



Video ကြည့်ရန်

Unicode

ချစ်သူ သက်တမ်း (၁) နှစ်ပြည့်မှာ လက်ဆောင် ရခဲ့တဲ့ ကားလေးကို ချစ်သူနဲ့လမ်းခွဲတဲ့ အချိန်မှာပြန်ပေးလိုက်တယ်ဆိုတဲ့ နိုင်းနိုင်းရဲ့ညီမလေး ဖူးဖူး

သရုပ်ဆောင်မင်းသားချော နိုင်းနိုင်းရဲ့ညီမလေးဖြစ်တဲ့ ဖူးဖူးကတော့ သူမကိုယ်တိုင်လည်း သရုပ်ဆောင်မင်းသမီးအဖြစ် အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းသူလေး ဖြစ်ပါတယ် ။ ဖူးဖူးက သရုပ်ဆောင်တော်သလို ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေအများအပြား ရိုက်ကူးပြီး နာမည်ရခဲ့တာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဖူးဖူးက ချစ်ရတဲ့မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ရင်း ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ် ။

ဖူးဖူးကတော့ လတ်တလောမှာ ချစ်သူနဲ့ လမ်းခွဲခဲ့ကြတာပဲဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၁)နှစ်ပြည့်တုန်းကရထားတဲ့ ကားလက်ဆောင်ကိုလဲ ပြန်ပေးခဲ့တဲ့အကြောင်းကို လူမှုကွန်ယက်မှာတင်ခဲ့ပါတယ်။ ရည်းစားဟောင်းကို ကားပြန်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ဖူးဖူးက “ချစ်သူ သက်တမ်း (၁) နှစ်ပြည့်မှာ လက်ဆောင် ရခဲ့တဲ့ ကားလေးကို သူ နဲ့ အဆင်မပြေတော့တဲ့ အချိန်မှာ ပြန်ပေးဖြစ်ခဲ့တယ်။ သူပေးတုန်းက တရားဝင် ယူထားခဲ့တာ ဆိုတော့ ပြန်ပေးတဲ့ အချိန်မှာလည်း တရားဝင် ဖြစ်ချင်လို့ Facebook ပေါ် တင်ခဲ့တာပါ။ Popular ဖြစ်ချင်လို့ မဟုတ်ပါဘူး” လို့ ပြောလာခဲ့ပါတယ်။

ယခုအချိန်မှာတော့ Single ဘဝနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတေတဲ့ ဖူးဖူးရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်အကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

  • Leave a Comment

Categories