ကိုဗစ္ေရာဂါပိုး ကင္းစင္သြားေပမယ့္ ေဆး႐ုံတက္ၿပီးေဆးကုသမႈ ခံယူရဦးမယ့္ ဦးမိုးဒီ

ပရိသတ္ေတြကို ဟာဒယ႐ႊင္ေဆး အၿမဲတိုက္ေကြၽးေလ့ရွိတဲ့ လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီကေတာ့ ကိုဗစ္ေရာဂါ ကူးစက္ခံခဲ့ရတာေၾကာင့္ ဧရာဝတီ ကြာရန္တင္းစင္တာမွာ ေဆးကုသမႈ ခံယူေနတာျဖစ္ပါတယ္။ ဒီဇင္ဘာလ (၁၂) ရက္ေန႔ ဆိုရင္ေတာ့ ကြာရန္တင္းကေန အိမ္ျပန္ရမွာ ျဖစ္ေပမယ့္ သူ႔ရဲ႕ က်န္းမာေရး အေျခအေနအရ SSC ဆး႐ုံမွာ ေဆးကုသမႈ ခံယူသြားရမယ္လို႔ သိရပါတယ္။

“ ဘဘ အခု ကြာရန္တင္း ဝင္ေနရတာ (၂၁) ရက္ရွိပါၿပီ။ ဒီေန႔ေတာ့ ဘဘရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ဧရာဝတီစင္တာမွာရွိတဲ့ ဆရာဝန္ႀကီးေတြ ပါေမာကၡႀကီးေတြနဲ႔ ေဆြးေႏြးၾကေတာ့ မနက္ျဖန္ကို ကြာရန္တင္း ထြက္တဲ့။ ၿပီးရင္ ဒီကေနၿပီးေတာ့ ေရာဂါပိုး ကင္းစင္ စစ္ေဆးၿပီးေၾကာင္း လက္မွတ္ထုတ္ေပးမယ္။ အဲဒီ လက္မွတ္နဲ႔ SSC ေဆး႐ုံကို ဆက္တက္ရမွာပါ။ နဂိုကတည္းက ဘဘမွာ ႏွလုံးေသြးေၾကာ က်ဥ္းတာ ေတြရွိတယ္။ ေက်ာက္ကပ္ အားနည္းတာလည္းရွိတယ္၊ သည္းေျခ ေက်ာက္တည္တာ၊ အသည္းမွာ အဆီဖုံးတာ ဒီေရာဂါေတြရွိတဲ့အတြက္ SSC မွာ ဘဘက ေဆး႐ုံ ဆက္တက္ရဖို႔ ရွိတယ္။ သူတို႔ ေဆး႐ုံမွာထားၿပီး ေဆးကုေပးမလား၊ ဒါမွ မဟုတ္ အိမ္မွာပဲ အျပင္လူနာအျဖစ္ ကုေပးမလားဆိုတာ ေသခ်ာ မသိေသးဘူး။ ဘဘကို ေလာေလာဆယ္ တစ္ပတ္စာ ေဆး ေပးထားတယ္။ အဲဒီေဆးေတြ ကုန္မွ ေဆး႐ုံတက္ခိုင္းမလားလည္း ေသခ်ာ မသိဘူး” လို႔ ဦးမိုးဒီက Duwun ကို ေျပာျပလာပါတယ္။

ဦးမိုးဒီရဲ႕ က်န္းမာေရး အေျခအေနကို သိတဲ့ ပရိသတ္ေတြကလည္း က်န္းမာေရး ျပန္ေကာင္းလာဖို႔ လူမႈကြန္ယက္ စာမ်က္ႏွာေတြေပၚမွာ ဆုေတာင္းစကားေတြ ေျပာထားၾကပါတယ္။ ေဆးဖိုးဝါးခေတြလည္း ကူညီ ေထာက္ပံ့ေပးၾကတယ္လို႔ ဦးမိုးဒီက ေျပာပါတယ္။

“ ဘဘကို ပရိသတ္ေတြက စိုးရိမ္လား မစိုးရိမ္လားဆိုတာ ေဆးဖိုးဝါးခေတြလည္း ေထာက္ပံ့ေပးၾကတယ္။ ဂ႐ုစိုက္ဖို႔ကိုလည္း အရမ္းမွာၾကတယ္။ က်န္းမာေရးလည္း ျပန္ေကာင္းခ်င္ၿပီ။ ၿပီးရင္ ဘဘလည္း အၿငိမ့္ေလး (၂) ခု၊ (၃) ခုေလာက္ ႐ိုက္ဖို႔ရွိတယ္။ ရင္ထဲမွာ ရွိတဲ့ ခံစားခ်က္ေတြနဲ႔ ျပည္သူရဲ႕ အခ်စ္ကို ရယူခ်င္ေသးတယ္။ ဒါေလးေတာ့ ႐ိုက္ခြင့္ေပးေစခ်င္ပါတယ္”လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။

မိုးဒီကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ အၿငိမ့္၊ ျပဇာတ္ ေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ ဇာတ္ကားေတြလည္း ႐ိုက္ကူးလာခဲ့ရပါတယ္။ တီဗီေၾကာ္ျငာေတြလည္း အမ်ားႀကီး ႐ိုက္ကူးထားသူတစ္ေယာက္ပါ။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ေပါင္း ၄၀ ေက်ာ္ ရွိၿပီျဖစ္ပါတယ္။ သားျဖစ္သူေကာင္းစံကလည္း အႏုပညာေလာကမွာ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္သာမက ဟာသသ႐ုပ္ေဆာင္ အေနနဲ႔ပါ ဇာတ္ကားေတြ ႐ိုက္ကူးေနတာကို ေတြ႕ရပါတယ္။

ဆယ္လီရပ္ကြက္

Unicode

ကိုဗစ်ရောဂါပိုး ကင်းစင်သွားပေမယ့် ဆေးရုံတက်ပြီးဆေးကုသမှု ခံယူရဦးမယ့် ဦးမိုးဒီ

ပရိသတ်တွေကို ဟာဒယရွှင်ဆေး အမြဲတိုက်ကျွေးလေ့ရှိတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ဧရာဝတီ ကွာရန်တင်းစင်တာမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၂) ရက်နေ့ ဆိုရင်တော့ ကွာရန်တင်းကနေ အိမ်ပြန်ရမှာ ဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ SSC ဆးရုံမှာ ဆေးကုသမှု ခံယူသွားရမယ်လို့ သိရပါတယ်။

“ ဘဘ အခု ကွာရန်တင်း ဝင်နေရတာ (၂၁) ရက်ရှိပါပြီ။ ဒီနေ့တော့ ဘဘရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဧရာဝတီစင်တာမှာရှိတဲ့ ဆရာဝန်ကြီးတွေ ပါမောက္ခကြီးတွေနဲ့ ဆွေးနွေးကြတော့ မနက်ဖြန်ကို ကွာရန်တင်း ထွက်တဲ့။ ပြီးရင် ဒီကနေပြီးတော့ ရောဂါပိုး ကင်းစင် စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးမယ်။ အဲဒီ လက်မှတ်နဲ့ SSC ဆေးရုံကို ဆက်တက်ရမှာပါ။ နဂိုကတည်းက ဘဘမှာ နှလုံးသွေးကြော ကျဉ်းတာ တွေရှိတယ်။ ကျောက်ကပ် အားနည်းတာလည်းရှိတယ်၊ သည်းခြေ ကျောက်တည်တာ၊ အသည်းမှာ အဆီဖုံးတာ ဒီရောဂါတွေရှိတဲ့အတွက် SSC မှာ ဘဘက ဆေးရုံ ဆက်တက်ရဖို့ ရှိတယ်။ သူတို့ ဆေးရုံမှာထားပြီး ဆေးကုပေးမလား၊ ဒါမှ မဟုတ် အိမ်မှာပဲ အပြင်လူနာအဖြစ် ကုပေးမလားဆိုတာ သေချာ မသိသေးဘူး။ ဘဘကို လောလောဆယ် တစ်ပတ်စာ ဆေး ပေးထားတယ်။ အဲဒီဆေးတွေ ကုန်မှ ဆေးရုံတက်ခိုင်းမလားလည်း သေချာ မသိဘူး” လို့ ဦးမိုးဒီက Duwun ကို ပြောပြလာပါတယ်။

ဦးမိုးဒီရဲ့ ကျန်းမာရေး အခြေအနေကို သိတဲ့ ပရိသတ်တွေကလည်း ကျန်းမာရေး ပြန်ကောင်းလာဖို့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဆုတောင်းစကားတွေ ပြောထားကြပါတယ်။ ဆေးဖိုးဝါးခတွေလည်း ကူညီ ထောက်ပံ့ပေးကြတယ်လို့ ဦးမိုးဒီက ပြောပါတယ်။

“ ဘဘကို ပရိသတ်တွေက စိုးရိမ်လား မစိုးရိမ်လားဆိုတာ ဆေးဖိုးဝါးခတွေလည်း ထောက်ပံ့ပေးကြတယ်။ ဂရုစိုက်ဖို့ကိုလည်း အရမ်းမှာကြတယ်။ ကျန်းမာရေးလည်း ပြန်ကောင်းချင်ပြီ။ ပြီးရင် ဘဘလည်း အငြိမ့်လေး (၂) ခု၊ (၃) ခုလောက် ရိုက်ဖို့ရှိတယ်။ ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေနဲ့ ပြည်သူရဲ့ အချစ်ကို ရယူချင်သေးတယ်။ ဒါလေးတော့ ရိုက်ခွင့်ပေးစေချင်ပါတယ်”လို့လည်း ဆက်လက် ပြောပြလာပါတယ်။

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သားဖြစ်သူကောင်းစံကလည်း အနုပညာလောကမှာ လူရွှင်တော် တစ်ယောက်အဖြစ်သာမက ဟာသသရုပ်ဆောင် အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

ဆယ်လီရပ်ကွက်

  • Leave a Comment

Categories