“ငါလာပြီဟေ့!
ကျော်သူဟေ့!
ကျော်သူမီး
ကျော်သူမီး
credit – Myanmarload
Unicode
ပုံတူပန်းချီရေးဆွဲထားတဲ့ မီးပုံပျံကြီးတွေလွှတ်တင်ပြီး ဂုဏ်ပြုခံလိုက်ရလို့ ဦးကျော်သူ
ပရိသတ်ကြီးရေ.. ဦးကျော်သူလို့ဆိုလိုက်တာနဲ့ ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေနဲ့ အောင်မြင်မှုတွေရရှိထားပြီး ပရဟိတအလုပ်တွေမှာလည်း တစိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ကို ပြေးမြင်ယောင်မိကြမှာပါနော်..။
ဦးကျော်သူဟာ အနုပညာရှင်တစ်ယောက်အဖြစ် အကယ်ဒမီဆုတွေကို ရရှိထားကာ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားတဲ့အပြင် ပရဟိတအလုပ်တွေမှာလည်း ကိုယ်ကျိုးစွန့်တဲ့ သူ့ရဲ့မွန်မြတ်တဲ့ စိတ်သဘောထားတွေကြောင့်လည်း ပြည်သူ ပရိသတ်တွေအနေနဲ့ စံပြရလောက်အောင် လေးစားချစ်ခင်ကြရသူပါပဲ..။
နာရေးကူညီမှုအသင်းကိုလည်း တည်ထောင်ထားပြီး လက်ရှိမှာလည်းနာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌအဖြစ် လုပ်ဆောင်နေတဲ့ ဦးကျော်သူကိုတော့ ရှမ်းပြည်နယ်အောင်ပန်းမြို့မှာ သူ့ရဲ့ပုံတူ ပန်းချီရေးဆွဲထားတဲ့ မီးပုံပျံကြီးတွေလွှတ်တင်ကာ ဂုဏ်ပြုခဲ့ကြပါတယ်နော်..။
အောင်ပန်းမြို့ရှိ နာရေးကူညီမှုအသင်း(အောင်ပန်း)ရဲ့ (၅)နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဦးကျော်သူရဲ့ အသက်(၆၁)နှစ်ပြည့် အမှတ်တရအဖြစ် ဦးကျော်သူ ပုံတူပန်းချီဒီဇိုင်းရေးဆွဲထားတဲ့ မီးပုံးပျံကြီးတွေကို အောင်ပန်းမြို့ရှိ (၁၀၈)တောင် စေတီတော်ကြီးကုန်းတော်ပေါ်မှာ (၁၀-၁၂-၂၀၂၀) ရက်နေ့ ညက လွှတ်တင်ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်..။
“ငါလာပြီဟေ့!
ကျော်သူဟေ့!
ကျော်သူမီး
ကျော်သူမီး
ကောင်းကင်ယံ ဘယ်သူ့မီး
ကျော်သူမီး ကျော်သူမီး!
၁၀-၁၂-၂၀၂၀ ရက်နေ့ ည(၉:၀၀)နာရီမှာ
အောင်ပန်းမြို့၏အထင်ကရ
(၁၀၈)တောင်ဘုရားတောင်တော်ပေါ်မှ
မီးပုံးပျံကြီးနဲ့အတူ
မီးပုံးငယ် (၁၁)လုံး ကောင်းကင်ယံ သို့ တက်ရောက်၍ မြတ်စွာဘုရားနှင့်တကွ သမ္မာဒေဝနတ်မြတ်အပေါင်းအား မီးပူဇော်ခဲ့မှု အောင်မြင်ခဲ့လေပြီ။
တစ်ဆယ့်တစ်မီး ငြိမ်းအေးကြပါစေ
ကုန်သော်။..” ဆိုပြီး ဦးကျော်က အမှတ်တရလေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။
မီးပုံးပျံကြီးတွေမှာလည်း ဦးကျော်သူရဲ့ပုံတူပန်းချီအပြင် ဦးကျော်သူရေးသားထားတဲ့ စာတွေနဲ့ နာကူအသင်းရဲ့အမှတ်တံဆိပ်တွေလည်း ပါရှိတာမို့ တကယ်ကို သဘောကျစရာ ကောင်းလွန်းတာလည်း တွေ့ရမှာပါနော်..။
သတင်းအရင်းမြစ်: Kyaw Thu
credit – Myanmarload