ဇာတ္ကၿပီးရရွိထားတဲ့ေငြေတြနဲ႔ဝယ္ယူထားတဲ့ ၿပိဳင္ကားကိုထုတ္ႂကြားလိုက္တဲ့ ဟန္ဇာမိုးဝင္းတို႔သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ဗီဒီယို

အဖိုးရဲ႕ ဇာတ္သဘင္ပညာအေမြေတြကို ဆက္ခံရရွိထားသူကေတာ့ ဇာတ္မင္းသားေလး တင္ေမာင္ဆန္းမင္းဝင္းပဲ ျဖစ္ပါတယ္။ သူဟာ ေ႐ႊမန္းတင္ေမာင္ရဲ႕ ေျမးျဖစ္ၿပီး ငယ္စဥ္ကတည္းက ဇာတ္ပြဲမ်ားတြင္ ကျပေဖ်ာ္ေျဖခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဦးေလးေတြ ျဖစ္တဲ့ ဦးခ်မ္းသာ ၊ ဦးဝင္းေမာင္တို႔ဆီက သဘင္ပညာေတြကို ေလ့လာမွတ္သားကာ ကိုယ္ပိုင္ဇာတ္အဖြဲ႕ကို တည္ေထာင္ထားတာလည္း ျဖစ္ပါတယ္။

သူဟာ ခ်စ္ရတဲ့ ဇနီး ၊ သားေလးနဲ႔အတူ ၾကည္ႏူးေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကိုပါ တည္ေဆာက္ထားတာလည္း ျဖစ္ပါတယ္။ ဆန္းမင္းဝင္းဟာ သူငယ္ခ်င္းျဖစ္သူ ဟန္ဇာမိုးဝင္းနဲ႔အတူ မာလာၿမိဳင္ မိုးရာသီဇာတ္ပြဲႀကီးကို သုံးလတိုင္တိုင္ ေအာင္ေအာင္ျမင္ျမင္နဲ႔ က်င္းပျပဳလုပ္ခဲ့ႏိုင္တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ေတာင္းဆိုခ်က္အရ ေဟမန္ရာသီေဖ်ာ္ေျဖပြဲႀကီးကို ဆက္လက္ကျပေဖ်ာ္ေျဖသြားဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ေဆာင္႐ြက္ေနၿပီပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းေလာက္ကလည္း ဟာသလူ႐ႊင္ေတာ္ ကဲကဲရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ဗီဒီယိုေလး တစ္ခု တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ဇာတ္ကၿပီးရရွိထားတဲ့ေငြေတြနဲ႔ဝယ္ယူထားတဲ့ ၿပိဳင္ကားကိုထုတ္ႂကြားလိုက္တဲ့ ဟန္ဇာမိုးဝင္းနဲ႔ တင္ေမာင္ဆန္းမင္းဝင္းတို႔သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ဗီဒီယိုေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd- San Min’s and Kae Kae

credit – Myanmarload

Unicode

ဇာတ်ကပြီးရရှိထားတဲ့ငွေတွေနဲ့ဝယ်ယူထားတဲ့ ပြိုင်ကားကိုထုတ်ကြွားလိုက်တဲ့ ဟန်ဇာမိုးဝင်းတို့သူငယ်ချင်းနှစ်ယောက်ရဲ့ဗီဒီယို

အဖိုးရဲ့ ဇာတ်သဘင်ပညာအမွေတွေကို ဆက်ခံရရှိထားသူကတော့ ဇာတ်မင်းသားလေး တင်မောင်ဆန်းမင်းဝင်းပဲ ဖြစ်ပါတယ်။ သူဟာ ရွှေမန်းတင်မောင်ရဲ့ မြေးဖြစ်ပြီး ငယ်စဉ်ကတည်းက ဇာတ်ပွဲများတွင် ကပြဖျော်ဖြေခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဦးလေးတွေ ဖြစ်တဲ့ ဦးချမ်းသာ ၊ ဦးဝင်းမောင်တို့ဆီက သဘင်ပညာတွေကို လေ့လာမှတ်သားကာ ကိုယ်ပိုင်ဇာတ်အဖွဲ့ကို တည်ထောင်ထားတာလည်း ဖြစ်ပါတယ်။

သူဟာ ချစ်ရတဲ့ ဇနီး ၊ သားလေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ဆန်းမင်းဝင်းဟာ သူငယ်ချင်းဖြစ်သူ ဟန်ဇာမိုးဝင်းနဲ့အတူ မာလာမြိုင် မိုးရာသီဇာတ်ပွဲကြီးကို သုံးလတိုင်တိုင် အောင်အောင်မြင်မြင်နဲ့ ကျင်းပပြုလုပ်ခဲ့နိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့တောင်းဆိုချက်အရ ဟေမန်ရာသီဖျော်ဖြေပွဲကြီးကို ဆက်လက်ကပြဖျော်ဖြေသွားဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဟာသလူရွှင်တော် ကဲကဲရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဇာတ်ကပြီးရရှိထားတဲ့ငွေတွေနဲ့ဝယ်ယူထားတဲ့ ပြိုင်ကားကိုထုတ်ကြွားလိုက်တဲ့ ဟန်ဇာမိုးဝင်းနဲ့ တင်မောင်ဆန်းမင်းဝင်းတို့သူငယ်ချင်းနှစ်ယောက်ရဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd- San Min’s and Kae Kae

credit – Myanmarload

  • Leave a Comment

Categories