



Source – Poe Ei Ei Khant

credit – Myanmarload

Unicode

အပျိုလေးအတိုင်း ကျစ်လစ်လှပတဲ့ ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်ထားပြီး ကိုယ်ကျပ်ဂါဝန်လေးနဲ့ လှရက်လွန်းနေတဲ့ သဲကိုးလေး မေမေ ပိုးအိအိခန့်

ပရိသတ်ကြီးရေ အများအားကျချစ်ခင်ရတဲ့မိသားစုများထဲမှာ ရုပ်ရှင်သရုပ်ဆောင်ပိုးအိအိခန့်နဲ့ နိုင်ငံကျော်ဘောလုံးကစားသမား အောင်သူတို့မိသားစုလေးကလည်း အပါအ၀င်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာယခုဆိုရင် ပါး‌ဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့ သားငယ်လေးသဲကိုးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဲကိုးလေးဟာလည်း ယခုဆိုရင် ၁နှစိကျော်သွားပြီဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းလာတာပါနော်။

ပိုးအိအိခန့်ဟာ သားလေးကိုအနီးကပ်ဂရုစိုက်တတ်တဲ့မိခင်ဖြစ်တာကြောင့် အနုပညာအလုပ်တွေကိုလည်းခဏရပ်နားထားခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ဝေးကွာနေပေမယ့် ပရိသတ်တွေကအချစ်မလျော့ကြပဲ သူမကိုရော သူမရဲ့မိသားစုလေးကိုပါအချစ်တွေပိုနေကြတာပါ။ သားတစ်ယောက် မိခင်ဖြစ်ပေမယ့်လည်း အပျိုလေးအတိုင်း ကိုယ်ခန္ဓာ ကျစ်လစ်လှပပြီး အချိုးအစားပြေပြစ်တဲ့ သူမကို မိန်းကလေးပရိသတ်တွေကပါ အားကျအချစ်ပိုနေတာပါ။

ပိုးအိအိခန့်ကလည်း အလှတရားကို ထိန်းသိမ်းတတ်သူဖြစ်ပြီး ဖက်ရှင်လှလှလေးတွေကို ဝတ်ဆင်တတ်တာကြောင့် ယနေ့မှာလည်း အပျိုရှုံးရလောက်အောင် လှရက်လွန်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေအပြင် ” ကိုယ့်ပုံကိုယ် ပြန်ကြည့်ပြီး စဉ်းစားမိတယ် အော် သားလေးမွေးပြီးကတည်းက လှလှလေးဝတ် လှလှလေးပြင်ပြီး ဓါတ်ပုံမရိုက်တာတောင်ကြာခဲ့ပြီလို့အမယ် မသိရင် ကိုယ့်ကိုကိုယ် လှပါတယ်ပေါ့လေ တင်စရာပုံတွေ အများကြီးထဲကမှ ကိုယ်ကြိုက်တာ ကိုယ်ရွေးတင် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်…… ။

Source – Poe Ei Ei Khant

credit – Myanmarload

  • Leave a Comment

Categories