




credit – Myanmarload

Unicode

နို့စို့အရွယ်သမီးငယ်လေးကို ရင်ခွင်ထဲမှာပိုက်ပြီး မုန့်ဟင်းခါးရောင်းဖို့ထွက်နေကြောင်း Live လွှင့်ရင်းပြောနေတဲ့ အေးသီတာရဲ့ဗီဒီယို

သရုပ်ဆောင် အေးသီတာကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့ရသူဖြစ်လို့ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော် ။ အေးသီတာက အနုပညာအလုပ်တွေကို နှစ်နဲ့ချီကြာအောင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိနေသူတစ်ဦး ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အေးသီတာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် မုန့်ဟင်းခါးချက်ပြီး ရောင်းချနေတာပဲ ဖြစ်ပါတယ် ။

အေးသီတာက အရသာရှိပြီးစားချင်စဖွယ်ကောင်းတဲ့ မုန့်ဟင်းခါးကို ကိုယ်တိုင်ချက်ပြုတ်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးအဖြစ် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ် ။ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားရတဲ့ အေးသီတာကတော့ ဘဝကိုအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။ ဒီနေ့မနက်မှာတော့ အေးသီတာက သူမအရမ်းချစ်ရတဲ့သမီးငယ်လေးကို ပွေ့ဖက်ပြီး မုန့်ဟင်းခါးရောင်းထွက်နေကြောင်း Live လွှင့်ရင်းနဲ့ ပြောပြထားတာပဲ ဖြစ်ပါတယ် ။

မေမေ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေပြီး နို့ဘူးလေးစို့နေတဲ့ ချစ်စရာသမီးငယ်လေးကိုတော့ အေးသီတာက ရင်နဲ့လွယ်မမွေးရပေမယ့် တုန်နေအောင် အရမ်းချစ်တာလည်း ဖြစ်ပါတယ် ။ အေးသီတာကတော့ “မုန့်ဟင်းခါးသည်သားအမိလေး မုန့်ဟင်းခါးလိုက်ပို့နေပါတယ်” ဆိုပြီး မနက်စောစောစီးစီးမှာ သမီးလေးကိုပါခေါ်ပြီး မုန့်ဟင်းခါးထွက်ရောင်းနေကြောင်း ပြောပြနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် အေးသီတာတို့သားအမိရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Aye Thida

credit – Myanmarload

  • Leave a Comment

Categories