



Source – Myint Myat

credit – Myanmarload

Unicode

ညနေခင်းလေးမှာ ဇနီးချောလေးနဲ့သားလေးကို စိတ်အပန်းဖြေဖို့အတွက် လိုက်ပို့ပေးရင်း live လေးလွှင့်ခဲ့တဲ့ မြင့်မြတ်ရဲ့ ကြည်နူးစရာ ဗီဒီယို

အကယ်ဒမီ မင်းသားချော မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားကာ အနုပညာလောကမှာ အောင်မြင်နေတဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ယခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကြော်ငြာတွေကို ပိုမို ရိုက်ကူးနေရတာ တွေ့ရပါတယ်။ စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတတ်တဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေပါ လေးစားချစ်ခင်ရတာ ဖြစ်ပါတယ်။

မြင့်မြတ် က သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားပြီး တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးဖြစ်ကာ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း မြင့်မြတ်က ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် လှုပ်ရှားမှုလေးတွေကို ဖော်ပြလာတာ တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း မြင့်မြတ်က ပရိသတ်တွေအလွမ်းပြေအောင် live လေးလွှင့်ခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ မြင့်မြတ်ဟာ ကိုဗစ်ကာလလေးမှာ အိမ်ထဲမှာပဲနေတာ မွန်းကြပ်တာကြောင့် ညနေခင်းလေးမှာ မိသားစုနဲ့အတူ အပြင်လျှောက်လည်ပတ်ရင်း စိတ်အပန်းဖြေကာ ပရိသတ်တွေအတွက် liveလေးလွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သားလေး မြတ်သူလေးကိုဖက်ပြီး ပရိသတ်တွေကို စကားပြောနေတာက ကြည်နူးချစ်စရာကောင်းလောက်ပါတယ်။ ကဲ…ပရိသတ်ကြီးရေ မိသားစုလေးနဲ့ အတူ ညနေခင်းလေးမှာ စိတ်အပန်းဖြေနေတဲ့ မြင့်မြတ် ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Myint Myat

credit – Myanmarload

  • Leave a Comment

Categories