အေဝးမွာ ပညာရွာေနတဲ့ ေျမးမေလး ဝင္းဝါပန္းျမတ္သူရဲ့ အသက္ (၁၇) နွစ္ျပည့္ေမြးေန့အတြက္ ေမတၱာေတြမ်ားစြာနဲ့ ေမြးေန့ဆုေတာင္းေပးခဲ့တဲ့ ဝါဝါဝင္းေရႊ

မင္းသမီးၾကီး ဝါဝါဝင္းေရႊကေတာ့ အျဖဴအမည္း ဖလင္ေခတ္ကတည္းက လွ်မ္းလွ်မ္းေတာက္ေက်ာ္ၾကားတဲ့ မင္းသမီးၾကီးတစ္ေယာက္လည္းျဖစ္သလို အမ်ိဳးသမီးဒါရိုက္တာတစ္ေယာက္ဆိုလည္း မမွားပါဘူး။ အကယ္ဒမီဆုမ်ားစြာကိုလည္း လက္ဝယ္ပိုင္ဆိုင္နိုင္ခဲ့တဲ့ ဝါဝါဝင္းေရႊက အခုဆိုရင္ အသက္ခုနွစ္ဆယ္ေက်ာ္အရြယ္ကို ေရာက္ရိွေနျပီး သူမဝါသနာပါတဲ့ အနုပညာအလုပ္ေတြအေပၚကိုေတာ့ သံေယာဇဥ္မျပတ္နိုင္ေသးသူျဖစ္ပါတယ္။ ဝါဝါဝင္းေရႊကေတာ့ သူမကိုယ္တိုင္ အေသြးအသားထဲက ျမတ္နိုးတဲ့ အနုပညာအေမြေတြကို သားသမီးေျမးေတြရတဲ့အထိ လက္ဆင့္ကမ္းေပးထားနိုင္သူပဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၁၂) ရက္ေန့ကေတာ့ ဝါဝါဝင္းေရႊရဲ့ သား ဝင္းထြဋ္ဝင္းရဲ့ သမီးငယ္ေလးျဖစ္သူ ဝင္းဝါပန္းျမတ္သူရဲ့ အသက္ (၁၇) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ဝါဝါဝင္းေရႊကေတာ့ ေျမးမေလးအတြက္ “သိပ္ခ်စ္ရတဲ့ ေျမးေလး Pinky ပန္း ေသြး HAPPY BIRTHDAY. HAPPY LONG LIFE . ဒီႏွစ္ေမြးေန႔ မွာ ေတာ့ ဖြားတို႔နဲ႔ ေဝးတဲ့ Singapore ႏိုင္ငံမွာေရာက္ေနရွာၿပီေပါ့။ ငယ္စဥ္အခါ ပညာရွာ။ ဆိုတဲ့အတိုင္း ၊ေျမးေလးရဲ႕ ရည္မွန္းခ်က္ေတြ အားလုံးျပည့္စုံပါေစ။ သြားေလရာ အႏၲရယ္ကင္းလို႔ ေဘးရွင္းပါေစ။ သူေတာ္ေကာင္းမ်ားနဲ႔သာ ေတြ႕စုံပါေစ။လို႔ ဖြားဖြား ေမတၱာပို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။” ဆိုျပီး အမွတ္တရ ေမြးေန့ဆုမြန္ေကာင္းေတာင္းေပးလာခဲ့ပါတယ္။

ဝါဝါဝင္းေရႊနဲ့ ေျမးမေလးနွစ္ေယာက္ျဖစ္တဲ့ ဝါေရႊႏြယ္ေသြးဝင္းနဲ့ ဝင္းဝါပန္းျမတ္သူတို့ကေတာ့ ဖြားဖြားၾကီးရဲ့ အေခ်ာအလွေတြကို စုျပံဳျပီးရရိွထားၾကတာမို့ ပရိသတ္ေတြရဲ့ ခ်စ္ခင္မႈကို အျပည့္အဝ ရရိွထားသူေလးေတြ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ေလး Pinky ေလးအတြက္ အမွတ္တရ ေမြးေန့ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wa Wa Win Shwe
credit – Cele Connections

Unicode

အဝေးမှာ ပညာရှာနေတဲ့ မြေးမလေး ဝင်းဝါပန်းမြတ်သူရဲ့ အသက် (၁၇) နှစ်ပြည့်မွေးနေ့အတွက် မေတ္တာတွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဝါဝါဝင်းရွှေ

မင်းသမီးကြီး ဝါဝါဝင်းရွှေကတော့ အဖြူအမည်း ဖလင်ခေတ်ကတည်းက လျှမ်းလျှမ်းတောက်ကျော်ကြားတဲ့ မင်းသမီးကြီးတစ်ယောက်လည်းဖြစ်သလို အမျိုးသမီးဒါရိုက်တာတစ်ယောက်ဆိုလည်း မမှားပါဘူး။ အကယ်ဒမီဆုများစွာကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဝါဝါဝင်းရွှေက အခုဆိုရင် အသက်ခုနှစ်ဆယ်ကျော်အရွယ်ကို ရောက်ရှိနေပြီး သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေအပေါ်ကိုတော့ သံယောဇဉ်မပြတ်နိုင်သေးသူဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ သူမကိုယ်တိုင် အသွေးအသားထဲက မြတ်နိုးတဲ့ အနုပညာအမွေတွေကို သားသမီးမြေးတွေရတဲ့အထိ လက်ဆင့်ကမ်းပေးထားနိုင်သူပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ကတော့ ဝါဝါဝင်းရွှေရဲ့ သား ဝင်းထွဋ်ဝင်းရဲ့ သမီးငယ်လေးဖြစ်သူ ဝင်းဝါပန်းမြတ်သူရဲ့ အသက် (၁၇) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ မြေးမလေးအတွက် “သိပ်ချစ်ရတဲ့ မြေးလေး Pinky ပန်း သွေး HAPPY BIRTHDAY. HAPPY LONG LIFE . ဒီနှစ်မွေးနေ့ မှာ တော့ ဖွားတို့နဲ့ ဝေးတဲ့ Singapore နိုင်ငံမှာရောက်နေရှာပြီပေါ့။ ငယ်စဉ်အခါ ပညာရှာ။ ဆိုတဲ့အတိုင်း ၊မြေးလေးရဲ့ ရည်မှန်းချက်တွေ အားလုံးပြည့်စုံပါစေ။ သွားလေရာ အန္တရယ်ကင်းလို့ ဘေးရှင်းပါစေ။ သူတော်ကောင်းများနဲ့သာ တွေ့စုံပါစေ။လို့ ဖွားဖွား မေတ္တာပို့ ဆုတောင်းပေးလိုက်ပါတယ်နော်။” ဆိုပြီး အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။

ဝါဝါဝင်းရွှေနဲ့ မြေးမလေးနှစ်ယောက်ဖြစ်တဲ့ ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင်းဝါပန်းမြတ်သူတို့ကတော့ ဖွားဖွားကြီးရဲ့ အချောအလှတွေကို စုပြုံပြီးရရှိထားကြတာမို့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားသူလေးတွေ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး Pinky လေးအတွက် အမှတ်တရ မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wa Wa Win Shwe
credit – Cele Connections

  • Leave a Comment

Categories