ေန႔မနားညမနားရွာေဖြထားတဲ့ ေခြၽးႏွဲစာထဲကေန မိခင္ႀကီးစီးခ်င္ေနတဲ့ သိန္းရာခ်ီတန္ BEIJING X7 ကားသစ္ႀကီးကိုဝယ္ေပးလိုက္တဲ့ေနေဒြး

မင္းသားေခ်ာေလး ေနေဒြးကေတာ့ ေခ်ာေမာခန္႔ညားတဲ့႐ုပ္ရည္နဲ႔အတူ ခႏၶာကိုယ္ကလည္း ေယာက္်ားပီသစြာ က်စ္လ်စ္ေနတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္လည္း ေနေဒြးက ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္တစ္ဦးလို႔ ဆိုရေလာက္ေအာင္ကို မိန္းကေလးပရိသတ္ေတြရဲ႕ဝန္းရံအားေပးမႈကို အျပတ္အသတ္ရရွိထားတာ ျဖစ္ပါတယ္ ။ ေနေဒြးက အႏုပညာေလာကမွာ နာမည္ရေအာင္ျမင္ေနသလို စီးပြားေရးလုပ္ကိုင္တဲ့အခါမွာလည္း ႀကီးပြားတိုးတက္ေအာင္ ႀကိဳးစားႏိုင္စြမ္းရွိသူ ျဖစ္ပါတယ္ ။

လက္ရွိမွာေတာ့ ေနေဒြးက “Jit Too” Organic ဆန္ေရာင္းဝယ္ေရးလုပ္ငန္းကို ကိုယ္တိုင္ဦးစီး လုပ္ကိုင္ေနတာ ျဖစ္ပါတယ္ ။ အလုပ္ႀကိဳးစားၿပီး အရည္အခ်င္းရွိတဲ့ ေနေဒြးက အခုလည္း သူေန႔မနားညမနား ရွာေဖြထားတဲ့ ေခြၽးႏွဲစာထဲကေန မိခင္ႀကီးအတြက္ ကားတစ္စီးဝယ္ေပးႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္ ။ေနေဒြးက ေလးရာႏွစ္ဆယ့္ရွစ္သိန္းတိတိတန္ေၾကးရွိတဲ့ ကားသစ္ႀကီးကို ခ်စ္ေမေမအတြက္ ေမြးေန႔အႀကိဳလက္ေဆာင္အျဖစ္ သူကိုယ္တိုင္ လိုက္ဝယ္ေပးခဲ့တာပဲ ျဖစ္ပါတယ္ ။

ေနေဒြးက “Pre Happy Birthday Present အတြက္ ခ်စ္ေမေမ စီးခ်င္ေနတဲ့ BEIJING X7 ကားသစ္ႀကီးဝယ္ေပးလိုက္ၿပီ ေမေမအသက္ရာေက်ာ္ရွည္ပါေစ ေမြးေန႔လက္ေဆာင္ေနာက္တစ္ခုက်န္ေသးတယ္ေမေမ” ဆိုၿပီး အေပ်ာ္ေတြကိုမွ်ေဝထားတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ေနေဒြးက ခ်စ္ေမေမနဲ႔အတူ ေနထိုင္ဖို႔အတြက္ တိုက္အိမ္အသစ္လွလွေလးတစ္လုံးကို ေဆာက္လုပ္ေနဆဲ ျဖစ္ပါတယ္ ။ ကဲ မိခင္အေပၚမွာ သိတတ္လြန္းတဲ့ သားလိမၼာေလးေနေဒြးနဲ႔ သူ႔ခ်စ္ေမေမတို႔ရဲ႕ၾကည္ႏူးစရာပုံရိပ္ေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Photo Credit-Nay Dway

credit – Myanmarload

Unicode

နေ့မနားညမနားရှာဖွေထားတဲ့ ချွေးနှဲစာထဲကနေ မိခင်ကြီးစီးချင်နေတဲ့ သိန်းရာချီတန် BEIJING X7 ကားသစ်ကြီးကိုဝယ်ပေးလိုက်တဲ့နေဒွေး

မင်းသားချောလေး နေဒွေးကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့အတူ ခန္ဓာကိုယ်ကလည်း ယောက်ျားပီသစွာ ကျစ်လျစ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နေဒွေးက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တစ်ဦးလို့ ဆိုရလောက်အောင်ကို မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အပြတ်အသတ်ရရှိထားတာ ဖြစ်ပါတယ် ။ နေဒွေးက အနုပညာလောကမှာ နာမည်ရအောင်မြင်နေသလို စီးပွားရေးလုပ်ကိုင်တဲ့အခါမှာလည်း ကြီးပွားတိုးတက်အောင် ကြိုးစားနိုင်စွမ်းရှိသူ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ နေဒွေးက “Jit Too” Organic ဆန်ရောင်းဝယ်ရေးလုပ်ငန်းကို ကိုယ်တိုင်ဦးစီး လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အလုပ်ကြိုးစားပြီး အရည်အချင်းရှိတဲ့ နေဒွေးက အခုလည်း သူနေ့မနားညမနား ရှာဖွေထားတဲ့ ချွေးနှဲစာထဲကနေ မိခင်ကြီးအတွက် ကားတစ်စီးဝယ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။နေဒွေးက လေးရာနှစ်ဆယ့်ရှစ်သိန်းတိတိတန်ကြေးရှိတဲ့ ကားသစ်ကြီးကို ချစ်မေမေအတွက် မွေးနေ့အကြိုလက်ဆောင်အဖြစ် သူကိုယ်တိုင် လိုက်ဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

နေဒွေးက “Pre Happy Birthday Present အတွက် ချစ်မေမေ စီးချင်နေတဲ့ BEIJING X7 ကားသစ်ကြီးဝယ်ပေးလိုက်ပြီ မေမေအသက်ရာကျော်ရှည်ပါစေ မွေးနေ့လက်ဆောင်နောက်တစ်ခုကျန်သေးတယ်မေမေ” ဆိုပြီး အပျော်တွေကိုမျှဝေထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် နေဒွေးက ချစ်မေမေနဲ့အတူ နေထိုင်ဖို့အတွက် တိုက်အိမ်အသစ်လှလှလေးတစ်လုံးကို ဆောက်လုပ်နေဆဲ ဖြစ်ပါတယ် ။ ကဲ မိခင်အပေါ်မှာ သိတတ်လွန်းတဲ့ သားလိမ္မာလေးနေဒွေးနဲ့ သူ့ချစ်မေမေတို့ရဲ့ကြည်နူးစရာပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Nay Dway

credit – Myanmarload

  • Leave a Comment

Categories