




credit – Myanmarload

Unicode

ဖေဖေ့ရဲ့လက်ပေါ်မှာငြိမ်ငြိမ်လေးနေပြီး မေမေ၊ကိုကိုတို့နဲ့အတူ တိရိစ္ဆာန်လေးတွေကို ပထမဆုံးအကြိမ်သွားကြည့်တဲ့ မစ်မစ်တုန်လေး

ပရိသတ်ကြီးရေ တေးသံရှင်Rဇာနည်ကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး တက်သစ်စအဆိုတော်လေးတွေကိုလည်း အကောင်းဆုံးဖေးမကူညီပေးတာဖြစ်ပါတယ်။Rဇာနည်က သဘောထားပြည့်ဝပြီး အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်လို့ လူချစ်လူခင်လည်းပေါများပါတယ်နော်။Rဇာနည်ရဲ့အနုပညာကို လူအများကကြိုက်နှစ်သက်ကြလို့ အားပေးဝန်းရံကြပြီး သူ့ရဲ့မိသားစုဘဝလေးကိုလည်း အရမ်းအားကျနေကြတာဖြစ်ပါတယ်။

Rဇာနည်က လက်ရှိအချိန်မှာဆိုရင် သားနှစ်ယောက်၊သမီးတစ်ယောက်ကို ပိုင်ဆိုင်သွားပြီဖြစ်လို့ မိသားစုဘဝလေးက အရမ်းပြီးပြည့်စုံသွားပြီဖြစ်ပါတယ်နော်။Rဇာနည်နဲ့ဝမ်းတို့ဇနီးမောင်နှံနှစ်ယောက်က ကလေးတွေကို မေတ္တာအပြည့်နဲ့စောင့်ရှောက်ကြပြီး ငယ်ဘဝမှာပျော်ရွှင်စရာအမှတ်တရလေးတွေ ကျန်ရစ်အောင်လည်း ဖန်တီးပေးနေကြတာဖြစ်ပါတယ်။ဒီနေ့မှာတော့ Rဇာနည်တို့မိသားစုက မစ်မစ်တုန်လေး(၇)လပြည့်အတွက် ဘုန်းကြီးကျောင်းကို မိသားစုစုံစုံလင်လင်သွားကြပြီး အလှူလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Rဇာနည်တို့မိသားစုက ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပြီးနောက်မှာ ကလေးတွေကို လှော်ကားဥယျာဉ်ကို လိုက်ပို့ပေးခဲ့ကြတာဖြစ်ပါတယ်။လှော်ကားမှာ တိရိစ္ဆာန်လေးတွေကို ပျော်ပျော်ပါးပါးအစာကျွေးကြပြီး နေရာအနှံ့ကို လည်ပတ်ကြတာဖြစ်ပါတယ်။မစ်မစ်တုန်လေးကတော့ ဖေဖေ့ရဲ့လက်ပေါ်မှာငြိမ်ငြိမ်လေးနေပြီး ချစ်စရာတိရိစ္ဆာန်လေးတွေကို ပထမဆုံးအကြိမ်မြင်တွေ့ရတာဖြစ်ပါတယ်။Rဇာနည်တို့မိသားစုလေးကတော့ စနေနေ့လေးမှာ ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာအမှတ်တရလေးတွေကို ဖန်တီးခဲ့လို့ သူတို့မိသားစုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှ‌ဝေပေးလိုက်ပါရစေနော်။

Source and Photo Credit: Zarni Myonyunt

credit – Myanmarload

  • Leave a Comment

Categories