ စုံတွဲပုံလေးတွေကို ပရိသတ်တွေကို ချပြလိုက်တာပဲဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ ရာဝနရဲ့ ချစ်သူကို အရမ်းချစ်ဖို့ကောင်းကြောင်းနဲ့ သူတို့စုံတွဲလေးကို လိုက်ဖက်ကြောင်း ကြည်နူးဖွယ် မှတ်ချက်လေးတွေရေးသားခဲ့ကြပါတယ် ။ ရာဝနဲ့ပရိသတ်တွေအတွက်လည်း စုံတွဲပုံရိပ်လေးတွေကိုတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yarwana
credit – Yaung Chi

  • Leave a Comment

Categories