ကေလးတစ္ၿပဳံႀကီးကို ဆူပူႀကိမ္းေမာင္းရင္းနဲ႔ သူ႔ကိုပါပြစိပြစိလာေျပာတဲ့ ဆုျမတ္ႏိုးဦးကိုၾကည့္ၿပီး မေနႏိုင္ဘဲထရယ္ခဲ့တဲ့ ေက်ာ္ေက်ာ္ရဲ႕႐ိုက္ကြင္းဗီဒီယို

ေက်ာ္ေက်ာ္၊ ဆုျမတ္ႏိုးဦးနဲ႔ ညီထြဋ္ေခါင္တို႔သုံးေယာက္ကေတာ့ အင္မတန္ခင္မင္ရင္းႏွီးၾကတဲ့ သူငယ္ခ်င္းေကာင္းေတြဆိုတာ အားလုံးကလည္း သိေနၿပီးသားျဖစ္မယ္ထင္ပါတယ္ေနာ္။ ပရိသတ္ေတြရဲ႕အားေပးမႈကို ရယူထားတဲ့ သူတို႔သူငယ္ခ်င္းသုံးေယာက္က ေအာင္ျမင္မႈေတြ အသီးသီးရရွိထားၾကတာလည္း ျဖစ္ပါတယ္ ။ ေက်ာ္ေက်ာ္တို႔သူငယ္ခ်င္းသုံးေယာက္က အႏုပညာအလုပ္ေတြကို အတူတူလုပ္ကိုင္ၾကသလို ဘာပဲလုပ္လုပ္ အၿမဲတမ္းစိတ္တူကိုယ္တူရွိၾကတာ ျဖစ္ပါတယ္ ။

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနတတ္ၾကတဲ့ ေက်ာ္ေက်ာ္တို႔သူငယ္ခ်င္းသုံးေယာက္က ဟာသဗီဒီယိုေတြလည္း ႐ိုက္ကူးတင္ဆက္ေပးတတ္တာ ျဖစ္ပါတယ္ ။ သူတို႔သုံးေယာက္ရဲ႕ဗီဒီယိုေလးေတြကိုလည္း ပရိသတ္ေတြအရမ္းသေဘာက်ၾကတာေၾကာင့္ အၿမဲတမ္းလိုလို ၾကည့္ရႈသူမ်ားျပားေနတာပဲ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ ေက်ာ္ေက်ာ္နဲ႔ ဆုျမတ္ႏိုးဦးတို႔ႏွစ္ေယာက္က ပညာေပးဗီဒီယိုေလးတစ္ခုကို အတူတူပူးေပါင္းသ႐ုပ္ေဆာင္ၿပီး ႐ိုက္ကူးခဲ့ၾကတာ ျဖစ္ပါတယ္ ။

အခုလည္း ဆုျမတ္ႏိုးဦးက ႐ိုက္ကြင္းေနာက္ကြယ္က ရယ္ေမာစရာအခိုက္အတန္႔ေလးတစ္ခုကို ဗီဒီယိုနဲ႔အတူ မွ်ေဝလိုက္တာ ျဖစ္ပါတယ္ ။ ဒီဗီဒီယိုေလးမွာေတာ့ ဆုျမတ္ႏိုးဦးက ကေလးတစ္ၿပဳံႀကီးကို ဆူပူႀကိမ္းေမာင္းရင္းနဲ႔ ေက်ာ္ေက်ာ့္ကိုပါ ပြစိပြစိေျပာေနတာပဲ ျဖစ္ပါတယ္ ။ ေက်ာ္ေက်ာ္ကေတာ့ ဆုျမတ္ႏိုးဦးကိုၾကည့္ၿပီး မေနႏိုင္ဘဲ ထရယ္ခဲ့ရတာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ေက်ာ္ေက်ာ္နဲ႔ ဆုျမတ္ႏိုးဦးတို႔ရဲ႕႐ိုက္ကြင္းေပၚက အခြီဗီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Video Credit-Hsu Myat Noe Oo

credit – Myanmarload

Unicode

ကလေးတစ်ပြုံကြီးကို ဆူပူကြိမ်းမောင်းရင်းနဲ့ သူ့ကိုပါပွစိပွစိလာပြောတဲ့ ဆုမြတ်နိုးဦးကိုကြည့်ပြီး မနေနိုင်ဘဲထရယ်ခဲ့တဲ့ ကျော်ကျော်ရဲ့ရိုက်ကွင်းဗီဒီယို

ကျော်ကျော်၊ ဆုမြတ်နိုးဦးနဲ့ ညီထွဋ်ခေါင်တို့သုံးယောက်ကတော့ အင်မတန်ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းကောင်းတွေဆိုတာ အားလုံးကလည်း သိနေပြီးသားဖြစ်မယ်ထင်ပါတယ်နော်။ ပရိသတ်တွေရဲ့အားပေးမှုကို ရယူထားတဲ့ သူတို့သူငယ်ချင်းသုံးယောက်က အောင်မြင်မှုတွေ အသီးသီးရရှိထားကြတာလည်း ဖြစ်ပါတယ် ။ ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်က အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်ကြသလို ဘာပဲလုပ်လုပ် အမြဲတမ်းစိတ်တူကိုယ်တူရှိကြတာ ဖြစ်ပါတယ် ။

ပျော်ပျော်ရွှင်ရွှင် နေတတ်ကြတဲ့ ကျော်ကျော်တို့သူငယ်ချင်းသုံးယောက်က ဟာသဗီဒီယိုတွေလည်း ရိုက်ကူးတင်ဆက်ပေးတတ်တာ ဖြစ်ပါတယ် ။ သူတို့သုံးယောက်ရဲ့ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေအရမ်းသဘောကျကြတာကြောင့် အမြဲတမ်းလိုလို ကြည့်ရှုသူများပြားနေတာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့နှစ်ယောက်က ပညာပေးဗီဒီယိုလေးတစ်ခုကို အတူတူပူးပေါင်းသရုပ်ဆောင်ပြီး ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။

အခုလည်း ဆုမြတ်နိုးဦးက ရိုက်ကွင်းနောက်ကွယ်က ရယ်မောစရာအခိုက်အတန့်လေးတစ်ခုကို ဗီဒီယိုနဲ့အတူ မျှဝေလိုက်တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ ဆုမြတ်နိုးဦးက ကလေးတစ်ပြုံကြီးကို ဆူပူကြိမ်းမောင်းရင်းနဲ့ ကျော်ကျော့်ကိုပါ ပွစိပွစိပြောနေတာပဲ ဖြစ်ပါတယ် ။ ကျော်ကျော်ကတော့ ဆုမြတ်နိုးဦးကိုကြည့်ပြီး မနေနိုင်ဘဲ ထရယ်ခဲ့ရတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ရဲ့ရိုက်ကွင်းပေါ်က အခွီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Hsu Myat Noe Oo

credit – Myanmarload

  • Leave a Comment

Categories